ကားမောင်းနေရင်း ထိုးရပ်သွားတဲ့အခါ စစ်ဆေးရမည့်အရာများ


ကားတစ်စီးဟာ ပူပြင်းတဲ့ရာသီမှာ အင်ဂျင်လည်ပတ်နှုန်းက အကြိမ်ရေများများနဲ့ အလုပ်လုပ်ရပါတယ်။ 

 

ထို့ကြောင့် ဆီပေးပို့မှုလည်းလိုလာပါပြီ။ အင်ဂျင်ခန်းထဲကို ဆီပေးပို့မှု လုံလုံလောက်လောက်မရတဲ့အခါ ကားမောင်းနေစဉ် ထိုးရပ်သွားတတ်ပါတယ်။


အရင်ဦးဆုံး အင်ဂျင်စက်နှိုးနေတာကို ရပ်လိုက်ရပါမယ်။ ပြီးရင်လက်ကျန် ဆီဖိအားကိုလည်း သတ်မှတ်ပေးထားတဲ့ စင်တီမီတာမှာရှိမရှိကို ငါးမိနစ်ခန့်ကြာတဲ့အချိန်အထိ စောင့်ကြည့်ရပါမယ်။

 

တကယ်လို့ အင်ဂျင်ရပ်တန့်လိုက်တာနဲ့ ဆီဖိအားလည်း လျင်မြန်စွာ ကျဆင်းသွားခဲ့ရင် ဖြစ်ပေါ်လာနိုင်တဲ့အကြောင်းမှာ ဆီလုံလောက်မှုတွေကို ထိန်းသိမ်းပေးနေတဲ့ လောင်စာကို ဖိအားပေးတဲ့ဆီပိုက်လိုင်းတွေကို စစ်ဆေးရမယ်။

 

ဆီပေးပို့မှုမှန် မမှန်ဆိုတာကိုလည်း စစ်ဆေးရပါမယ်။ အင်ဂျင်ခန်းမှာ ဖွဲ့စည်းထားတဲ့ ပိုက်လိုင်းတွေ၊ လျှပ်စစ်ကြိုးတွေ၊ ဂက်စ်ကက်(gasket) တွေကို စစ်ဆေးရမယ်။ အဲဒါတွေကို စစ်ဆေးပြီး တဲ့အခါ ဘက်ထရီအမငုတ် (negative cable) ဖြုတ်ထားရမှာ ဖြစ်ပါတယ်။


ဆီမသန့်လို့လည်း ဖြစ်တတ်ပါတယ်။ ဆီထဲမှာ အမှုန်အမွှားလေးတွေပါသွားတတ်တယ်။

 

၎င်းအမှုန်အမွှားလေးတွေက ဆီစစ်ဆန်ခါတွေပေါ်မှာ ပိတ်ဆို့မှု တွေ ဖြစ်သွားပြီး အင်ဂျင်အလုပ်မလုပ်တော့ဘဲ စက်ထိုးရပ်တာလည်းဖြစ်တတ်ပါတယ်။


ပူပြင်းတဲ့နွေရာသီရောက်လာပြီဆိုရင် ကားအင်ဂျင်ခန်းတွေကို ဂရုစိုက်ဖို့လိုလာပါပြီ။ ကားမောင်းပြီးပြီဆိုရင် ဘောနက်ဖုံးတွေကို ဖွင့်ပေးထားဖို့လိုပါတယ်။ ဆီသန့် ရှင်းမှုကလည်း ကားအင်ဂျင်တွေနဲ့ ပတ်သက်တဲ့အဓိက အစိတ်အပိုင်းတွေကို တာရှည်ခံစေပါတယ်။

 

Read 2072 times