အမေရိကန်ကားတွေကို ဂျပန်နိုင်ငံမှာ ဘာကြောင့်အသုံးမပြုတာလဲ


အမေရိကန်ကားအနေနဲ့ မြင်းတစ်ကောင်လို စွမ်းဆောင်ရည်ပေးနိုင်တဲ့ Wranglers Jeep အများစုကိုသာ ဂျပန်နိုင်ငံရဲ့လမ်းမထက်တွေမှာ တွေ့မြင်ရမှာပါ။ 
ဘာကြောင့်လဲဆိုတော့ သာမန် အိမ်စီးကားတွေမှာ ဂျပန်ကားတွေဟာ ဆီစားပိုသက်သာပြီး အရွယ်အစား ပိုမိုသေးငယ်တဲ့ Kei အမျိုးအစား ကားတွေဖြစ်လို့ပါ။

ဂျပန်နိုင်ငံအနေအထားအရ အမေရိကန်ကားတွေထက် ပြည်တွင်းဖြစ် Kei ကားတွေက ပိုပြီးအဆင်ပြေစေပါတယ်။ 
ကားကျပ်တည်းတဲ့နိုင်ငံ တစ်နိုင်ငံဖြစ်သလို ပြည်တွင်းဖြစ်တွေကိုသာ ဦးစားပေးရွေးချယ်တတ်တဲ့နိုင်ငံလည်းဖြစ်နေလို့ပါ။ နောက်တစ်ချက်ကတော့ အမေရိကန်ကားတွေဟာ ဂျပန်နိုင်ငံနဲ့ သင့်တော်မယ့် ကားအမျိုးအစားတွေကို ပြောင်းလဲထုတ်လုပ်ခြင်းမရှိတဲ့ အတွက်ကြောင့်လည်းဖြစ်ပါတယ်။

Myanmar Automobile Directory
Ref; CNBC

 

Read 12812 times