အီးဗီသို့ အရွှေ့အပြောင်းမှာ ဝန်ထမ်းအင်အား ထောင်ချီ လျှော့ချ
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
Chrysler ၏ မိခင်ကုမ္ပဏီ Stellantis NV က ၎င်း၏ အမေရိကန်မှ လခစား ဝန်ထမ်း ၁၃,၀၀၀ ထဲမှ အချို့ကို မိမိသဘောအလျောက် ခံစားခွင့် ရယူပြီး အလုပ်မှ နှုတ်ထွက်ကြရန် ကမ်းလှမ်းထားကြောင်း သောကြာနေ့ (အောက်တိုဘာ ၂၈)မှာ ပြောကြားခဲ့သည်။
အသက် ၅၅ နှင့်အထက်၊ လုပ်သက် အနည်းဆုံး ၁၀ နှစ် ရှိသူများ အကျုံးဝင်ပြီး ၂၀၂၂ ဒီဇင်ဘာလ ၅ ရက်သည် နောက်ဆုံးရက် ဖြစ်သည်။
ကမ္ဘာ့ စတုတ္ထအကြီးဆုံး ကားထုတ်လုပ်သူ Stellantis ကို PSA နှင့် Fiat Chrysler တို့ကို ပေါင်းစည်းပြီး ယမန်နှစ် နှစ်စပိုင်းတွင် ထူထောင်ခဲ့သည်။
"ခံစားခွင့်ပေးပြီး အလုပ်မှ နုတ်ထွက်ခိုင်းခြင်းသည် ရေရှည်တည်တံ့သော နည်းပညာသုံး ရွေ့လျားသွားလာနိုင်ရေးဆိုင်ရာ ကုမ္ပဏီ ဖြစ်လာရန် နှင့် ဓာတ်ငွေ့ထုတ်လွှတ်မှုနည်းသော မော်တော်ယာဉ်များတွင် စျေးကွက်ခေါင်းဆောင် ဖြစ်လာစေရန် ကျွန်ုပ်တို့၏ အသွင်ကူးပြောင်းမှု၏ တစ်စိတ်တစ်ပိုင်းဖြစ်ပါသည်"ဟု ကုမ္ပဏီက ကြေညာချက် ထုတ်ပြန်သည်။
.
Stellantis သည် စျေးကွက်တွင် အီးဗိ မော်ဒယ် ၇၅ ခုရှိလာသည်အထိ ထုတ်လုပ်ရန်၊ ၂၀၃၀ ခုနှစ်တွင် တစ်နှစ်လျှင် အီးဗီ အစီးရေ ငါးသန်းရောင်းချရန် စီစဉ်ထားသည်။
အဆိုပါ အီးဗီ အစီးရေ ငါးသန်းတွင် ၅၀% ကို အမေရိကန်တွင် ရောင်းချမည် ဖြစ်ပြီး အီးဗီနှင့် ပလပ်ထိုးဟိုက်ဘရစ် နှစ်မျိုးနှစ်စား ပါဝင်သည်။
..
Ford Motor Co သည် လခစားဝန်ထမ်း စုစုပေါင်း ၃,၀၀၀ ကို အလုပ်မှ ထုတ်ပယ်မည် ဖြစ်ကြောင်း ဩဂုတ်လတွင် ပြောကြားခဲ့သည်။
အများစုမှာ မြောက်အမေရိကနှင့် အိန္ဒိယတို့မှ ဝန်ထမ်းများ ဖြစ်သည်။ ကုမ္ပဏီ ကုန်ကျစရိတ်သည် ယခင်ပြိုင်ဘက်များနှင့် ပြိုင်ဘက်အသစ်များကို မယှဉ်သာသောကြောင့် ယခုလို ဝန်ထမ်းအင်အား လျော့ချရကြောင်း ပြောကြားသည်။ ကုမ္ပဏီကို ဘက်ထရီသုံး မော်တော်ယာဉ် ထုတ်လုပ်ရေးနှင့် လောင်စာဆီသုံး မော်တော်ယာဉ် ထုတ်လုပ်ရေးဟူ၍ တသီးတသန့်စီ ခွဲခြားလိုက်ပြီး လောင်စာဆီသုံး မော်တော်ယာဉ် ထုတ်လုပ်ရေးမှ ဝန်ထမ်းများကို ဦးရေ လျှော့ချသည်။
အမေရိကန် ဒုတိယအကြီးဆုံး ကားထုတ်လုပ်သူ Ford ၏ အမှုဆောင်အရာရှိချုပ် Jim Farley က လူများပြီး ပွဲမစည် ဖြစ်နေသည်ဟု ယူဆသည်။ မော်တော်ယာဥ် ထုတ်လုပ်ရေးလုပ်ငန်းသည် လျှပ်စစ်ကားများနှင့် ဒစ်ဂျစ်တယ်ဝန်ဆောင်မှုများဆီသို့ ကူးပြောင်းလာသောကြောင့် Ford ၏ လုပ်သားအင်အားစုတွင် လုပ်ငန်းနယ်ပယ်အသစ်အတွက် လုံလောက်သည့် အရည်အချင်းများ မရှိကြကြောင်း ပြောကြားခဲ့သည်။
.
၂၀၁၈ ခုနှစ်နှောင်းပိုင်းတွင် General Motors ကုမ္ပဏီသည် ၎င်း၏ လျှပ်စစ်ကားဗျူဟာကို အရှိန်မြှင့်ရန် ပြင်ဆင်ထားသောကြောင့် ဝန်ထမ်း ၁၄,၀၀၀ ကို လျှော့ချရန် စီစဉ်ခဲ့သော်လည်း ယခုအခါ တာဝန်မှ ရပ်စဲရန် အစီအစဉ် မရှိကြောင်း ပြောကြားခဲ့သည်။
လူသစ်ခန့်ခြင်းကို နှေးထားပြီး အခရာကျသည့် နေရာများ၊ မရှိမဖြစ် လိုအပ်သည့်နေရာများက်ုသာ လူစားလဲသည်။
GM ၏ဘဏ္ဍာရေးအရာရှိချုပ် Paul Jacobson က "အဖွဲ့အနေနဲ့ အခုလို ကိုင်တွယ်ဖြေရှင်းပုံအတွက် ဂုဏ်ယူမိပါတယ်။ ယခုလက်ရှိအခြေအနေမှာ တာဝန်မှ ရပ်စဲရန်ဖို့ အစီအစဉ်မရှိဘူး" ဟု ပြောကြားသည်။
Source Reuters
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U