အမြန်လမ်းမှာ ကားတာယာတွေ ဘာကြောင့်ပွင့်ရတာလဲ


အမြန်လမ်းမှာ ကားတာယာတွေ ဘယ်လိုအကြောင်းကြောင်းကြောင့် ပွင့်ရလဲဆိုတာ ကားသမားတိုင်းသိထားသင့်ပါတယ်။

ရန်ကုန် နေပြည်တော် အမြန်လမ်းမကြီးမှာ ကားတာယာတွေ ခဏခဏပွင့်ကြောင်း ကြားမိတာကြာပါပြီ အစကတော့ လမ်းက ကွန်ကရစ်လမ်းဖြစ်ခြင်းကြောင့်လို့ အလွယ်ပဲထင်မိပါတယ်။ တာယာပွင့်ရတဲ့ အကြောင်းအရင်းကဒီလိုပါ။

အရင်ဆုံး တာယာဘေးက ရေးထားတဲ့ ဂဏန်းတွေကို ကြည့်ကြည့်ရအောင်ပါ။ ဥပမာအနေနဲ့ P195/60R15 87S ဆိုပါစို့…

ရှေ့က ဂဏန်းတွေကတော့ တာယာအရွယ်အစားကို ဖော်ပြထားတာပါ။နောက်ဆုံး 87S ဆိုတာဟာ အန္တရာယ်ကင်းရေးအတွက် အရေးပါပါတယ်။ 87 ဆိုတာကတော့ တာယာရဲ့ အလေးချိန် ခံနိုင်ဝန်အားပါ။ ဒီဥပမာထဲက တာယာဆိုရင် အနီးစပ်ဆုံး 1201 pound (545 kg) ထိခံနိုင်ရည် ရှိပါတယ်။ ဒီသတ်မှတ်ချက်ထက် ပိုတင်ပါက တာယာပွင့်တဲ့ အန္တရာယ်ကိုရင်ဆိုင်ရနိုင်ပါတယ်။ ပုံမှန်လူစီးကားတွေ ထရပ်အငယ်စားတွေအတွက် 70-110 ထိ ခံနိုင်ရည်အားကို သတ်မှတ်ထားတတ်ပါတယ်။ အသေးစိတ်ကိုတော့ အောက်ပါစာရင်းဇယားမှာ ဖော်ပြထားပါတယ်။

Load…..lbs………KGs…|…..Load……lbs……….KGs

71…….761……..345…|…..91………1356……..615

72…….783……..355…|…..92………1389……..630

73…….805……..365…|…..93………1433……..650

74…….827……..375…|…..94………1477……..670

75…….853……..387…|…..95………1521……..690

76…….882……..400…|…..96………1565……..710

77…….908……..412…|…..97………1609……..730

78…….937……..425…|…..98………1653……..750

79…….963……..437…|…..99………1709……..775

80…….992……..450…|…..100……..1764……..800

81…….1019…….462…|…..101……..1819……..825

82…….1047…….475…|…..102……..1874……..850

83…….1074…….487…|…..103……..1929……..875

84…….1102…….500…|…..104……..1984……..900

85…….1135…….515…|…..105……..2039……..925

86…….1168…….530…|…..106……..2094……..950

87…….1201…….545…|…..107……..2149……..975

88…….1235…….560…|…..108……..2205……..1000

89…….1279…….580…|…..109……..2271……..1030

90…….1323…….600…|…..110……..2337……..1060

နောက်ထပ်အရေးပိုကြီးတာကတော့ မြန်နှုန်းသတ်မှတ်ချက်ပဲ ဖြစ်ပါတယ်။တာယာတွေမှာ အမြန်ဆုံး မြန်နှုန်းခံနိုင်ရည်အားကိုလဲ တာယာဘေးမှာရေးထားတတ်ပါတယ်။ 1991 ခုနှစ်ကစတင်ပြီး တာယာတွေမှာ မြန်နှုန်းကန့်သတ်ချက်ကို အထက်ပါ ပုံစံအတိုင်း တသမတ်ထဲ ဖော်ပြထားကြပါတယ်။ အပါ်က ဥပမာ P195/60R15 87S ဆိုရင်တော့ နောက်ဆုံးစာလုံးဖြစ်တဲ့ S ကို ကြည့်ပြီး ဒီတာယာအတွက် အမြန်ဆုံး မြန်နှုန်းခံနိုင်အားဟာ 112 mph (180 km/h) ဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။

တာယာတွေရဲ့ အမြန်ဆုံး မြန်နှုန်းခံနိုင်အားကို အောက်ကစာရင်းဇယား မှာကြည့်ရှုနိုင်ပါတယ်။

L 75 mph 120 km/h Off-Road & Light Truck Tires

M 81 mph 130 km/h Temporary Spare Tires

N 87 mph 140km/h

P 93 mph 150 km/h

Q 99 mph 160 km/h Studless & Studdable Winter Tires

R 106 mph 170 km/h H.D. Light Truck Tires

S 112 mph 180 km/h Family Sedans & Vans <<< from Example Above T 118 mph 190 km/h Family Sedans & Vans U 124 mph 200 km/h H 130 mph 210 km/h Sport Sedans & Coupes V 149 mph 240 km/h Sport Sedans, Coupes & Sports Cars W 168mph 270 km/h Y 186mph 300 km/h Z 149mph+ 240 km/h+ ဆိုပါစို့

တာယာက max speed rating 160kmh ဆိုပေမယ့် အကောင်းဆုံးလမ်းမှာ တာယာအသစ်နဲ့ စမ်းသပ်သတ်မှတ်တာမျိုး ဖြစ်နိုင်ပါတယ်။ ဒါကြောင့် max speed အထိရောက်အောင် မောင်းဖို့ မသင့်ပါဘူး။ နောက်ပြီး တာယာတွေမှာ expire date နဲ့ manufacture date လဲ ရေးထားတတ်ပါတယ်။ manufacture date ကတော့ အမြဲလိုပါတတ်ပါတယ်။ manufacture date ကို ဘောင်လေးကွပ်ပြီး အဲဒီထဲမှာ ရေးထားတတ်ပါတယ်။ ဂဏန်း ၄ လုံးမှာ ရှေ.က ၂ လုံးက တာယာထုတ်တဲ့ အပတ် (week) ဖြစ်ပြီး နောက် ၂ လုံးကတော့ ခုနှစ်ဖြစ်ပါတယ်။

Credit;Thura_Htayaung

Read 1466 times