BYD က Tesla ကို ကျော်တက် နိုင်မှာလား?


တရုတ် မော်တော်ယာဉ်ထုတ်လုပ်သည့် BYD သည် ၎င်း၏ ပြိုင်ဘက်ဖြစ်သည့် အမေရိကန်မှ လျှပ်စစ်ကားထုတ်လုပ်သည့် Tesla အား တစ်ကမ္ဘာလုံး လျှပ်စစ်ကားရောင်းအား အများဆုံးနှင့် ကျော်တက်နိုင်ရန် စီစဉ်နေပြီး ယခု ၂၀၂၃ ခုနှစ်အတွင်း လျှပ်စစ်ကားမော်ဒယ် အားလုံး၏ စုစုပေါင်း ရောင်းအား (၂) ဆ တက်လာရန် မျှော်မှန်းထားကြောင်း သိရသည်။ 

 

BYD ကုမ္ပဏီ၏ ပန်းတိုင်သည် မော်တော်ယာဉ် ရောင်းအား ၃ သန်းမှ စတင်မည်ဖြစ်ကြောင်း BYD ၏ ဥက္ကဌဖြစ်သူ Wang Chuanfu က Hong Kong တွင်ပြုလုပ်ခဲ့သည့် ရင်းနှီးမြှုပ်နှံသူများ တွေ့ဆုံဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။ ဒါ့အပြင် ၎င်းသည် BYD မှ ၂၀၂၂ ခုနှစ်တွင် ရောင်းချနိုင်ခဲ့သည့် ပမာဏအား ၂ ဆ တိုးလာရန် မျှော်လင့်ထားပြီး မော်တော်ယာဉ်ရောင်းအား ၃.၆ သန်း အထိရရှိလာရန် မျှော်မှန်းထားကြောင်း ထပ်တိုးပြောကြားခဲ့သည်။ ဤပမာဏထဲတွင် ပြည်ပသို့ တင်ပို့ရောင်းချမှုများလည်း ပါဝင်သည်ဟု ဆိုသည်။ 

 

BYD သည် သမရိုးကျ လောင်စာဆီကားများ ထုတ်လုပ်ခြင်းကို ၂၀၂၂ ခုနှစ် မတ်လပိုင်းတွင် အပြီးတိုင် ရပ်နားခဲ့ပြီး လျှပ်စစ်မော်တော်ယာဉ်များနှင့် Hybrids ယာဉ်များ ထုတ်လုပ်မှုကို စတင် အားစိုက်ထုတ်လုပ်ခဲ့သည်။ BYD သည် ၎င်း၏ ၂၀၂၂ ခုနှစ် ရောင်းအား အခြေအနေကို အသေးစိတ် ပြသခြင်း မရှိသော်လည်း ၂၀၂၂ ခုနှစ်ရောင်းအား နှင့် နှိုင်းယှဉ်ပါက ယခု ၂၀၂၃ ခုနှစ်တွင် လျှပ်စစ်ကား ၁.၇၅ သန်း ရောင်းချနိုင်မည်ဟု ခန့်မှန်းထားကာ Tesla ၏ ၂၀၂၃ ခုနှစ် ရောင်းအား ခန့်မှန်းချက်ဖြစ်သည့် ၁.၈ သန်း ပမာဏနှင့် နီးစပ်လာမည် ဖြစ်သည်။ 

 

သို့သော်လည်း ၂၀၂၃ ခုနှစ် ပထမ ၃ လပိုင်းအတွင်း BYD သည် မော်တော်ယာဉ် အစီးရေ ၂၆၀,၀၀၀ ရောင်းချနိုင်ခဲ့ပြီး Tesla သည် မော်တော်ယာဉ် အစီးရေ ၄၂၀,၀၀၀ ကျော် ရောင်းချနိုင်ခဲ့သည်။ Tesla သည် ထိုသို့ လျှပ်စစ်ကား ပမာဏ အမြောက်အမြား ရောင်းချနိုင်ခြင်းသည် မော်တော်ယာဉ် ဈေးကွက်များစွာတွင် ဈေးလျှော့ကာ ရောင်းချခဲ့သောကြောင့်လည်း ဖြစ်သည်။ 

