ကားအာမခံ ဘာကြောင့်ထားသင့်ပါသလဲ


အင်္ဂလိပ်ဘာသာစကား Insurance ဆိုသည်မှာ အာမခံသည်၊ စိတ်ချစေသည်၊ ဆုံးရှုံးနစ်နာမှု မရှိရလေအောင် အာမခံပြုလုပ်သည်ဖြစ်သည်။

အပေါင်အာမခံပြုလုပ်သည်ဟု အဘိဓာန်များတွင် ဖွင့်ဆိုထားပါသည်။

အာမခံခြင်းဆိုသည်မှာ ငွေကြေးအရ ကာကွယ်ပေးခြင်း(financial protection) ဖြစ်ပါသည်။

လူ့အသက်ကို်ယ်ခန္ဓာဆုံးရှုံးခြင်းကို အကာအကွယ်ပေးပြီး ပစ္စည်းဥစ္စာ ပျက်စီးဆုံးရှုှုံးမှုကိုလည်း အကာအကွယ် ပေးသည်။

အန္တရာယ်တစ်ခုခုကြောင့် ဆုံး ရှုံးမှုကြုံတွေ့ရနိုင်သည့် လူပုဂ္ဂိုလ် (သို့ မဟုတ်) လုပ်ငန်းရှင်နှင့် အဖွဲ့အစည်း များက ၎င်းင်းတို့ခံစားတွေ့ကြံုရမယ့် ဆုံးရှုံးမှုအန္တရာယ်ကို အာမခံလုပ်ငန်း လုပ်ကိုင်သူသို့ လွှဲပြောင်းပေးပြီး ဆုံး ရှုံးမှုတစ်စုံတစ်ခုဖြစ်ပွားလျှင် ထို ဆုံးရှုံးမှုများအတွက် လျော်ကြေးပြန် လည်ရခွင့်ရှိစေတဲ့စနစ်ကို အာမခံ စနစ်လို့ခေါ်ပါသည်။

အသက်ဆုံးရှုံးမှု၊ ပစ္စည်းများ ဆုံးရှုံးမှု၊ ငွေကြေးဥစ္စာ ဆုံးရှုံးမှု၊ အန္တရာယ်ကြံုတွေ့နိုင်တဲ့ လူပုဂ္ဂိုလ် တစ်ဦးအနေနဲ့ဖြစ်စေ၊ စီးပွားရေး လုပ်ငန်းတစ်ခုအနေနဲ့ဖြစ်စေ တွေ့ကြံု ဖြစ်ပေါ်လာမယ့် အစိုးမရတဲ့အန္တရာယ် အမျိုးမျိုး (Risks) ကို အာမခံထားတဲ့ ကုမ္ပဏီက တာဝန်ယူပြီးသတ်မှတ် စည်းကမ်းချက်တွေနဲ့အညီ လျော် ကြေးပေးမှာဖြစ်ပါသည်။

မိမိမှာ တွေ့ ကြံုလာနိုင်တဲ့ ဆုံးရှုံးမှု အန္တရာယ် Risk ကို အာမခံကုမ္ပဏီက လွှဲပြောင်း တာဝန်ယူစေတဲ့ Risk Transfer နည်း လမ်းဟာ ဆုံးရှုံးမှုကို အကာအကွယ် ယူခြင်းပဲ ဖြစ်ပါသည်။

မိမိကြောင့် သူတစ်ပါး ထိခိုက်နစ်နာ ဆုံးရှုံးမှုကို လည်း အာမခံစနစ်က မိမိကိုယ်စား တာဝန်ယူပြီး စိုက်ထုတ်ပေးလျော် တာမျိုးလည်း ရှိပါသည်။

မိမိရဲ့ ပေးလျော်ရန်တာဝန်ရှိမှု Liability ကို အာမခံကုမ္ပဏီက မိမိ ကိုယ်စား ပေးလျော်မှာဖြစ်ပါသည်။

