ကားထဲကို ဆီမှားထည့်မိပြီဆိုရင်


ဓာတ်ဆီ၊ ဒီဇယ်မှားယွင်းပြီး ထည့်မိတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဆီမှားထည့်တဲ့ အခါမှာလည်း အင်ဂျင် အမျိုးအစားပေါ် မူတည်ပြီး ပျက်စီးမှုအနေအထားလည်း ကွာခြားတတ်တာမို့ ကားထဲ ဆီမှားထည့် မိရင် ဘာတွေဖြစ်တတ်တယ်ဆိုတာ ဖော်ပြပေးလိုက်ပါတယ်။

ဆီမှားထည့်မိပြီဆိုတာ သိလိုက်တာနဲ့ စက်နှိုးဖို့ စိတ်မကူးပါနဲ့တော့။ စက်နှိုးခဲ့တယ်ဆိုရင် အင်ဂျင်ကို ထိခိုက်ပျက်စီးမှုများစေမှာ ဖြစ်တဲ့အ တွက် ပြင်ဆင်စရိတ်စကတွေ အများကြီးတက်လာတော့မယ်ဆိုတာ သိထားပါ။

ကားတန်းပြီးမောင်းမိတယ်ဆိုရင်လည်း ရောက်တဲ့နေရာမှာ လွတ် လွတ်ကင်းကင်း ချက်ချင်းရပ်လိုက်ပြီး ကားသော့သာတန်းဖြုတ်ထား လိုက်ပါ။ ဆီမှားထည့်မိတယ်ဆိုရင် ရုတ်တရက် အရှိန်နှုန်းလျော့ကျသွား တာတို့၊ အင်ဂျင်မီးဖောက်တာတို့၊ အိတ်ဇောကနေ မီးခိုးတွေ အရမ်း ထွက်လာတာတို့ ဖြစ်လာတတ်ပါတယ်။

ဓာတ်ဆီတိုင်ကီထဲကို ဒီဇယ်ထည့်ဖို့ ခက်ခဲပါတယ်။ ဒီဇယ်ပန့်ခေါင်းက ဓာတ်ဆီတိုင်ကီနဲ့ အံဝင်ခွင်ကျမဖြစ်တဲ့အတွက် ဆီမှားထည့်တော့မယ်ဆို ရင်တော့ သတိပြုမိနိုင်ပါတယ်။ ဒီဇင်အင်ဂျင်ကားထဲကို ဓာတ်ဆီမှား ထည့်မိရင် ဓာတ်ဆီအင်ဂျင်ကို ဒီဇယ်မှားထည့်မိတာထက် ပျက်စီးမှုပို များပါတယ်။

ဆီမှားထည့်တဲ့ ပြဿနာကြုံရပြီဆိုရင် တတ်ကျွမ်းနားလည်သူရဲ့ အကူအညီယူပြီး အမြန်ဆုံးပြင်ဆင်ဖို့လိုပါတယ်။ မဟုတ်ရင်တော့ ကိုယ်ထင် ရာလုပ်မိရင် တခြားအစိတ်အပိုင်းတွေပါ ပျက်စီးကုန်ပြီး ပြင်မဆုံးနိုင်ဖြစ် တတ်လို့ပါ။

Read 1319 times