'Wheel of Fortune' ဒိုင်ပယ်သော်လည်း Audi က Q3 ကားအသစ် ဆုချီးမြှင့်မည်


'Wheel of Fortune' ဒိုင်ပယ်သော်လည်း Audi က Q3 ကားအသစ် ဆုချီးမြှင့်မည်


 "Wheel of Fortune" ပြိုင်ပွဲဝင်တစ်ဦးသည် ပဟေဠိကို မှန်ကန်စွာဖြေဆိုခဲ့သော်လည်း လုပ်ထုံးလုပ်နည်း စည်းမျဉ်းစည်းကမ်းအရ ဒိုင်က ပယ်ချခဲ့ရတဲ့အတွက် ဆုအဖြစ် ရရှိမယ့် Audi ကားအသစ်တစ်စီး ဆုံးရှုံးခဲ့ရပါတယ်။ 


 ဒါပေမဲ့ Audi ကားကုမ္ပဏီက ပြိုင်ပွဲဝင်ကို ကားအသစ်တစ်စီးကို လက်ဆောင်အဖြစ် ပေးအပ်မယ် လို့ ထုတ်ပြန်ကြေညာပါတယ်။ ဆုအဖြစ် ချီးမြှင့်ဖို့ သတ်မှတ်ထားတဲ့ မော်ဒယ်ကို လက်ဆောင်ပေးမှာ ဖြစ်ကြောင်းလည်း အတည်ပြုပြောကြားပါတယ်။
ပြိုင်ပွဲဝင်  Charlene Rubush က စာကြောင်းတစ်ခု ပြည့်အောင် ကွက်လပ်တွေကို စဉ်းစားဖော်ထုတ်ပြီး အဖြေစာကြောင်းကို ပြောပြရတဲ့ ပဟေဠိကို ဖြေဆိုရာမှာ "သင် ဘာလုပ်နေသလဲ"  "What are you doing?" ခေါင်းစဉ်အောက်မှ စာကြောင်းကို အဖြေထုတ်ပေးတဲ့အခါ ပထမအကြိမ်မှာ "Choosing the right card"  လို့ အဖြေပေးလိုက်ပြီး သူပြောတဲ့အဖြေ မမှန်ကြောင်း သိရတော့ နောက်အဖြေတစ်ခုကို ထပ်ပေးလိုက်ပါတယ်။" Choosing the right ... word!"  လို့ သူ ပြောလိုက်တဲ့ အဖြေက မှန်ပါတယ်။ 
ဒါပေမဲ့ "right" နဲ့ "word" စာလုံးနှစ်ခုကြားမှာခေတ္တရပ်ပြီး စဉ်းစားလိုက်တာ စက္ကန့်ပိုင်း ကြာသွားပါတယ်။
ပြိုင်ပွဲစည်းကမ်းအရ ကြာခွင့်မရှိပါဘူး။ ဒိုင်က ရှင်းပြပါတယ်။ "ကျွန်တော်တို့က ခဏရပ်တာ ခွင့်ပြုပါတယ်။ ဒါပေမဲ့ လေးငါးစက္ကန့် ကြာတဲ့အထိတော့ ခွင့်မပြုပါဘူး။ ဆောရီးပါ။ မင်း ဖြေဆိုတာ ကောင်းခဲ့ပါတယ်။၊ ဒါပေမဲ့ ငါတို့က မင်းကို ဆုမပေးနိုင်ဘူး၊ အဲဒါ Audi ပဲ"

Rubush က ဆုကြေး အမေရိကန်ဒေါ်လာ ၁၆,၅၀၀ ဖြင့် ကျေနပ်လိုက်ရပါတယ်။ အနိမ့်ဆုံး ရောင်းဈေး အမေရိကန်ဒေါ်လာ ၃၅,၉၀၀ ဖြင့် စတင်တဲ့ ဇိမ်ခံ SUV ဖြစ်တြဲ Audi Q3 ကို ဆုံးရှုံးခဲ့ပါတယ်။
ဆုနဲ့ လွဲချော်ခဲ့ရတဲ့ ဗီဒီယို မှတ်တမ်းအပိုင်းကို ယခင် ဆုရဖူးသူ Alex Jacob က လူမှုကွန်ရက် Twitter တွင် တင်လိုက်တာ ကြည့်ရှုသူ၊ ဖြန့်ဝေသူ များပြားခဲ့ပါတယ်။

" လုပ်လိုက်စမ်းပါ @WheelofFortune၊ အမျိုးသမီးက မှန်ကန်တဲ့ စကားလုံးကို ရွေးချယ်ခဲ့တာပါ။ သူမကို ကားပေးလိုက်ပါ" လို့လည်း Alex Jacob က တိုက်တွန်းရေးသားခဲ့ပါတယ်။
သူက Audi ဆီကိုလည်း စာပို့ပြီး အသနားခံထားကြောင်းလည်း အသိပေးပါတယ်။

 နာရီ အတန်ကြာပြီးနောက် Audi က Rubush သည် သူတို့အမြင်တွင် အနိုင်ရသူပါလို့ Twitter တွင် အကြောင်းပြန်ပါတယ်။ Audi  Q3 ကိုချီးမြှင့်မည်လို့လည်း အတည်ပြု ရေးသားခဲ့ပါတယ်။ 
 ဆုအဖြစ်ဖြင့် မရပေမဲ့ လက်ဆောင်အဖြစ် Audi  Q3 ကို ပြိုင်ပွဲဝင်  Charlene Rubush က ရရှိမှာ ဖြစ်ပါတယ်။

 

 

 

Read 379 times