ဥပမာ - သင့်ကားကို အလုံးစုံ အာမခံ ထားတယ်ဆိုပါစို့။ သင့်အမှားကြောင့် တစ်ပါးသူတစ်ဦး (သို့မဟုတ်) စက် ဘီး၊ ဆိုင်ကယ်၊ ကားတစ်ခုခု ပျက်စီး ဆုံးရှုံးသွားပါက မိမိပေးရန် တာဝန် ကို အာမခံကုမ္ပဏီကပဲ စိုက်ထုတ် ပေးလျော်သွားမှာဖြစ်ပါသည်။

ဒီလို အာမခံမျိုးကို Liability Insuranceလို့ခေါ်ပါသည်။

အာမခံကုမ္ပဏီက မိမိကားကြောင့် ဖြစ်ပွားတဲ့ ပေးလျော် ရန်တာဝန်တွေကို အာမခံထားတဲ့ အ တွက် မိမိကလည်း အာမခံကုမ္ပဏီကို ပရီမီယံကြေး ပေးသွင်းရပါသည်။

အာမခံအကာအကွယ်လိုချင်တဲ့ သူက အာမခံလုပ်ငန်း ကုမ္ပဏီတစ်ခု မှာ အာမခံထားလိုက်တာနဲ့ ဆုံးရှုံးမှု ပေါ်ပေါက်လာခဲ့ရင် လျော်ကြေးပေး မယ့် ကတိ (Promise)တစ်ခုကို အာမခံကုမ္ပဏီမှ ရရှိပါသည်။

အာမခံ လုပ်ငန်းနယ်ပယ်မှာ ကတိကဝတ်ပြု ထားတဲ့ စာချုပ်ကို ပေါ်လစီ (Policy) လို့ခေါ်ပါသည်။ ပေါ်လစီလို့ခေါ်တဲ့ စာချုပ်မှာ အာမခံဝယ်ယူသူနဲ့ အာမခံ ကုမ္ပဏီတို့ နှစ်ဦးနှစ်ဘက် လိုက်နာရ မယ့်စည်းမျဉ်းစည်းကမ်းတွေ ဖော်ပြ ထားပါသည်။

စည်းကမ်းချက်အတွင်း မှာ ဘောင်ဝင်မှ အာမခံလျော်ကြေး ရရှိပါသည်။

အာမခံလုပ်ငန်း၊ အာမခံစနစ် ပေါ်ပေါက်ခဲ့တာ နှစ်ပေါင်းအတော် ကြာခဲ့ပါပြီ။ ခရစ်မပေါ်မီ BC 2000 ကျော်လောက် ရှေးခေတ် ဘေဘီလုံ မြို့ပြယဉ်ကျေးမှု ထွန်းကားခဲ့တဲ့ ကာလကတည်းက အာမခံစနစ်သန္ဓေ တည်ခဲ့တာပါ။

ခေတ်သစ်အာမခံ သမိုင်းကြောင်းကတော့ ပင်လယ်ရေ ကြောင်း ကုန်သွယ်မှုလုပ်ငန်းတွေ ထွန်းကားလာတဲ့ (၁၄) ရာစုမှာစခဲ့ ပါတယ်။ အာမခံစနစ်ထွန်းကားလာ တာ ရေကြောင်းအာမခံ (Marine Insurance) စနစ်ကစခဲ့တာပါ။ (၁၇) ရာစုနဲ့ (၁၈) ရာစုမှာ ရေကြောင်း အာမခံလုပ်ငန်းတွေ ထွန်းကားလာပါ သည်။

လန်ဒန်မြို့ဟာ ကမ္ဘာ့ရေ ကြောင်း အာမခံစျေးကွက်ရဲ့ ဗဟို အချက်အချာ မြို့တစ်မြို့ဖြစ်ခဲ့ပါသည်။

အထွေထွေအာမခံလုပ်ငန်းတွေ ထဲမှာ မော်တော်ယာဉ်အာမခံ၊ မီး အာမခံ၊ ရေကြောင်းအာမခံ၊ လေ ကြောင်းအာမခံ၊ အင်ဂျင်နီယာအာမခံ၊ ရေနံနဲ့သဘာဝဓာတ်ငွေ့ အာမခံဆိုပြီး အာမခံအမျိုးအစားတွေအများကြီးရှိ ပါသည်။

ထိုအမျိုးအစားတွေထဲကမှ မော်တော်ယာဉ် အာမခံလုပ်ငန်း အကြောင်းကို အဓိက ဆွေးနွေးတင်ပြ လိုပါသည်။

လမ်းစဉ်ပါတီခေတ်မှာ အာမခံ လုပ်ငန်းကို နိုင်ငံပိုင် အာမခံလုပ်ငန်း တစ်ခုတည်းကပဲ ပြုလုပ်ခဲ့ပါသည်။ အာမခံလုပ်ငန်းကို မြန်မာတွေစိတ်ဝင် စားမှုနည်းပါးခဲ့တာ ကြာခဲ့ပြီဖြစ်သည်။

အစိုးရသစ်လက်ထက်မှာ အာမခံလုပ်ငန်းများကို ပုဂ္ဂလိကကုမ္ပဏီများသို့ လုပ်ကိုင်ခွင့်များပေးရန် စီစဉ်ခဲ့ပါ သည်။

စျေးကွက်စီးပွားရေးစနစ်မှာ စီးပွားရေး လုပ်ငန်းများအကြောင်း အမျိုးမျိုးကြောင့် ဆုံးရှုံးမှု ဘေး အန္တရာယ်များမှ ကာကွယ်မှုပေးရန် အာမခံစနစ်ထွန်းကားဖို့လိုပါသည်။

အာမခံစနစ်ကသာ စီးပွားရေးလုပ် ငန်းများကို ငွေကြေးအကာအကွယ် ပေးနိုင်ပါတယ်။

(၂၀၁၃) ခုနှစ်မှာ မြန်မာ့အာမခံ စျေးကွက် ပြန်လည်နှိုးထလာခဲ့ပါ သည်။

ကုမ္ပဏီပေါင်း (၁၂) ခုကို အာမခံလုပ်ငန်းများ လုပ်ကိုင်ခွင့်ပြုခဲ့ ပါသည်။

နိုင်ငံတစ်နိုင်ငံ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အာမခံ လုပ်ငန်းများ ထွန်းကားဖွံ့ဖြိုးဖို့လိုအပ် ပါတယ်။ စီးပွားရေးအဖွဲ့အစည်းတွေ ပြိုလဲမသွားအောင်၊ မမျှော်မှန်းနိုင်တဲ့ Risks အန္တရာယ်တွေကနေ ရှောင်ရှား နိုင်အောင် အာမခံစနစ်ကပဲ ကာကွယ် ပေးနိုင်ပါတယ်။

ရန်ကုန်မြို့အပါအဝင် မြန်မာ နိုင်ငံရဲ့ မြို့ကြီးတွေမှာ ကားအစီးရေ တိုးပွားလာခြင်းနဲ့အတူ ယာဉ်မတော် တဆမှုတွေလည်း မြင့်မားလာနေပါ တယ်။ ထုတ်ပြန်ထားတဲ့ ကိန်းဂဏန်း တွေအရ နေ့စဉ်ဖြစ်ပွားနေတဲ့ ယာဉ် တိုက်မှုနှုန်းက (၄၂) မှုလောက်ရှိပြီး လူသေဆုံးမှုနှုန်းက တစ်ရက်ကို (၁၁) ဦးလောက်ရှိနေပါသည်။

ဒီလောက် မြင့်မားနေတဲ့ Accident ဖြစ်ပွားနှုန်း က ကြောက်စရာကောင်းနေပါပြီ။

သင့် ကားဘယ်လောက်ကောင်းကောင်း၊ သင်စည်းကမ်းလိုက်နာမှု စံပြဖြစ်နေ ဦးတော့ Accident ဆိုတာ ရှောင်လို့ ရမယ်ထင်သလား။

ကံမကောင်းသည့် တစ်နေ့တော့ သင်လည်း ယာဉ်တိုက်မှု ကြံုနိုင်တယ်ဆိုတာကို သဘာဝကျကျ လက်ခံထားမှဖြစ်မည်။

