ငဖဲမြို့ အသွား အလာ တားမြစ်ကန့်သတ်သည့် နယ်မြေအဖြစ် သတ်မှတ်လိုက်ပြီ


မကွေးတိုင်းဒေသကြီး ၊ ငဖဲမြို့နယ်ကျန်းမာ ရေးဦးစီးဌာနက ကိုဗစ်-၁၉ ကြိုတင်ကာကွယ် ရေးနှင့်ရောဂါကူးစက်ပြန့်နှံ့မှုထိန်းချုပ်နိုင်ရေးတို့အတွက် ငဖဲမြို့ မြို့ပေါ်ရပ်ကွက်အားလုံးကို ဇန်နဝါရီလ ၂၉ ရက်နေ့ မွန်းတည့် ၁၂ နာရီအချိန်မှ စတင်၍ အသွားအလာတားမြစ် ကန့် သတ်သည့် နယ်မြေအဖြစ် သတ်မှတ်ထုတ်ပြန်ကြေငြာလိုက်ကြောင်း သိရသည်။

ဇန်နဝါရီလ ၂၈ ရက်​နေ့က အနံ့မရရှိသူများ

ကို RDT Test Kit ​​ဖြင့် စစ်ဆေးခဲ့ရာ ဌာနဆိုင်ရာဝန်ထမ်း(၃)ဦး အပါအဝင် လူ(၈)ဦး

တွင် ကိုဗစ်ပိုးတွေ့ရှိခဲ့ပြီး ယနေ့နံနက်ပိုင်းတွင်

မြို့နယ်ပြည်သူ့ဆေးရုံကြီး၌ ပိုးတွေ့သူများနှင့် ထိစပ်မိသူများကို ထပ်မံစစ်ဆေးရာမှာ ကိုဗစ်လူနာ(၁၁)ဦး ထပ်တိုးတွေ့ရှိခဲ့သည်။

" မြို့ပေါ် ရပ်ကွက်အတွင်း ပိုးတွေ့လူနာများစွာ တွေ့ရှိခဲ့တဲ့အတွက် ပိုးတွေ့လူနာနဲ့ ထိစပ်မိသူတွေ အများအပြားရှိလာတာဖြစ်ပါတယ်၊

ဒါကြောင့် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်မှုပျံ့နှံ့မှု မရှိစေဖို့ ငဖဲမြို့ပေါ် ရပ်ကွက်အား လုံးကို ဒီနေ့မွန်းတည့် ၁၂ နာရီ အချိန်ကစပြီး အသွား အလာတားမြစ်ကန့်သတ်တဲ့ နယ်မြေအဖြစ် သတ်မှတ်ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ် '' ဟု

ငဖဲမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာထင်ကျော်က ပြောကြားသည်။

လက်ရှိတွင် ပိုးတွေ့အတည်ပြုလူနာများနှင့် ထိစပ်မိသူများအား ငဖဲမြို့အခြေခံပညာအထက်တန်းကျောင်းတွင် Facility Quarntine ထားရှိပြီး၊ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ(၁၉)ဦးမှာ ငဖဲမြို့ပြည်သူ့ဆေးရုံတွင် ထားရှိပြီး ဆေးဝါးကုသမှုကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။

IPRD ငဖဲ

Read 497 times