Wuling ရဲ့ ကမ္ဘာ့ဈေးကွက်ထဲ မောင်းဝင်မယ့် Air EV


ကမ္ဘာ့ဈေးကွက်ထဲ မောင်းဝင်မယ့် Air EV

 

SGMW ကို ၂၀၀၂ ခုနှစ် နိုဝင်ဘာလတွင် စတင်တည်ထောင်ခဲ့ပြီး ပြည်တွင်းလုပ်ဖော်ကိုင်ဖက်နှစ်ဦးဖြစ်သော SAIC Motor Corporation Limited နှင့် Liuzhou Wuling Motors Co Limited နှင့် နိုင်ငံခြားကုမ္ပဏီတစ်ခုဖြစ်တဲ့ GM China တို့ ပါဝင်တဲ့ သုံးပွင့်ဆိုင်ဖက်စပ်လုပ်ငန်းတစ်ခုဖြစ်ပါတယ်။  General Motors Global Manufacturing System ကို လိုက်နာကျင့်သုံးပါတယ်။ 

 SGMW   က  Air EV Indonesia ကို ထုတ်ဖော်ပြသခြင်းဖြင့် ကမ္ဘာဈေးကွက်ထဲ မောင်းဝင်ဖို့ ဘီးတွေ စလှိမ့်လိုက်ပါတယ်။

Wuling Hong Guang MINI EV က တရုတ်ပြည်တွင်း ကားဈေးကွက်ထဲမှာ နာမည်ကြီးပေမဲ့ တရုတ်နိုင်ငံ ပြင်ပမှာတော့ လူသိနည်းနေဆဲ ဖြစ်ပါတယ်။ တရုတ်ပြည်တွင်း ဈေးကွက်မှာ စီးရေ တစ်သန်းကျော် ရောင်းချခဲ့ပြီးပြီ ဖြစ်ပါတယ်။ 

ယခု အင်ဒိုနီးရှားမှာ Air EV  မော်ဒယ်ကို ပွဲထုတ်ပါတယ်။ နောက်ထပ်တိုးချဲ့ဖို့ အိန္ဒိယနှင့် အီဂျစ် ဈေးကွက် နှစ်ခုကို လျာထားပါတယ်။

အင်ဒိုနီးရှားမှာ တပ်ဆင်ထုတ်လုပ်တဲ့ Air EV  ကို G20  ထိပ်သီးအစည်းအဝေးရဲ့ တရားဝင်ကားအဖြစ် သုံးစွဲမှာ ဖြစ်ပါတယ်။

Air EV  က တံခါး ၂ ပေါက် လျှပ်စစ်ကားငယ်က မြို့တွင်းစီးအဖြစ် ရည်ရွယ်ထုတ်လုပ်ထားပါတယ်။ ၄ ယောက်စီးဖြစ်ပြီး  40 hp ပါဝါရှိ မော်တာတစ်လုံး တပ်ဆင်ပေးထားပါတယ်။ ရှေ့ဘီးယက် ဖြစ်ပြီး ခရီးတာ ၁၈၆ မိုင် သွားနိုင်ပါတယ်။ 

#MyanmarAutomobileGuide

 

 Telegram Channel https://t.me/Guid4U

Source:  sgmw.com

 

Read 757 times