လက်သည်းခွံအရွယ် 'ကမ္ဘာ့အသေးဆုံး နံပါတ်ပြား' တပ်ဆင်သည့် မလေးရှားဆိုင်ကယ်သမားအား အရေးယူ
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL
နံပါတ်ပြား စိတ်ကြိုက် ပြုပြင်ခြင်းသည် မလေးရှားတွင် တရားဝင် လုပ်ခွင့် ရှိသည်။
သို့သော် နံပါတ်ကို မမြင်သာအောင် ပြုပြင်ထားခြင်းကို ဥပဒေက ခွင့်ပြုမထားပါ။
နံပါတ်ပြားသည် လက်သည်းခွံအရွယ် သေးငယ်ပြီး နံပါတ်များကို မြင်ဖို့ ခဲယဉ်းနေစေသဖြင့် ရဲက အရေးယူခဲ့သည်။

ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနက စက်တင်ဘာ ၂ ရက်က ဆီလန်ဂေါတွင် ဆိုင်ကယ်စီးသူများကို စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း၊ Yamaha ဆိုင်ကယ်နောက်ဘက် နံပါတ်ပြားအသေးလေး တွေ့ရှိခဲ့သဖြင့် အရေးယူခဲ့ကြောင်း ပြောကြားသည်။
ဆိုင်ကယ်ပိုင်ရှင်ကို မည်သူမည်ဝါ အမည်မဖော်သော်လည်း ရဲများက နံပါတ်ပြားဓာတ်ပုံများကို ထုတ်ပြန်ခဲ့သည်။
စစ်ဆေးမှုများအတွင်း ဆိုင်ကယ်အစီး ၂၀၀ ကျော် သိမ်းဆည်းရမိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။ ၆၄၂ ဦးကို ဒဏ်ရိုက်ခဲ့သည်။
Source businessinsider
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL