Coronavirus ကူးစက်ပျံ့နှံ့မှုကြောင့် အဆင်မပြေမှုဖြစ်စေသည့် မော်တော်ယာဥ် ရောင်အားသည် ယခုနှစ်တွင် ပုံမှန်ထက်ရောင်းအားပိုနည်းသော်လည်း စျေးနှုန်းများမြင့်တက်နေခြင်း ဖြစ်ကြောင်း Wall Street Journal (WSJ) မှဖော်ပြထားပါတယ်။
J.D. Power ၏ သုတေသနအစီရင်ခံစာအရ မော်တော်ယာဥ် အသစ် တစ်စီး၏ ပျမ်းမျှဈေးနှုန်းသည် ဩဂုတ်လတွင် ဒေါ်လာ ၃၅,၄၂၀ ရှိကြောင်းဖော်ပြထားပါတယ်။ အမေရိကတွင် ကပ်ဆိုက်ကာလမတိုင်ခင်ကတည်းက ကားဈေးနှုန်းများ မြင့်တက်ခဲ့ကြောင်းသိရပါတယ်။
အိမ်ရာဈေးကွက်နှင့် ဆင်တူပြီး အတိုးနှုန်းနိမ့်ခြင်းနှင့် ရရှိနိုင်သည့် အိမ်များနည်းပါးခြင်းတို့ကြောင့် စျေးနှုန်းများတက်သွားခြင်းဖြစ်သည်ဟု Wall Street Journal (WSJ) မှဖော်ပြထားပါတယ်။
Motor Intelligence မှဖော်ပြချက်အရ ကားရောင်းအားသည် ၁၉.၈ ရာခိုင်နှုန်းကျဆင်းခဲ့ပါတယ်။ ကားအရေအတွက် သည်ကျန် ၂၀၂၀ ပြည့်နှစ်တွင်ဆက်လက်ကျဆင်းဖွယ်ရှိပြီး ၀ယ်ရန်ရန်ပုံငွေရှိသူများက ဈေးပိုများသော SUVs များနှင့် ကုန်တင်ကားများ ၀ယ်ယူကြကြောင်းသိရပါတယ်။
Hyundai နှင့် BMW တို့ကဲ့သို့ သောကုမ္ပဏီများသည် မကြာသေးမီက ထိုအမျိုးအစားများ ကဲ့သို့ တိုးချဲ့ဝင်ရောက်လာခြင်းကြောင့် အကျိုးအမြတ် ရရှိခဲ့တယ်လို့ဆိုပါတယ်။
ဒီလိုအခြေအနေတွေကြောင့် အွန်လိုင်း ကားအရောင်းသို့ ပြောင်းလဲသွားခဲ့ပြီး ဒုတိယသုံးလပတ်တွင် eCommerce ကားအရောင်းကိုယ်စားလှယ် Carvana မှ ဒေါ်လာ ၁.၁၂ ဘီလီယံ ၀င်ငွေတိုးလာခဲ့ကြောင်း သိရပါတယ်။
စီအီးအိုနှင့်တည်ထောင်သူ Ernie Garcia ပြောဆိုချက်အရယ ခင်ကအွန်လိုင်းတွင်ကားဝယ်ရန်စဉ်းစားခြင်း မပြုသောသူများသည် ယခုအခါ ၎င်းကိုထပ်မံစဉ်းစားနေရကြောင်းရှင်းပြထားပါတယ်။
By Myanmar Automobile Guide
Ref:pymnts