Xiaomi  အီးဗီတွင် CALB နှင့် CATL  ဘက်ထရီ သုံးစွဲမည်


Xiaomi  အီးဗီတွင် CALB နှင့် CATL  ဘက်ထရီ သုံးစွဲမည်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL


Xiaomi သည် ၎င်း၏ အီးဗီအတွက် မူလက CATLမှ ဘက်ထရီကို   အဆင့် ၁ ဦးစားပေး ဘက်ထရီအဖြစ် ရွေးချယ်ခဲ့ပြီး ယခုအခါ ကုန်ကျစရိတ်လျှော့ချရန် ဈေးသက်သာသည့် CALB ကို အဆင့် ၁ ဦးစားပေး အဖြစ် ပြောင်းလဲ သတ်မှတ်ထားပါတယ်။

ယခင်က CATL က CALB ကို မူပိုင်ခွင့် ချိုးဖောက်မှုဖြင့် တရားစွဲဆိုပြီး တရားရင်ဆိုင်နေတဲ့အတွက် Xiaomi အီးဗီဌာနခွဲက CATL ထံမှ ဘက်ထရီကို သုံးစွဲဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
CATL ဘက်ထရီက ဈေးမြင့်ပါတယ်။ အီးဗီတစ်စီးအတွက် ပစ္စည်းဖိုး စုစုပေါင်းရဲ့ ထက်ဝက်နီးပါးကို CATL ဘက်ထရီအတွက် ကုန်ကျပါတယ်။

CALB နှင့် CATL အကြား မူပိုင်ခွင့် အငြင်းပွားမှု ပြီးဆုံးသွားခဲ့ပါတယ်။ 
တရုတ် ဉာဏပစ္စည်း မူပိုင်ခွင့် အာဏာပိုင်များသည် CATL ၏ မူပိုင်ခွင့် နှစ်ခုကို တရားဝင် ပယ်ဖျက်ခဲ့ပါတယ်။
CALB ဘက်ထရီအတွက် မူပိုင်ခွင့် ပြဿနာ ကင်းရှင်း သွားပါတယ်။
Xiaomi က ဘက်ထရီရွေးချယ်မှုကို ပြင်ဆင်သန်မှတ်လိုက်ပါတယ်။ CALB ဘက်ထရီ ပထမ၊ CATL ဘက်ထရီ ဒုတိယအဖြစ် ရွေးချယ် သတ်မှတ်ပါတယ်။

တရုတ်ပြည် အီးဗီဘက်ထရီ လုပ်ငန်းကဏ္ဍမှာ ဘက်ထရီ သုံးစွဲမှုအရ CATL က ပထမ၊ BYD က ဒုတိယဖြစ်ပြီး CALB က တတိယ ဖြစ်ပါတယ်။


Source CnEVData

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 450 times