သင်က အမှားမလုပ်ဘဲနဲ့ ပါကင်မှာ ရပ်ထားတဲ့ကားကို တစ်ခြားကားတစ်စီးက ၀င်တိုက်မိ တာမျိုးကြံုလာခဲ့လျှင် သင်လျော်ကြေး အပြည့်အဝရမယ် ထင်ပါသလား။

မီးပွိုင့်မှာ မီးနီနေတဲ့ အချိန်၊ ကားဖိုက် လာတဲ့လိုင်းကား ဘရိတ်ပေါက်လို့ပါ ဆိုပြီး ရပ်ထားတဲ့ကားတွေအတွဲလိုက် လေးငါးစီးဆင့်ပြီး ၀င်တိုက်သည်။

ကားသမားက ထွက်ပြေးသွားပြီ။ သင့်ကားက ကံဆိုးစွာနဲ့ ဒီကြားထဲမှာ ပါသွားတယ်။နောက်ကလဲ ၀င်ဆောင့် တဲ့ဒဏ်၊ ရှေ့က ကားကိုလည်း သွား ဆောင့်မိ။ လူတောင် မသေတာ ကံကောင်း။

ကားကတော့ရစရာကိုမရှိ တော့ဘူး။ ပြန်ပြင်လို့ ကောင်းလာမှာ မဟုတ်တော့တဲ့ အခြေအနေမျိုးမှာ သင့်ကားကို အလုံးစုံအာမခံထားခဲ့ လျှင် ဒီအချိန်မှာ သင်ဘာမှ ပူပင် သောက ရောက်နေစရာမလိုပါ။

အာမခံ ကုမ္ပဏီကို ဖုန်းလေးတစ်ချက် ဆက် လိုက်ရုံပါပဲ။ အာမခံကုမ္ပဏီက သင် အာမခံတင်ထားတဲ့ ငွေကြေးပမာဏ အတိုင်း လျော်ကြေးပေးပါလိမ့်မည်။

ကားဆိုတာ မီးလောင်ပေါက်ကွဲ လွယ်တဲ့လောင်စာတွေ အမြဲသိုလှောင် ထားတာကြောင့် မတော်တဆ မီး လောင်နိုင်တဲ့ အမျိုးအစားထဲမှာ ပါ သည်။

၀ါယာရှော့ပ်ဖြစ်လို့လဲ မီး လောင်နိုင်ပြီးတစ်ခြားပယောဂ တစ်ခုခုကြောင့်လည်း မီးလောင်နိုင်သည်။

ကားမီးလောင်ရင် တစ်စီးလုံး ကုန်သွားပါသည်။

သင်အာမခံထားခဲ့ လျှင်တော့ ရင်းစားပြန်ရမှာပါ။

ဒါကြောင့်မမျှော်မှန်းနိုင်တဲ့ အန္တရာယ် တွေ၊ သင် အစိုးမရတဲ့အကြောင်း တရားတွေကြောင့် သင့်ကားတစ်စုံ တစ်ခု ပျက်စီးဆုံးရှုံးခဲ့လျှင် သင့် ပိုင်ဆိုင်မှုကို တန်ဖိုးကျမသွားအောင် ကာကွယ်ပေးနိုင်တာ အာမခံစနစ်ပါ ပဲ။

ကားတစ်စီး ပိုင်ဆိုင်ထားတဲ့ အတွက်လမ်းပေါ်မှာ သင့်ကားကြောင့် တစ်ပါးသူတစ်ဦးဦးကို ထိခိုက်ဒဏ် ရာရစေတာ၊ သေဆုံးစေတာမျိုး အတွက် သင့်မှာတာဝန်ရှိလာပါသည်။

 သင်သာ အာမခံထားခဲ့လျှင် သင့်ပေး လျော်ရန်တာဝန်ကို အာမခံကုမ္ပဏီက ပဲစိုက်ထုတ်ပြီး လျော်ပေးပါလိမ့်မည်။

