၁၅၀၁ စီစီမှ ၂၀၀၀ စီစီအထိကားများကို အထူးကုန်စည်ခွန် ၁၀ ရာခိုင်နှုန်း လျှော့ချ ကောက်ခံမည် ဖြစ်သော်လည်း ဝင်ငွေခွန်နှုန်းထားများကိုမူ လက်ရှိဘဏ္ဍာနှစ်အတိုင်း ဆက်လက် ကောက်ခံမည်ဖြစ်ကြောင်း ပြည်ထောက်စုလွှတ်တော် အတည်ပြုကြေညာချက်အရ သိရသည်။
Double Cab 4 Doors Pick-up များမှလွဲပြီး ဗန်ကားများ ဆလွန်းဆီဒန်၊ဝက်ဂန်၊Coupeစသည့် လူစီးကားများကို အထူးကုန်စည်ခွန်များ ကောက်ခံနေရာ လက်ရှိဘဏ္ဍာနှစ်တွင် အင်ဂျင်ပါဝါ ၁၅၀၀ စီစီအထိ ကားများကို အထူးကုန်စည်ခွန် ၂၀ ရာခိုင်နှုန်း ကောက်ခံနေသာ်လည်းလာမည့် ဘဏ္ဍာနှစ်မှ စ၍ ၁၀ရာခိုင်နှုန်းသာ ပြောင်းလဲ ကောက်ခံမည်ဖြစ်သည်။
သို့သော် အိမ်၊ခြံ၊မြေနှင့်ကားဝယ်ယူရာတွင် အခွန်စည်းကြပ်မှုမှ လွတ်ကင်းနေသည့် ဝင်ငွေခွန်အပေါ်တွင် ယခုဘဏ္ဍာနှစ်အတိုင်း ကောက်ခံရန် အတည်ပြုခဲ့သည်။
၂၀၀၈ ခုနှစ် ပြည်ထောင်စု၏အခွန်ကောက်ဥပဒေမူကြမ်းတွင် ကြောညာခဲ့သည့် ပုဒ်မ ၂၅ ပါအချက်ကို စီးပွားရေးလုပ်ငန်းရှင်အများစုက ကြိုဆိုထောက်ခံခဲ့ကြသော်လည်း လွှတ်တော်ကိုယ်စားလှယ်များက ကန့်ကွက်ခဲ့၍ ဝင်ငွေခွန်ပေးဆောင်ရမည့် နှုန်းထားများကို ယခုဘဏ္ဍာနှစ်အတိုင်းသာဆက်လတ်ကောက်ခံရန် ပြည်ထောင်စုလွှတ်တော်တွင် အတည်ပြုခဲ့သည်။
သို့ဖြစ်၍ လာမည့်ဘဏ္ဍာနှစ်တွင်လည်း မော်တော်ယာဉ်ဝယ်ယူမှုအပေါ် စည်ကြပ်မှုလွတ်ကင်းနေသည့်ငွေကို ဝင်ငွေခွန်ကောက်ခံရာတွင်း ကျပ်သိန်းသုံးရာအောက်ကို ၂၅ ရာခိုင်နှုန်း၊ ကျပ်၃၀၁သိန်းမှ ကျပ်သိန်း တစ်ထောင်အထိကို ၂၀ရာခိုင်နှုန်း၊ ကျပ်သိန်း တစ်ထောင်အထက်ကို ၃၀ ရာခိုင်နှုန်းကောက်ခံမည်ဖြစ်ပြီး အထူးကုန်စည်ခွန်အဖြစ် အင်ဂျင်ပါဝါ ၁၅၀၁စီစီမှ ၂၀၀၀ စီစီအထိကို ၁၀ရာခိုင်နှုန်း၊၂၀၀၁ စီစီမှ ၄၀၀၀ စီစီ အထိကို ၃၀ ရာခိုင်နှုန်းနှင့် ၄၀၀၀ စီစီ အထက်ကို ၅၀ ရာခိုင်နှုန်းကောက်ခံရန်ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့သည်။