Wuling Air EV အာဆီယံဈေးကွက်အတွက် အင်ဒိုနီးရှားမှာ ခြေကုပ်ရယူ


Wuling Air EV အာဆီယံဈေးကွက်အတွက် အင်ဒိုနီးရှားမှာ ခြေကုပ်ရယူ

တရုတ်ကားထုတ်လုပ်ရေး လုပ်ငန်းများ အာဆီယံဈေးကွက်ထဲမှာ နေရာရလာပါတယ်။ လွန်ခဲ့တဲ့ နှစ်အနည်းက ဝင်ရောက်ခဲ့တဲ့ brand အချို့ရဲ့ ရောင်းအား ကြီးထွားလာနေပါတယ်။

Wuling Motors က  SAIC-GM-Wuling (SGMW) ဖက်စပ်လုပ်ငန်းမှ တစ်ဆင့် အင်ဒိုနီးရှားမှာ ခြေကုပ်ယူပြီး အင်ဒိုနီးရှား ပြည်တွင်းဈေးကွက်အတွက်သာမက အာဆီယံနိုင်ငံများသို့ ကားများ တင်ပို့ဖို့အထိ ထုတ်လုပ်မှာ ဖြစ်ပါတယ်။ အင်ဒိုနီးရှားမှာ မီနီအီးဗီမော်ဒယ်များကို CKD (Completed Knock Down) ဖြင့် တပ်ဆင် ထုတ်လုပ်ပြီး အာဆီယံနိုင်ငံများသို့ တင်ပို့တဲ့အခါ ASEAN Free Trade Area (AFTA) သဘောတူညီချက်အရ သွင်းကုန်ခွန် ကင်းလွတ်ခွင့် duty-free ကုန်သွယ်မှု အခွင့်အရေးကို ရရှိမှာ ဖြစ်ပါတယ်။

 


GM ရဲ့  အင်ဒိုနီးရှားအတွက်  EV Minicar အသစ်များ

အင်ဒိုနီးရှား‌ေဈးကွက်အတွက် Wuling EV ကို အင်ဒိုနီးရှားမှာ CKD ဗားရှင်း ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ ဘက်ထရီက ကီလိုမီတာ ၃၀၀ အထိ သွားနိုင်ပြီး အနာဂတ်ဆန်ဆန် ကားဒီဇိုင်း ဖြစ်ပါတယ်။

တရုတ်နိုင်ငံမှ ကားထုတ်လုပ်သူ Wuling က တရုတ်ပြည်တွင်းဈေးကွက်မှာ လူကြိုက်အရမ်းများတဲ့ Wuling Hongguang Mini EV ကို အင်ဒိုနီးရှားဈေးကွက်အတွက် ထုတ်လုပ်တဲ့အခါ အပြောင်းအလဲတွေ ထည့်ပေးထားပါတယ်။
လျှပ်စစ်ကားငယ်ကို Wuling EV လို့ပဲ ရိုးရိုးရှင်းရှင်း မော်ဒယ်အမည် ပေးထားပါတယ်။

 

 

မီနီအီးဗီ စတင်ထုတ်လုပ်
 SAIC-GM-Wuling ကုမ္ပဏီ ၃ ခု ဖက်စပ်လုပ်ငန်းက ၂၀၁၇ မှာ တရုတ်ပြည်တွင်း ဈေးကွက်ထဲသို့ MPV အမျိုးအစား မော်ဒယ်များဖြင့် မောင်းဝင်ခဲ့ပါတယ်။ 
 ယမန်နှစ်က မိုက်ခရိုအီးဗီများကို Global Small Electric Vehicle (GSEV) အပေါ် အ‌ခြေခံပြီး ထုတ်လုပ်မယ်လို့ ကြေညာပါတယ်။
 အီးဗီအရွယ်ငယ်ငယ်တွေ ထုတ်လုပ်ရင် အစိုးရက ပေးအပ်တဲ့ ရက်ရက်‌ေရာ‌ေရာ မက်လုံးတွေကို ရယူ အသုံးချပါတယ်။
တရုတ်ပြည်ကားဈေးကွက်ထဲ အရောင်းရဆုံးကား ဖြစ်လာခဲ့ပြီးတဲ့နောက်မှာ ပြည်ပဈေးကွက်တွေထဲ မောင်းနှင်ရာမှာ အင်ဒိုနီးရှား နိုင်ငံ အနောက်ဂျာဗားကျွန်းပေါ်မှ ဘီကာစီမှာ တည်ရှိတဲ့ စီကာရမ်ကားစက်ရုံကို အသုံးပြုပြီး Wuling EV နှင့် Air ev တို့ကို ထုတ်လုပ်မှာ ဖြစ်ပါတယ်။

အင်ဒိုနီးရှားဈေးကွက်ဗားရှင်းက မူရင်းမူလ Wuling Hongguang Mini EV နှင့် အတော်ကွာခြားပါတယ်။ ပုံပန်းသဏ္ဍာန် တူပေမဲ့ တည်ဆောက်ထားပုံ ကွာခြားတယ်လို့ ဆိုပါတယ်။ Wuling Air ev က Wuling ev ထက် နည်းနည်းပိုကြီးပြီး ပါဝါလည်း 25kW ပိုများပါတယ်။
Wuling Air ev  ရောင်းဈေးက အမေရိကန်ဒေါ်လာ ၁၉,၀၀၀ ကျော်လို့ သတင်းထွက်ပေါ်ပါတယ်။

 

စီးတော်ယာဉ်
၂၀၂၂ နိုဝင်ဘာလမှာ ကျင်းပမယ့် 2022 G20 Summit ထိပ်သီးအစည်းအဝေးမှာ သုံးစွဲဖို့ Wuling Air EV ကို စီးတော်ယာဉ်အဖြစ် ရွေးချယ်ထားပါတယ်။ 
နောက်ထပ်လာဖို့ရှိတဲ့ မီနီအီးဗီတွေက  Wuling MINI EV, Wuling Nano EV,  Baojun KiWi EV တို့ ဖြစ်ပါတယ်။ 

 

အဓိကပြိုင်ဘက်

Wuling  Mini EV တွေအတွက် အဓိက အကြိတ်အနယ်ပြိုင်ဘက်တွေက Chery နှင့် ၎င်းရဲ့  QQ Wujie Pro  မော်ဒယ်အသစ် ဖြစ်ပါတယ်။

MyanmarAutomobileGuide 

 

 

 

 

Read 4422 times