ကားနဲ့ပတ်သက်ပြီး ကိစ္စပြဿနာ ပေါ်တိုင်း ပူပင်သောကရောက်စရာ၊ စိတ်ညစ်စရာ၊ ငွေကြေးအကျပ် အတည်းအတွက် ဆွေမျိုးသားချင်း၊ မိတ်ဆွေ အပေါင်းအသင်းများထဲမှာ အောက်ကျနေစရာ မလိုတော့ပါဘူး။ သင့်ကားအတွက် အာမခံကုမ္ပဏီကပဲ တာဝန်ယူသွားပါလိမ့်မည်။

သင့် တာဝန်ကတော့ ကားတန်ဖိုးရဲ့ တစ် ရာခိုင်နှုန်းလောက်သာရှိတဲ့ ပရီမီယံ ကြေး တစ်နှစ်တစ်ကြိမ် သွင်းထားရုံ ပါပဲ။

ကားတစ်စီးကို အာမခံထား လိုက်တာ သင့်အတွက် တာဝန်တွေ ပေါ့သွားပါသည်။

ကားမောင်းရင်း စိတ်ပူစရာ စိုးရိမ်နေစရာ မလိုတော့ ပါဘူး။

သင့်ပဲ မှားမှား တစ်ခြားကား သမားကပဲမှားမှား တစ်ခုခုဖြစ်သွားခဲ့ လျှင် ဖြစ်ပေါ်လာမယ့် ဆုံးရှုံးမှုတန်ဖိုး တွေအတွက် သင့်မှာတာဝန်မရှိတော့ ပါဘူး။

အာမခံကုမ္ပဏီက သင့်ကား အတွက်အလုံးစုံတာဝန်ယူထားလိုက် တာကိုး။

ယာဉ်ကြောတွေကျပ်ပြီး အမြဲတမ်းကားတွေ ရှုပ်ထွေးနေတဲ့ ယနေ့ရန်ကုန်မြို့မှာ ကိုယ့်ကားကိုယ် မောင်းရတာ စိတ်ဖိစီးမှုတွေများပါ သည်။

စည်းကမ်းမရှိတဲ့ လိုင်းကား ဆရာတွေနဲ့ကြံုရရင် ပိုပြီးဒေါသဖြစ် စရာကောင်းပါသည်။

ယာဉ်တိုက်မှု ဖြစ်လျှင် ဘာမှတာဝန်မယူဘဲ ကိုယ် လွတ်ရုန်းပြီး ထွက်ပြေးတတ်တဲ့ လိုင်းကားသမားတွေကြောင့်လည်း ပိုပြီးစိုးရိမ်ပူပန်ရပြန်ပါသည်။

ဆယ် ကျော်သက် သားသမီးတွေက မိဘမသိ အောင် အိမ်ကကားကိုခိုးမောင်းတတ် ပါသည်။

လူငယ်ဆိုတော့ အရာရာကို လက်တွေ့ စမ်းသပ်ချင်ကြသည်။

အတွေ့အကြံုမရှိ ကျွမ်းကျင်မှုမရင့် ကျက်သေးတော့ ယာဉ်တိုက်မှုဖြစ်နိုင် ခြေပိုပြီးများပါသည်။

ပြောမရဆိုမရ သားသမီးအတွက် စိတ်တုံးတုံးချပြီး နေချင်ရင်တော့ သင့်ကားကို အလုံးစုံ အာမခံထားလိုက်ပါ။

မြန်မာ့အာမခံ စျေးကွက်မှာ အာမခံလုပ်ငန်း လုပ်ခွင့်ရကုမ္ပဏီ (၁၂) ခုရှိပါတယ်။ မီးအာမခံတွေ၊ ကားအာမခံတွေဖြစ်တဲ့ အထွေထွေ အာမခံလုပ်ငန်း လုပ်ခွင့်ရထားတဲ့ ကုမ္ပဏီပေါင်း ခြောက်ခုလောက်ရှိပါ သည်။

