ကမ္ဘာဈေးအကြီးဆုံး SUV ကားကတော့ Karlmann King ဖြစ်ပြီး အမေရိကန်ဒေါ်လာ နှစ်သန်းဝန်းကျင်တန်ဖိုးရှိပါတယ်။
ခြောက်ရာစုခေတ် ပြင်သစ်ဘုရင်ဖြစ်တဲ့ Carloman 1 ကို အစွဲပြုပြီး Karlmann King လို့ အမည်ပေးထားပါတယ်။
Ford F-550 ထရပ်ကားကို အခြေခံပြီး တည်ဆောက်ထားတာ ဖြစ်ပါတယ်။
တရုတ်နိုင်ငံ၊ ဘေဂျင်းအခြေစိုက် IAT Automobile Technology က ဒီဇိုင်းရေးဆွဲထုတ်လုပ်ထားတာ ဖြစ်ပါတယ်။
ယာဉ်ရဲ့ အရည်က ၅၉၉၀ မီလီမီတာရှိပြီး Wheelbase ကတော့ ၃၆၉၁ မီလီမီတာ ရှိပါတယ်။
လင်းနို့လူသားရုပ်ရှင်ဇာတ်ကားထဲမှ ကားနှင့် ဆင်တူအောင် ကာဘွန်ဖိုက်ဘာနဲ့ သံမဏိတွေ အသုံးပြုပြီး အချွန်အတက်ဒီဇိုင်းတွေနဲ့ ဖန်တီးထားပါတယ်။
အနက်ရောင်ကိုယ်ထည်ကြောင့် ကိုယ်ပျောက်ကားတစ်စီးလို ပုံထွက်နေပါတယ်။
အလေးချိန် ၄၅၀၀ ကီလိုဂရမ်ရှိပြီး ကျည်ကာကိုယ်ထည်နဲ့ဆိုရင် ၆၀၀၀ ကီလိုဂရမ်ထိရှိပါတယ်။
၆.၈ လီဝီက V10 ဓာတ်ဆီအင်ဂျင်ကို အသုံးပြုထားပါတယ်။
အော်တိုဂီယာခြောက်ချက် ပြောင်းလဲအသုံးပြုနိုင်ပါတယ်။
မြင်းကောင်ရည် ၃၆၀ အားရှိပြီး အမြင့်ဆုံး အမြန်နှုန်း တစ်နာရီကို ၁၄၀ ကီလိုမီတာအထိ မောင်းနှင်နိုင်ပါတယ်။
အတွင်းခန်းရဲ့ အပြင်အဆင်ကတော့ ဟိုတယ်တစ်ခုထဲ ရောက်နေရသလို ခံစားရမှာ ဖြစ်ပါတယ်။
လူလေးယောက်စီးနင်းနိုင်တဲ့ ဇိမ်ခံထိုင်ခုံတွေက စိတ်ကြိုက်အရောင်မျိုးစုံ ရွေးချယ်နိုင်သလို ရှမ်ပိန်ပုလင်းနဲ့ ဖန်ခွက်တွေထားဖို့ ရေခဲသေတ္တာ၊ Expresso ကော်ဖီဖျော်စက်တွေအပြင်၊ Playstation 4 ဂိမ်းစက်လည်း တပ်ဆင်ပေးထားပါတယ်။
Hi-FI Sound, 4KUHD intelligent LCTV, central handrail screen display, private safes, phone projection system, satellite TV နဲ့ satellite phone တွေ ပါရှိပါတယ်။
စိတ်ခံစားမှုအပေါ်မူတည်ပြီး ပြောင်းလဲပေးနိုင်တဲ့အတွင်းခန်း နီယွန်မီးအလင်းရောင်၊ အော်တိုလေအေးပေးစနစ်တွေပါရှိသလို SOS emergency ခေါ်ဆိုတာတွေကို စမတ်ဖုန်းနဲ့ ချိန်ညှိလုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။
တစ်ကမ္ဘာလုံးမှာ ၁၀ စီးပဲ ထုတ်လုပ်ထားတာဖြစ်ပါတယ်။