 

BYD SEAL 

 

BYD သည် ၎င်း၏ ရောင်းအားကို မြှင့်တင်နိုင်ရန် ထွက်ကုန် ပမာဏကို တိုး၍ ထုတ်လုပ်ရန် ကြိုးပမ်းနေပြီး ၂၀၂၂ ခုနှစ်တွင် လျှပ်စစ်မော်တော်ယာဉ် အစီးရေ ၂.၉ သန်း ထုတ်လုပ်နိုင်ခဲ့သည်ဟု Zheshang Securities မှ ခန့်မှန်းထားသည်။ ၂၀၂၃ ခုနှစ် တွင် လျှပ်စစ်မော်တော်ယာဉ်အစီးရေ ၄.၃ သန်း အထိ ထုတ်လုပ်နိုင်လိမ့်မည် ဖြစ်ကြောင်း တရုတ်အကျိုးဆောင်များက ခန့်မှန်းထားသည်။

 

BYD သည် ၎င်း၏ ထုတ်လုပ်ရေး ပန်းတိုင် ဖြစ်သည့် အစီးရေ ၃.၆ သန်းအား ရရှိနိုင်ရန် စက်ပစ္စည်းများနှင့် ဝန်ထမ်းများကို ထပ်မံဖြည့်စွက်နေကြောင်း သိရသည်။  ဒါ့အပြင် BYD သည် ဝယ်လိုအား နိမ့်ကျမှုကြောင့် မော်တော်ယာဉ်များအား အတိုင်းအတာဖြင့် ထုတ်လုပ်နိုင်သည်ဟုလည်း မျှော်လင့်နိုင်သည်ဟုလည်း သိရသည်။ 

 

ဒါ့အပြင် BYD သည် Tesla ကဲ့သို့ ဈေးနှုန်းလျှော့ကာ ရောင်းချနိုင်ချေ ရှိမရှိကို ခန့်မှန်းမရနိုင်သော်လည်း ကုန်ကျစရိတ်ချွေတာခြင်းကြောင့် အရောင်းမြှင့်တင်ရေးအတွက် အသုံးစရိတ်ပိုမိုရရှိနိုင်မည်ဟု ဆိုသည်။ 

 

၎င်းတို့၏ ကုမ္ပဏီသည် ယခုနှစ်တွင် ပိုမို ခိုင်မာလာတော့မည် ဖြစ်ကာ ထုတ်လုပ်မှု တိုးချဲ့လိုက်ခြင်းသည် ပို၍ အသာစီးရနိုင်တော့မည် ဖြစ်သည်ဟု Wang က‌ ဖြည့်စွက်ပြောကြားခဲ့သည်။ 

 

ယခုနှစ်အတွင်းတွင်လည်း BYD ဟာ ၎င်း၏ အဆင့်မြင့်ဇိမ်ခံကား မော်ဒယ်ဖြစ်သည့် Yangwang အား ပွဲထုတ်ရန် စီစဉ်နေပြီး အဆိုပါကားတွင် ဘီး ၄ ဘီးလုံးအား တစ်ဘီးစီ သီးသန့် ထိန်းချုပ်နိုင်သည့် နည်းပညာပါဝင်မည်ဖြစ်ကာ စီးနှင်းသူများ၏ လုံခြုံရေးနှင့် မော်တော်ယာဉ်၏ တည်ငြိမ်မှုကို ထိန်းနိုင်မည်ဖြစ်သည်ဟု သိရသည်။ 

 

Advertisement

Click Here >>> Grand Winner

 

