ကမ္ဘာ့စျေးအကြီးဆုံး နံပါတ်ပြား ဒါဟမ် ၅၅ သန်းဖြင့် လေလံဆွဲ
ကမ္ဘာ့စျေးအကြီးဆုံး နံပါတ်ပြားကို ယူအေအီးနိုင်ငံသုံးငွေ ဒါဟမ် ၅၅ သန်းဖြင့် အမည်မဖော်လိုသူတစ်ဦးက လေလံဆွဲခဲ့ပါသည်။
.
ယူအေးအီးတွင် အက္ခရာတစ်လုံးနှင့် ဂဏန်းတစ်လုံးပါသော ဒူဘိုင်းကားနံပါတ်ပြား Dubai 'P7' ကို လေလံပစ်ခဲ့ရာ ဒါဟမ် ၅၅ သန်း (ကန်ဒေါ်လာ ၁၅ သန်း)ဖြင့် လေလံဆွဲခဲ့ပါသည်။
.
ယခင် ဒူဘိုင်းနံပါတ်ပြား ဈေးအကြီးဆုံး စံချိန်မှာ ၂၀၀၈ ခုနှစ်တွင် လေလံပစ်ခဲ့သည့် Dubai '1' ဖြစ်ပါသည်။ ဒါဟမ် ၅၂.၂ သန်း(ကန်ဒေါ်လာ ၁၄.၂ သန်း)ဖြင့် လေလံဆွဲခဲ့ပါသည်။
.
P7 နံပါတ်ပြားကို ကြော်ငြာရန် အစီး ၄၀ သာ ထုတ်လုပ်သည့် Bugatti Divo တစ်စီးတွင် တပ်ဆင်ပြီး ပြသခဲ့ပါသည်။ Bugatti Divo အခြေခံ ဈေးနှုန်းမှာ ကန်ဒေါ်လာ ၄.၅ သန်း ဖြစ်ပါသည်။
.
'အမွန်မြတ်ဆုံးနံပါတ်များ' 'Most Noble Numbers' လေလံပွဲသည် "1 Billion Meals Endowment " စားနပ်ရိက္ခာ အကူအညီ ပရဟိတရန်ပုံငွေ အတွက် ဖြစ်ပြီး ၎င်းပရဟိတလုပ်ငန်းကို ယူအေအီး နိုင်ငံအကြီးအကဲနှင့် ဝန်ကြီးချုပ် Sheikh Mohammed bin Rashid က စပွန်ဆာ ပေးထားပါသည်။
.
ဧပြီလ ၄ ရက်မှ ၁၀ ရက်အထိ ကျင်းပခဲ့သော ၎င်းလေလံပွဲတွင် ကားနံပါတ်ပြားများကို လေလံပစ်ခဲ့ရာ စုစုပေါင်း ဒါဟမ် ၉၇.၉၂ သန်း ရရှိပါသည်။
Source drive cnn