Wuling Bingo EV အင်ဒိုနီးရှားတွင် စတင်ရောင်းချ


Wuling Bingo EV အင်ဒိုနီးရှားတွင် စတင်ရောင်းချ

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Wuling သည် Wuling Bingo EV မော်ဒယ် ကို ဒီဇင်ဘာ ၁၅ ရက်က အင်ဒိုနီးရှားနိုင်ငံ ဂျကာတာတွင် စတင်အ‌ေရာင်းဖွင့်ခဲ့သည်။
စွမ်းအင်သစ် မော်တော်ယာဉ် မော်ဒယ်များ ဖြစ်သည့် Wuling Air EV နှင့် Wuling Bingo တို့ကို အင်ဒိုနီးရှားတွင် တပ်ဆင်ထုတ်လုပ်ပြီး အင်ဒိုနီးရှား ဈေးကွက်တွင် စတင်ရောင်းချခဲ့သည်။


 Wuling Bingo EV ဈေးနှုန်းမှာ ရူပီယာ ၃၅၈ သန်းမှ ၄၀၈ သန်းအထိ (USD 23,100 - 26,300) ဖြစ်ပါသည်။
၎င်းမော်ဒယ် တရုတ်ပြည် ရောင်းဈေးမှာ ယွမ် ၅၉,၈၀၀ မှ ၈၈,၈၀၀ အထိ (USD 8,400 - 12,500) ဖြစ်ပါသည်။
အင်ဒိုနီးရှားတွင် ဈေးမြင့်နေရသည်မှာ သယ်ယူပို့ဆောင်စရိတ်၊ အခွန်အခများ၊ ဖြန့်ဖြူးရေးစရိတ်တို့သည် အင်ဒိုနီးရှားတွင် တရုတ်ပြည်ထက် ပိုများသောကြောင့်ဟု ဆိုပါသည်။ 
 
 Wuling Bingo EV  အမှာစာများကို နိုဝင်ဘာလ ၁၆ ရက်တွင် စတင်လက်ခံခဲ့ပါသည်။ ယခုအခါ တလကြာပြီးချိန်တွင် အမှာစာ အစီးရေ ၃,၀၀၀ ကျော် လက်ခံရရှိထားပါသည်။

ယခင် Wuling Air EV ကို အမှာစာ လက်ခံစဉ်က အစီးရေ ၂,၀၀၀ ကျော် ရရှိခဲ့ပါသည်။

Source: Wuling

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read 290 times