ထိုမော်တော်ယာဉ်သည် တရုတ်ယွမ် ၈ သိန်းမှ ၁.၅ သန်း ( အမေရိကန် ဒေါ်လာ ၁၁၆,၀၀၀ မှ ၂၁၈,၀၀၀ )  ခန့် ရှိမည် ဖြစ်ပြီး BYD ၏ လျှပ်စစ်ပြိုင်ကားကိုပါ မိတ်ဆက်ပြသမည် ဖြစ်သည်။

 

BYD ကုမ္ပဏီသည် ယခင်က အလယ်အလတ်တန်းစား ဈေးကွက်အတွက်သာ မော်တော်ယာဉ်များ ထုတ်လုပ်ခဲ့ပြီး ယွမ် ၁ သိန်းမှ ၃ သိန်း အတွင်း ရောင်းချခဲ့ပြီး ဇိမ်ခံယာဉ်ထုတ်လုပ်ရေးသည် BYD အတွက် အလွန်ကျယ်ပြန့်သည့် ဈေးကွက်ဖြစ်သော်လည်း  Tesla ၏ Model X SUV နှင့် ယှဉ်ပြိုင်နိုင်ရန် ဝင်ရောက်ရမည် ဖြစ်သည်။ 

 

၂၀၀၃ ခုနှစ်တွင် မော်တော်ယာဉ်ထုတ်လုပ်ရေး လုပ်ငန်းများ အတွင်း စတင်ဝင်ရောက်လာခဲ့သည့် BYD သည် ပြည်ပမှ မော်တော်ယာဉ်ထုတ်လုပ်သူများ ထံမှ သင်ယူကာ နည်းပညာဆိုင်ရာ စွမ်းရည်ကို မြှင့်တင်ခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် ၎င်း၏ Shenzhen ရုံးချုပ်တွင် ဒီဇိုင်းစင်တာဖွင့်လှစ်ခဲ့ပြီး Audi ဒီဇိုင်နာဟောင်း Wolfgang Egger ကဲ့သို့သော ထိပ်တန်းအရည်အချင်းရှိသူများကို ခေါ်ယူခဲ့သည်။

 

သို့သော်လည်း BYD သည် ၎င်း၏ တိုးချဲ့မှုတွင် စိန်ခေါ်မှု ၃ ခုအား ရင်ဆိုင်ရဖွယ်ရှိပြီး ပထမအချက်မှာ တရုတ်နိုင်ငံ၏ စွမ်းအင်သုံး ကားသစ်များအတွက် ဝယ်ယူခြင်း ထောက်ပံ့မှု ဖြစ်သည်။ လွန်ခဲ့သည့်နှစ်တွင် BYD ကုမ္ပဏီသည် အဆိုပါ ထောက်ပံ့ကြေးများအတွက် ယွမ် ၁၀.၄ ဘီလီယံကို ကြိုတင်စာရင်းသွင်းခဲ့သည်။

BYD ၏ အသားတင်အမြတ်ငွေသည် ၂၀၂၂ ခုနှစ်တွင် ယွမ် ၁၆.၆ ဘီလီယံအထိ ၄၅၀% ခုန်တက်သွားပြီး ၎င်း၏ ၆၀% သည် တရုတ်အစိုးရ၏ ထောက်ပံ့ရေးရရှိငွေ ဖြစ်သည်။ သို့သော်လည်း တရုတ်အစိုးရသည် အဆိုပါ ထောက်ပံ့ကြေးများကို ဒီဇင်ဘာလတွင် ရပ်ဆိုင်းခဲ့သည်။

 

Tesla Model X SUV

 

BYD ၏ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများသည် ဥရောပနှင့် အာရှဈေးကွက်များတွင် ယခင်ထက် ပိုတိုးလာမည် ဖြစ်သည်။ ပြည်ပထုတ်လုပ်ရေးလုပ်ငန်းများသည် ယမန်နှစ်တွင် စုစုပေါင်းရောင်းချမှုပမာဏ၏ ၃% အောက်သာ ရှိခဲ့ပြီး အဆိုပါ ပမာဏသည် နိုင်ငံခြားတွင် တိုးချဲ့ထုတ်လုပ်မှု လိုအပ်နေကြောင်း ဖော်ပြနေသည်။

