ကားပိုင်ရှင်တွေအနေဖြင့် ကားမောင်းရုံသာ မောင်းပြီး ပြုပြင်ထိန်းသိမ်းမှုပိုင်း မလုပ်ဘဲနေလို့မဖြစ်သလို စနစ်တကျပြုပြင်ထိန်းသိမ်းဖို့ကလည်း အရေးကြီးသောကြောင့် အမှားနည်းနည်းနှင့် လုပ်နိုင်စေရန် မှားလေ့မှားထရှိသည်များကို ဖော်ပြပေး လိုက်ပါသည်။
1. စက်သုံးဆီကိုသာ စစ်ဆေးခြင်း
ကားထဲမှာ ဓာတ်ဆီ၊ ဒီဇယ် ဘယ်လောက်ရှိသလဲဆိုသည်ကို အမြဲလိုလိုသတိထားကြည့်ကြသော်လည်း ဘရိတ်ဆီ၊ အင်ဂျင်အအေးပေးရာတွင် သုံးသော အရည် (ရေတိုင်ကီ Coolant)၊ အင်ဂျင်ဝိုင်များ၊ ဝါရှာဆေးရည်များကို ရှိ၊မရှိ စစ်ဆေးရန်ကိုတော့ မေ့နေလေ့ရှိပါသည်။
2. ရာသီအလိုက် သင့်တော်တဲ့ တာယာမလဲခြင်း
ဖိနပ်တောင်မှ သူ့နေရာနှင့်သူ လိုက်ဖက်ညီစွာ စီးနိုင်ရန် အရံပေါင်းများစွာ ဝယ်ထားကြသော်လည်း ကားတာယာကိုတော့ ရာသီဥတုနှင့် ကိုက်ညီမှုရှိစေရန် လဲလှယ်သုံးဖို့ မေ့လျော့တတ်ပါသည်။
3. ကားမီးလုံးကျွမ်းနေတာကို မလဲခြင်း
ကားမှာ မီးသီးများကျွမ်းပြီး အလင်းရောင်လုံလုံလောက် လောက်မရသည်ကို ဘာမှမဖြစ်လောက်ပါဘူးဆိုပြီး ထိုအတိုင်းနေခြင်းမျိုးလုပ်လေ့ရှိပါသည်။
4. သတ်မှတ်အင်ဂျင်ဝိုင်မသုံးခြင်း
ကားအင်ဂျင်များ အလုပ်ကောင်းကောင်းလုပ်ရန်ဆိုလျှင် အင်ဂျင်ဝိုင်က အဓိကဖြစ်ပြီး မိမိကား၏ အင်ဂျင်ပါဝါအလိုက် သုံးစွဲရမည့် အင်ဂျင်ဝိုင်ကိုမသုံးဘဲ စေးပျစ်ပျစ်အင်ဂျင်ဝိုင်ဖြစ်ရင် ပြီးရောဆိုပြီး သုံးတာမျိုးများရှိတက်ပါသည်။
5. မလိုအပ်ဘဲ ဝိတ်တွေ အများကြီးတင်မောင်းခြင်း
ကားနောက်ခန်းမှာပဲဖြစ်ဖြစ်၊ အမိုးပေါ်မှာပဲဖြစ်ဖြစ် အသုံးမလိုဘဲ ပစ္စည်းအလေးကြီးများ တင်ထား၊ ချိတ်ထားပြီး မောင်းခြင်းများကြောင့် ခရီးမိုင်များကို ပိုတက်စေပါသည်။
6. ကားဘီးလေမစစ်ဘဲမောင်းခြင်း
ထိုအရာမှာ အများဆုံးလုပ်လေ့ရှိသည့် အမှားတစ်ခုဟု ဆိုနိုင်ပေသည်။
ကားဘီးများ အေးစက်ပြီး လေလျော့နေခြင်းမျိုးကို မစစ်ဘဲမောင်းလျှင် ကားဘီးပေါက်ပြီး မလိုလားအပ်သော အန္တရာယ်များ ဖြစ်လာနိုင်ပါသည်။
7. ခေတ်လွန်နေတဲ့ ဆီစစ်၊ လေစစ်များသုံးခြင်း
အကုန်အကျသက်သာသည်ဆိုပြီး မိမိတွင်ရှိသော ဆီ စစ်၊ လေစစ်များက ပြန်သုံးလို့ရမှာပဲတွေးပြီး ပြန်သုံးခြင်းမျိုးဖြစ်ပါသည်။
အချိန်အကြာကြီးတုန်းက ထုတ်ခဲ့သော ပစ္စည်းများသည် အလုပ်ကောင်းကောင်းမလုပ်တော့ဘူးဆိုသော အတွေးမျိုးရှိရန်လည်း လိုပါသည်။
8. ဘရိတ်ကို ဆောင့်နင်းခြင်း
ကားပိုင်ရှင်တွေအနေဖြင့် ကားမောင်းရုံသာ မောင်းပြီး ပြုပြင်ထိန်းသိမ်းမှုပိုင်း မလုပ်ဘဲနေလို့မဖြစ်သလို စနစ်တကျပြုပြင်ထိန်းသိမ်းဖို့ကလည်း အရေးကြီးသောကြောင့်
အမှားနည်းနည်းနှင့် လုပ်နိုင်စေရန် မှားလေ့မှားထရှိသည်များကို ဖော်ပြပေး လိုက်ပါသည်။
9. စက်ပြင်ဆရာ မသုံးခြင်း
ကားတစ်ခုခုဖြစ်ပြီဆိုလျှင် မိမိသိထား၊ကြားထားသည်များနှင့် တတ်ယောင်ကား လက်တည့်စမ်းခြင်းမျိုး ပြုလုပ်တက်ပါသည်။
နည်းနည်းနဲ့ ပြီးရမည်ကို မိမိလုပ်လိုက်မှ ပျက်စီးဆုံးရှုံးမှုများအောင်လုပ်မိတတ်၍ စက်ပြင်ဆရာနဲ့ပြရန် ဝန်မလေးသင့်ပေ။