ကားမှန် ရေသုတ်တံအကြောင်း သိသင့်တာလေးတွေ


ကားမှန်ရေသုတ်တံဟာ ကားတစ်စီးရဲ့ အရေးပါတဲ့ အရာတွေထဲက တစ်ခုဖြစ်တာကြောင့် သိထားသင့်တာလေး တချို့ကို ဖော်ပြပေးလိုက်ပါတယ်။

ဘယ်လိုပြဿနာဖြစ်တတ်

ရော်ဘာရေယက်လေးတွေ ခြောက်သွေ့မာကျောကာ ကွဲ အက်ပြီး မှန်ကိုအစင်းထင်တာ မျိုးဖြစ်တတ်သလို သစ်ပင်အစေး၊ ကတ္တရာစေး စတာတွေ မှန်ကိုစဉ် ပြီး ကပ်ငြိတတ်ပါတယ်။ ရေသုတ် တံမသုံးတာကြာရင်လည်း ပျက် စီးတတ်သလို အသုံးများရင်လည်း ရေယက်အနားတွေ ကွေးကုန် တာမျိုးဖြစ်တတ်ပါတယ်။ နေ ရောင်ခြည်ကြောင့်လည်း ရေ ယက်တွေခြောက်သွေ့ပြီး ကျုံ့ လာကာ ရေသုတ်တံဖရိန်ကနေ ကျွတ်ထွက်တာမျိုး ဖြစ်တတ်ပါ တယ်။

ဘယ်အချိန်လဲသင့်

ကားမှန်ရေသုတ်တံချောင် ပြီး လွတ်နေတာတို့၊ ရေသုတ်တံ ကြောင့် အစင်းခြစ်ရာတွေထင် ကုန်တာတို့ဖြစ်ပြီဆိုရင် အသစ်လဲ ဖို့ အချိန်ကျနေပြီဆိုတာ သိနိုင်ပါ တယ်။ ရေသုတ်တံရဲ့ ရေယက် တွေဟာ ရော်ဘာနဲ့ ပြုလုပ်ထားတာမို့ မိုးရေထဲ၊ ဖုန်တောထဲတွေ သွားပြီး လအနည်းငယ်ကြာရင်အသစ်လဲဖို့လိုအပ်ပါတယ်။

ဘယ်လိုပုံစံရှိ

ရေသုတ်တံရေယက်တွေကို အတည့်ပုံစံ၊ အနည်းငယ်ကွေးတဲ့ ပုံစံနဲ့ လုံးဝအကွေးတဲ့ပုံစံဆိုပြီး အ မျိုးမျိုးရှိတာကြောင့် ရေသုတ်တံ လဲမယ်ဆိုရင် ကိုယ့်ကားမှာ ဘယ် လိုရေသုတ်တံသုံးထားလဲဆိုတာ သိထားပြီးမှ ဝယ်လဲတာအကောင်း ဆုံးပါ။ ဒီနေ့ခေတ်ကားတွေမှာ တော့ အကွေးပုံစံရေသုတ်တံတွေ အများဆုံးသုံးထားပါတယ်။ နှင်း ကျတဲ့အရပ်တွေမှာဆိုရင်တော့ နှင်းတွေကို ဖယ်ရှားသုတ်သင်နိုင် တဲ့ ရေသုတ်တံကို ရာသီအလိုက် ပြောင်းလဲတပ်ဆင်အသုံးပြုဖို့လို ပါတယ်။

ဘယ်လိုသန့်ရှင်းသင့်

ရေသုတ်တံရေယက်တွေ သန့်သန့်ရှင်းရှင်းရှိပါမှ တကယ် တမ်းအသုံးပြုတဲ့အခါမှာ အဆင် ပြေစေမှာဖြစ်လို့ လက်သုတ်စက္ကူ နဲ့ သုတ်ပေးဖို့လိုပါတယ်။ ဒီလို လုပ်ပေးခြင်းအားဖြင့် အညစ်အ ကြေးတွေ၊ အပျက်အစီးတွေ၊ ဆီ စတာတွေကို ဖယ်ရှားပြီးသားဖြစ် ကာ ရေသုတ်တံကို ကြာရှည်အ သုံးခံစေပါတယ်။

ဘယ်လိုထိန်းသိမ်းသင့်

ရော်ဘာရေယက်လေးတွေ ကြာရှည်အသုံးခံပြီး လေပြင်းမုန် တိုင်းတို့၊ ရာသီဥတုဒဏ်တို့ ခံနိုင်ရည်ရှိဖို့ဆိုရင် ရော်ဘာကြာရှည်ခံ ဆေးဖျန်းပေးပြီး ကာကွယ်တာမျိုး လည်း လုပ်နိုင်ပါတယ်။

Read 3450 times