ပြင်သစ်နိုင်ငံအနီးကျွန်းဆွယ်တစ်ခုမှာ Grande America ဆိုတဲ့ ကုန်တင်သင်္ဘောတစ်စင်း နစ်မြုပ်ခဲ့ပါတယ်။ မီးလောင်မှုကြောင့်နစ်မြုပ်ခဲ့တာဖြစ်ပြီး အဆိုပါနစ်မြုပ်မှု ကြောင့်ဒေါ်လာသန်းနီချီပြီးဆုံးရှုံးခဲ့ရပါတယ်။
အဆိုပါသဘောၤအနေနဲ့ ဝန်ထမ်း ၂၇ ယောက်နဲ့အတူ တန်ဖိုးမြင့်နာမည်ကြီးကားအစီးရေ ၂,၂၀၀ နီးပါးကို သယ်ဆောင်လာခဲ့တာလည်းဖြစ်ပါတယ်။ ဝန်ထမ်း ၂၇ ယောက်ကိုတော့ဗြိတိန်တော်ဝင်ရေတပ်က ကယ်ဆယ်နိုင်ခဲ့ပြီး ကားတွေကိုတော့ ဆုံးရှုံးခဲ့ရပါတယ်။ Grande America အနေနဲ့ဂျာမနီအခြေစိုက် Audi နဲ့ Porsche အမှတ်တံဆိပ်ကားအများစုပါဝင်တဲ့ ကားတွေကိုဂျာမနီနိုင်ငံကနေ ဟမ်းဘတ်မြို့ကနေ ဘရားဇီးနိုင်ငံဆန်းတို့မြို့သို့ ပို့ဆောင်ပေးနိုင်ဖို့ထွက်ခွာခဲ့တာလည်းဖြစ်ပါတယ်။
ကားအများစုက Brand New တွေဖြစ်ပြီး Audi အမှတ်တံဆိပ်အနေနဲ့ Audi A3s ၊ Audi A5s ၊ Q7s ၊ RS4s နဲ့ RS5s စတဲ့ကားတွေပါဝင်ခဲ့ပါတယ်။ Porsche အနေနဲ့ကတော့ စုစုပေါင်း ကားအစီးရေ ၃၇ စီးကိုဆုံးရှုံးခဲ့ရပြီး တန်ကြေး ပေါင် ၈.၁သန်း လောက်အထိဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်။ ဒီထဲမှာတော့ ရှားရှားပါးပါးကန့်သတ်အစီး ရေနဲ့ထုတ်လုပ်တဲ့ Porsche 911 GT2 RS ကားအမျိုးအစားလည်းပါဝင်ခဲ့ပြီး တစ်စီးရဲ့တန်ကြေးကတော့ ပေါင် ၂.၂သိန်း အထိရှိမှာဖြစ်ပါတယ်။ အဆိုပါကားမျိုး ၄ စီးပါဝင်ခဲ့တယ်လို့လည်း သတင်းတွေရဲ့ဖော်ပြမှုအရသိရ ပါတယ်။
ယင်းကားအမျိုးအစားဟာ 911 မျိုးဆက်ရဲ့စွမ်းဆောင်ရည်အမြင့်ဆုံးကားအမျိုးအစားဖြစ်ပြီး သတ်မှတ်စံနှုန်း 0-60 mph ကို ၂.၇စက္ကန့်နဲ့ရောက်ရှိအရှိန်တင်နိုင်ပြီး အမြင့်ဆုံးရှိန်နှုန်းအဖြစ် 211 mph အထိ မောင်းနှင်နိုင်မှာဖြစ်ပါတယ်။ Porsche ရဲ့တာဝန်ရှိသူတစ်ဦးကတော့ ကျွန်တာ်တို့အနေနဲ့ ဝယ်သူလက်ထဲသို့ အရောက်ပေးဆောင်နိုင်ရမယ်ဆိုတဲ့ကတိကို အကောင်အထည်ဖော်နိုင်ဖို့အတွက် ဆုံးရှုံးခဲ့ရတဲ့ကားတွေကို ပြန်လည်ထုတ်လုပ်ဖို့ ပြင်ဆင်နေပြီဖြစ်ပါတယ်လို့ ပြောဆိုသွားခဲ့ပါတယ်။



Ref;Mirror