Xiaomi ပေကျင်း ကားစက်ရုံ တည်ဆောက်မှု ပြီးစီး


Xiaomi ပေကျင်း ကားစက်ရုံ တည်ဆောက်မှု ပြီးစီး

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

စမတ်ဖုန်း ထုတ်လုပ်သူအဖြစ် လူသိများသော တရုတ်နည်းပညာကုမ္ပဏီကြီး Xiaomi သည် ပေကျင်း စီးပွားရေး-နည်းပညာဖွံ့ဖြိုးတိုးတက်ရေးဧရိယာ Economic-Technological Development Area တွင် မော်တော်ယာဥ်စက်ရုံကို တည်ဆောက်ပြီးစီးသွားပြီ ဖြစ်သည်။

ဝန်ထမ်းများသည် လာမည့်နှစ် ပထမနှစ်ဝက်တွင် အီးဗီ အမြောက်အမြား ထုတ်လုပ်မှု စတင်ရန် စီစဉ်နေပြီ ဖြစ်သည်။

Xiaomi Automobile သည် ဩဂုတ်လ ၂ ရက်တွင် တရားဝင် ဝဘ်ဆိုက်အတွက်   ဒိုမိန်းအမည်  'xiaomiev.com' ကို ရယူထားသည်။

Xiaomi ၏ President ဖြစ်သူ Lu Weibing က ရေရှည်အစီအစဉ် ရေးဆွဲထားရာ၌ Xiaomi Automobile သည် ကမ္ဘာ့ထိပ်တန်း (၅) အီးဗီ ထုတ်လုပ်သူ စာရင်းတွင် ပါဝင်ဖို့ ရည်မှန်းချက် ထားရှိကြောင်း ဩဂုတ်လ ၃၀ ရက်တွင် ပြောကြားခဲ့သည်။ 

၂၀၂၁ ခုနှစ် မတ်လတွင် Xiaomi သည် လာမည့် ၁၀ နှစ်တာအတွင်း မော်တော်ယာဥ်ကဏ္ဍတွင် အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံ ရင်းနှီးမြှုပ်နှံမည်ဟု ကြေညာခဲ့သည်။ ကနဦး ရင်းနှီးမြှုပ်နှံမှုမှာ ယွမ် ၁၀ ဘီလီယံ(ကန်ဒေါ်လာ ၁.၄ ဘီလီယံ) ဖြစ်ပါသည်။

ကားစက်ရုံစီမံကိန်းကို အဆင့် ၂ ဆင့်ဖြင့် အကောင်အထည်ဖော်သည်။ ပထမအဆင့်ကို ၂၀၂၂ ခုနှစ် ဧပြီလတွင် စတင်ပြီး ၂၀၂၃ ခုနှစ် ဇွန်လတွင် အကြမ်းထည် ပြီးစီးခဲ့သည်။ ယခုအခါ စက်ရုံအတွင်းပိုင်းကို အချောသတ်နေသည်။
ဒုတိယအဆင့်ကို ၂၀၂၄ ခုနှစ်တွင် စတင်ဆောက်လုပ်မည်။ ၂၀၂၅ ခုနှစ်တွင် အပြီးသတ်မည်။

Source Yicai Global 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 664 times