စမတ်ဖုန်းနဲ့ Smart Devices ကဏ္ဍမှာ ထိပ်တန်းအမှတ်တံဆိပ်ဖြစ်တဲ့ Xiaomi ဟာ မော်တော်ယာဉ်လုပ်ငန်းထဲ ဝင်ရောက်ပြီး (၂)နှစ်မပြည့်ခင်ပဲ မှတ်ကျောက်တစ်ခုအနေနဲ့ EV ကားပေါင်း (၅သိန်းမြောက်) ကို ထုတ်လုပ်ပြီးသွားလို့ သိရပါတယ်။ ဒီ ၅သိန်းမြောက် ကားဟာ Xiaomi SU7 Ultra ဖြစ်ပြီး Beijing စက်ရုံကနေ တရားဝင်ထုတ်လုပ်လိုက်တာလည်းဖြစ်ပါတယ်။
Xiaomi SU7 ကို ၂၀၂၄ ခုနှစ်မှာ ပထမဆုံးမိတ်ဆက်ခဲ့ပြီး တိုတောင်းလှတဲ့အချိန်လေးတစ်ခုအတွင်းမှာပဲ တရုတ်နိုင်ငံရဲ့ Premium EV Sedan Category ထဲမှာ အမြန်ဆုံး ရေပန်းစားလာတဲ့ Model တစ်ခုအဖြစ် represent လုပ်ထားနိုင်ခဲ့ပါတယ်။ စျေးနှုန်းယှဉ်ပြိုင်နိုင်မှု၊ စွမ်းဆောင်ရည်မြင့်မှု၊ Xiaomi ecosystem နဲ့ Seamless ချိတ်ဆက်မှုတို့ကြောင့် တစ်ကြိမ်ထွက် တစ်ကြိမ်အားပေးမှုအကြမ်းစားတွေပိုင်ဆိုင်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။
အော်ဒါမြင့်တက်မှုကို ဖြေရှင်းဖို့ Xiaomi က Beijing ကနေ ထုတ်လုပ်ရေးစက်ရုံ တွေကို ပိုမိုတိုးချဲ့ပြီး ၂၀၂၆ စက်မှုနှုန်းတိုးတက်ရေးအတွက်လည်း စီမံကိန်းများ ဆက်လက်ပြုလုပ်နေပါတယ်။
Xiaomi အနေနဲ့ ဒီmilestoneက Tesla, BYD, NIO တို့နဲ့ တန်းတူယှဉ်ပြိုင်နိုင်မယ့် EV Brand တစ်ခုအဖြစ်ကောင်းကောင်းကြီးကိုချပြနိုင်တဲ့အချက်တစ်ခု ဖြစ်လာပါတယ်။ ၂၀၃၀ အထိ Xiaomi ရဲ့ ရည်မှန်းချက်က “တရုတ်နိုင်ငံရဲ့ ထိပ်တန်း EV ထုတ်လုပ်သူ” ဖြစ်ဖို့ဆိုပြီးတော့လည်းပြောကြားခဲ့ပါတယ်။
Xiaomi ဟာ future ထဲမှာ—
SU7 အသစ်အမျိုးအစားတွေ
EV SUV Model အသစ်
Autonomous Driving Upgrade
Smart Device Ecosystem နဲ့ ပို Seamless ဖြစ်စေမည့် Integration
တို့ကို ထပ်မံမိတ်ဆက်ဖို့ အစီအစဉ်ထားပါတယ်။
စီးပွားရေးသုံးသပ်သူတွေကလည်း Xiaomi ရဲ့ တိုးတက်မှုအရှိန်ဟာ Industry newcomer တစ်ခုအနေနဲ့ ထူးခြားစွာ မြန်ဆန်နေတယ် လို့ သတ်မှတ်ပြီး ၅ သန်းမြောက် milestone က Xiaomi ကို တရုတ် EV စျေးကွက်ထဲက အမြန်ဆုံး တိုးတက်နေတဲ့ ကုမ္ပဏီတစ်ခုအဖြစ် အထောက်အကူဖြစ်လာမယ်လို့ ခန့်မှန်းထားပါတယ်။