ထိုအာမခံလုပ်ငန်းများမှာ-

(၁) First National Insurance Co.,

(၂) Grand Guardian Insurance Co.,

(၃) Ayeyar Myanmar Insurance Co.,

(၄) Aung Thitsa Oo Insurance Co.,

(၅) Global World Insurance Co.,

(၆) International KBZ Insurance Co., တို့ဖြစ်ကြပါသည်။

နိုင်ငံပိုင်ဖြစ်တဲ့ မြန်မာ့အာမခံလုပ်ငန်း ကတော့ အကြီးမားဆုံးနဲ့ အကျယ်ပြန့် ဆုံး လုပ်ငန်းဖြစ်ပြီး အာမခံအမျိုး အစား အစုံအလင်ကို လုပ်ကိုင်ပါ သည်။

မြန်မာနိုင်ငံမှာ အာမခံလုပ်ငန်း ကို အများပြည်သူစိတ်ဝင်စားမှု နည်း ပါးနေပါသေးသည်။

အာမခံထားတဲ့ အတွက် ရရှိလာမယ့် ငွေကြေး အကာ အကွယ်နဲ့ အကျိုးကျေးဇူးကို သိရှိ နားလည်သဘောပေါက်သူနည်းနေပါသည်။

မကြာသေးမီက ရန်ကုန်မြို့ တော်ရဲ့ စီးပွားရေး အချက်အချာကျတဲ့ မင်္ဂလာစျေးကြီး မီးလောင်ဆုံးရှုံးသွား ခဲ့ပါသည်။

မီးလောင်မှုကို ကြိုတင် ကာကွယ်နိုင်ပေမယ့် မီးဘေးအန္တရာယ် လုံးဝ ကင်းဝေးအောင် ဘယ်သူမှ မတားဆီးနိုင်သေးပါဘူး။

 မီးလောင်ခံရမှ မီးအာမခံမထား ခဲ့ခြင်းကို နောင်တကြီးစွာ ရနေကြပါ သည်။

မင်္ဂလာစျေး မီးလောင်ခံရတဲ့ ဖြစ်စဉ်မှာ ဘာမျှပြန်မရလိုက်တဲ့ စျေး ဆိုင်ပိုင်ရှင်တွေ အများကြီးပါပဲ။ မီး အာမခံထားတဲ့ ဆိုုင်က နည်းပါသည်။

 မီးလောင်ဆုံးရှုံးခံလိုက်ရတော့ ရူး မတတ် ခံစားရပါတယ်။ အကယ်၍ သာ မီးအာမခံထားခဲ့ပါက သင့်ရဲ့ သောကအပူမီးကို အာမခံကုမ္ပဏီက ငြိှမ်းပေးပါလိမ့်မည်။

ရန်ကုန်-မန္တ လေး အမြန်လမ်းမှာ နေ့စဉ်နှင့်အမျှ ယာဉ်မတော်တဆမှုတွေ ဖြစ်နေပါ သည်။

အာမခံထားတဲ့ ကားစီးရေ နည်းပါတယ်။ Accident ဖြစ်ရင် ဆုံးရှုံးမှုကြီးမားပါတယ်။ အာမခံထား တဲ့ ကားပိုင်ရှင်ကတော့ ခုသာ ခံသာ ရှိပါသည်။

လုံးဝပျက်စီးဆုံးရှုံးရတဲ့ အခြေအနေမဲ့ ဘဝမျိုး ရောက်မသွား ပါဘူး။

ယာဉ်မတော်တဆမှု ဖြစ်ပွား နှုန်းတွေ မြင့်မားနေတဲ့အချိန်မှာ သေချာရေရာမှုဆိုတာ ဘာမှမရှိပါဘူး။ သေချာတာတစ်ခုကတော့ အာမခံ ထားလျှင် သင့်ဆုံးရှုံးမှုတွေကို ငွေကြေး နဲ့ ကာကွယ်ပေးနိုင်ပါလိမ့်မည်။

ဒါကြောင့် သင်ပိုင်ဆိုင်တဲ့ ကားကို ဆုံးရှုံးမှု ဘေးအန္တရာယ်တွေက နေ အကာအကွယ်ရဖို့ ဒီနေ့ပဲအာမခံ သွားထားလိုက်ပါ။

 

Read 1824 times