WM Motor ကားများ  ပြည်တွင်းမှာ ရောင်းအားထိုးကျသဖြင့် ပြည်ပတင်ပို့ 


WM Motor ကားများ  ပြည်တွင်းမှာ ရောင်းအားထိုးကျသဖြင့် ပြည်ပတင်ပို့ 

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 


WM Motor ထူထောင်သူ စီအီးအို Freeman Shen ၏ ဦးဆောင်မှုအောက်တွင် ကုမ္ပဏီသည် အကြွေးများကို စနစ်တကျ ဖြေရှင်းလျက်ရှိပြီး  နိုင်ငံရပ်ခြားတွင် စွမ်းအင်သစ် ကားများ  ရောင်းချမည့် အစီအစဉ်များကို ထက်ထက်သန်သန် တွန်းအားပေးနေသည်ဟု ဇူလိုင် ၄ ရက်တွင် WM Motor က လူမှုကွန်ရက် Weibo တွင် ပို့စ်တင်ပြီး ပြောကြားခဲ့သည်။

အံ့အားသင့်ဖွယ်ကောင်းသော အပြောင်းအရွှေ့တစ်ခုဟု ဆိုရမည်။

တရုတ်လျှပ်စစ်ကား လုပ်ငန်းသစ် WM Motor သည် ကြွေးမြီများ ဖြေရှင်းနေရပြီး ဝန်ထမ်းများကို လခမပေးတော့သည့် အခြေအနေတွင်  ပြည်ပဈေးကွက်များသို့ ချဲ့ထွင်ရန် ကြိုးပမ်းလိုက်ခြင်း ဖြစ်သည်။

WM Motor သည်  Weibo တွင် မျှဝေထားသည့် ဓာတ်ပုံတစ်ပုံတွင် ကားတင်သင်္ဘောတစ်စင်းဘေးတွင် ရပ်ထားသည့် ယာဉ်အသစ်များကို ပြသထားသည်။

(Image credit: WM Motor)

 WM Motor သည် တရုတ်နိုင်ငံတွင် အစောဆုံး အီးဗီထုတ်လုပ်ရေး စတင်သည့် လုပ်ငန်းတစ်ခုဖြစ်ပြီး တစ်ချိန်က Nio ၊ Xpeng နှင့် Li Auto တို့နှင့်အတူ လူသိများခဲ့သည်။

၂၀၁၉ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ WM Motor ၏ ကားများ ရောင်းအားမှာ 
၂၀၁၉ ခုနှစ်တွင် ၁၂,၇၉၉ စီး
၂၀၂၀ ခုနှစ်တွင် ၂၁,၉၃၇ စီး
၂၀၂၁ ခုနှစ်တွင် ၄၄,၁၅၂ စီး
ဖြစ်ပါသည်။

WM Motor သည် လစဉ် ရောင်းရစ‌ီးရေကို ထုတ်ပြန်ပေးခဲ့ရာမှ ၂၀၂၁ ခုနှစ် နောက်ပိုင်းတွင် ရောင်းအားကျဆင်းသဖြင့် လစဉ် ရောင်းရစီးရေ ထုတ်ပြန်ပေးခြင်း မပြုတော့ပါ။
အရင်းအနှီး ကုန်ခမ်းခြင်းနှင့် ကြွေးမြီပြဿနာများ ရင်ဆိုင်နေရသည်။

၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၂၁ ရက်နေ့တွင် Shen မှ ဝန်ထမ်းအားလုံးထံ အသိပေးသည့် စာတစ်စောင်တွင် ဘဏ္ဍာရေးဆိုင်ရာ ဖိအားများကို သက်သာစေရန် ကနဦးလုပ်ဆောင်ချက်များကို ဖော်ပြခဲ့သည်။
လုပ်ဆောင်ချက် တချက်မှာ လစာ လျှော့ချခြင်း ဖြစ်သည်။ ရာထူးမြင့်သည့်သူများကို ၅၀% လျှော့သည်။ ရာထူးနိမ့်သည့်သူများကို ၃၀% လျှော့သည်။

 ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်တွင် ရှန်ဟိုင်းမှ အရောင်းပြခန်း အချို့ ပိတ်သိမ်းလိုက်သည်။ အရောင်းပြခန်း ၂၀ ဖွင့်ထားခဲ့ရာမှ ၁၂ ခုသာ ကျန်သည်။

၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလတွင် WM Motor သည် ဝန်ထမ်းများကို လစာ မပေးတော့ချေ။ WM Motor တွင် ကားစက်ရုံ နှစ်ခု ရှိသည်။ ဟူပေပြည်နယ် ဟောင်ဂန်မှ စက်ရုံ၊ ကျဲ့ကျန်ပြည်နယ် ဝမ်ကျိုမှ စက်ရုံ နှစ်ခုစလုံး ထုတ်လုပ်မှု ရပ်ထားလိုက်သည်။

အကယ်၍ လက်ကျန်ကားများ ပြည်ပသို့ တင်ပို့ ရောင်းချသည့် အစီအစဉ် အဆင်ပြေခဲ့လျှင် အလုပ်ပြန်စ၊ ထုတ်လုပ်မှု ပြန်လည်ပတ်ပြီး ပုံမှန်အနေအထားသို့ ပြန်လည်ရောက်ရှိမည်ဟု မျှော်လင့်ရပါသည်။
Source cenvpost
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read 2392 times