ပူပြင်းသောရာသီဥတုတွင် ကားမီးလောင်ခြင်းမှ ကာကွယ်ရန် စစ်ဆေးသင့်သော အခြေခံဝါယာရင်း အချက်(၁၁) ချက်


ကားဝါယာရှော့ဖြစ်ခြင်း၊ ကားမီးလောင်ခြင်း၊ ထိခိုက်ဆုံးရှုံးမှုဖြစ်ခြင်း စသည်တို့မှ ရှောင်ရှားနိုင််ရန် အောက်ပါ ယေဘုယျအချက်များကို လိုက်နာကျင့်သုံးသင့်ပါသည်။

(၁) ထုတ်လုပ်မှု သက်တမ်း၁၀နှစ်ကျော်သောကားများ၏ ဝါယာရင်းစနစ်တစ်ခုလုံးကို အသေးစိတ်စစ်ဆေးပြီး လိုအပ်သည်ကို ပြင်ဆင်လဲလှယ်ရပါမည်။

(၂)မည်သည့်ဝါယာရင်းအစိတ်အပိုင်းကို လဲလှယ်သည်ဖြစ်စေ မူရင်းပစ္စည်းအစစ်အမှန် (Genuine Part) ဖြင့်သာအစားထိုးရပါသည်။

(၃) မူလတပ်ဆင်ပေးထားသော လျှပ်စစ်ဆက်သွယ်မှုအပြင် လျှပ်စစ်ပစ္စည်းများ အပိုတပ်ဆင်လိုပါက အရန်သုံးနိုင်ရန် ခွင့်ပြုထားသော ဆော့ကက်မှသာ လျှပ်စစ်အားကို ရယူသုံးစွဲရပါမည်။

(၄) ခွင့်ပြုထားသည့် အရန်လျှပ်စစ်အမ်ပီယာထက် ကျော်လွန်သော သုံးစွဲမှုမျိုးကို လုံးဝရှောင်ကျဉ်ရပါမည်။

(၅) ဘတ္ထရီ ငုတ်အဆက်များနှင့် မော်တာ အဝင်ကြိုးငုတ်အဆက်များကို တင်းကြပ် ခိုင်မြဲနေရန် ဂရုပြုရပါမည်။

(၆) လျှပ်စစ်ဆက်သွယ်မှု လမ်းကြောင်းတစ်လျောက်ရှိ ဆော့ကက်များကို ရေလုံအောင် ဂရုပြုရပါမည်။

(၇) ဆော့ကက်များ အက်ကွဲနေခြင်းနှင့် ပဲ့ထွက်နေခြင်း၊ ဝါယာကြိုးများဆွေးမြေ့နေခြင်းနှင့် ပေါက်ပြဲနေခြင်းများကို တွေ့လျှင် ချက်ချက်အစားထိုးပြင်ဆင်သင့်ပါသည်။

(၈) လျှပ်စစ်ပတ်လမ်းကြောင်း တစ်လျှောက်ရှိ ဝါယာရင်း အစိတ်အပိုင်းများကို မိမိသဘောဖြင့် ဖြုတ်/ တပ်မပြုလုပ်မိပါစေရန် သတိထားရပါမည်။

(၉) ဝါယာရင်းဆိုင်ရာ အကြီးစားပြင်ဆင်မှုမျိုး ပြုလုပ်ပြီးသည်နှင့် အဆောတလျှင် ထွက်ခွာသွားခြင်းမပြုပဲ စက်နှိုးမီးဖွင့် လျှပ်စစ်ပစ္စည်းများ အားလုံးအသုံးပြုထားသော အနေအထားဖြင့် ၁၅မိနစ်ခန့် စောင့်ကြည့်ရပါမည်။

(၁၀) ကားမောင်းနှင်စဉ် မသင်္ကာစရာ ညှော်နံ့ တစ်ခုခုရပါက မီးခလုတ်၊ ရေသုတ်မော်တာ၊ ကက်ဆက် စသည်တို့ကို ပိတ်လိုက်၍ ညှော်နံမပျောက်သေးလျှင် စက်ကိုရပ်သင့်ပါသည်။

ထို့နောက် ညှော်နံ့ဆက်လက်ရှိနေသေးပါက ဘတ္ထရီခေါင်းများကို ဖြုတ်လိုက်ရမည်ဖြစ်ပါသည်။

(၁၁) အရေးပေါ်အခြေအနေအတွက် မော်တော်ကားသုံး မီးသတ်ဆေးများကို ကားပေါ်တွင် အသင့်ဆောင်ထားသင့်ပါသည်။

 

Read 7529 times