 

ဂျပန်နိုင်ငံတွင်လည်း အချို့သော လျှပ်စစ်ဘတ်စ်ကား အစိတ်အပိုင်းများအတွက် ဂျပန်မော်တော်ယာဉ် ထုတ်လုပ်သူများအသင်းမှ ဆန္ဒအလျောက် တားမြစ်ထားသော အဆိပ်သင့်ဓာတုပစ္စည်းဖြစ်သည့် hexavalent chromium ဓာတုပစ္စည်းကို အသုံးပြုထားကြောင်း BYD မှ အတည်ပြုခဲ့သည်။ 

 

BYD သည် နိုင်ငံခြားဈေးကွက်များတွင် အောင်မြင်မှုရရှိရန် နိုင်ငံအလိုက်ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများကို လိုက်နာရန်နှင့် မတူညီသော လုပ်ငန်းအခြေအနေများကို လိုက်နာရန် အချိန်အတော်အတန် လိုအပ်မည်ဖြစ်သည်။

 

ဘဏ္ဍာရေးစျေးကွက်များတွင် စောင့်ကြည့်လေ့လာသူများက BYD ၏ တိုးတက်မှု အလားအလာကို အာရုံစူးစိုက်ကာ ကြည့်ရှုနေကြသည်။ နိုင်ငံတော် ထောက်ပံ့ကြေးများ ရပ်ဆိုင်းခြင်းနှင့် Tesla ၏ လျှော့စျေးများကြောင့် BYD သည် ပထမသုံးလပတ်တွင် ဖိအားများနှင့် ရင်ဆိုင်ခဲ့ရကြောင်း Credit Suisse က မတ်လနှောင်းပိုင်းတွင် ထုတ်ပြန်ခဲ့သည်။

 

ထို့အပြင် BYD ၏ နှစ်ရှည် အဓိကရှယ်ယာရှင်ဖြစ်သူ Warren Buffett ၏ Berkshire Hathaway သည် ပြီးခဲ့သည့် နွေရာသီမှစ၍  ၎င်း၏ရှယ်ယာများကို အကြိမ်ကြိမ် ရောင်းချခဲ့သည်။

 

လုပ်ငန်းလည်ပတ်မှုနဲ့ စျေးကွက်ချဲ့ထွင်မှု ချောမွေ့နေလျှင် အဆိုပါသက်ရောက်မှုသည် အသေးအဖွဲ့သာ ဖြစ်မည်ဟု ယုံကြည်ကြောင်း Wang က ပြောကြားခဲ့သည်။

 

BYD သည် စျေးကွက်အရင်းအနှီး၌ ၂၀၂၂ ခုနှစ်တွင် Volkswagen ထက် သာလွန်ခဲ့ပြီး မတ်လကုန်တွင် အမေရိကန်ဒေါ်လာ ၉၉.၇ ဘီလီယံဖြင့် ကမ္ဘာလုံးဆိုင်ရာ မော်တော်ကားထုတ်လုပ်သူများတွင် တတိယအဆင့် ရပ်တည်ခဲ့သည်။ 

 

မတ်လအကုန်တွင် တရုတ်ကုမ္ပဏီဖြစ်သော BYD သည် ဒုတိယနေရာမှ စျေးကွက်အရင်းအနှီးဒေါ်လာ ၂၃၁.၂ ဘီလီယံရှိသည့်  တိုယိုတာမော်တာနောက်သို့ လိုက်နေပြီး ပထမနေရာတွင် Tesla က ဒေါ်လာ ၆၅၆.၄ ဘီလီယံဖြင့် ဦးဆောင်နေသည်။


Source - Nikkei Asia

Read 232 times