Xiaomi Car နမူနာ ဇူလိုင်လတွင် ပြသမည်
တရုတ်မိုဘိုင်းကုမ္ပဏီကြီး Xiaomi က ၂၀၂၄ ခုနှစ်တွင် ၎င်းရဲ့ အဦးဆုံး လျှပ်စစ်ကားေမာ်ဒယ်ကို ဈေးကွက်မှာ ရောင်းချမယ်ဆိုတဲ့ ကတိကဝတ်ကို ထပ်မံအတည်ပြုခဲ့ပါတယ်။
ကုမ္ပဏီက လျှပ်စစ်ကား ထုတ်လုပ်ရေး လုပ်ကိုင်မယ်လို့ ၂၀၂၁ မှာ ကြေညာခဲ့ပါတယ်။၂၀၂၄ မှာ စတင်ရောင်းချမယ်လို့ ဆိုပါတယ်။ ၃ နှစ်တာအချိန်ကာလဖြင့် ကားမထုတ်ဖူးတဲ့ လုပ်ငန်းတသ်ခုက လျှပ်စစ်ကား ထုတ်လုပ်မယ်ဆိုတာ ဖြစ်နိုင်မှာလားလို့ သံသယ ဝင်စရာ ကောင်းနေပါတယ်။
Xiaomi Car project ကို လူအင်အား ၁,၀၀၀ ကျော် သုံးစွဲပြီး လုပ်ကိုင်လျက်ရှိပါတယ်။
Xiaomi က ၂၀၂၄ မှာ ပထမဆုံးလျှပ်စစ်ကား စတင်ရောင်းချနိုင်မယ်ဆိုတာ ထပ်မံအတည်ပြု ပြောကြားပါတယ်။
GizChina မီဒီယာမှာ Xiaomi က နမူနာကားမော်ဒယ်ကို ၂၀၂၂ တတိယသုံးလပတ်မှာ ပြသဖို့အတွက်လည်း အချိန်ရွေ့ဆိုင်းမှာ မဟုတ်ကြောင်း၊ လျာထားတဲ့ ဖွံ့ဖြိုးမှု အချိန်ဇယားအတိုင်း လုပ်ကိုပ်နေကြောင်း သတင်းဖော်ပြထားပါတယ်။ ဖွံ့ဖြိုးရေးမှာ အောင်မြင်မှုများ ရရှိခဲ့ကြောင်း Xiaomi ရဲ့ ဘီဂျင်းရုံးချုပ်က ပြောကြားခဲ့ပါတယ်။ ၂၀၂၂ ဇူလိုင်လမှာ ကားအသစ် ရှေ့ပြေးပုံစံ နမူနာကို ပွဲထုတ်ဖို့လည်း မျှော်လင့်ထားပါတယ်။
အခုအခါ အသေးစိတ်အချက်အလက်တွေ သိဖို့ စောလွန်းနေပါသေးတယ်။ ရောင်းဈေးကို ယွမ် ၁၀၀,၀၀၀ နှင့် ၃၀၀,၀၀၀ (16,000 ~ 47,000) ကြားမှာ ရှိလိမ့်မယ်လို့ ခန့်မှန်းပါတယ်။
လျှပ်စစ်ကားထုတ်လုပ်ရေးနယ်ပယ်ထဲ ဝင်ရောက်လာတဲ့ နည်းပညာလုပ်ငန်း Apple နှင့် Sony တို့က ၂၀၂၅ မှာ လျှပ်စစ်ကား စတင်ထုတ်လုပ်ဖို့ လျာထားပါတယ်။