ကိုယ်ကာယပိုင်းဆိုင်ရာ ချို့ယွင်းချက်ရှိသူများအတွက် အထူးဒီဇိုင်းထွင်ထားသည့် ကားများ


မော်တော်ကားထုတ်လုပ်ရောင်းချသူများသည် ၁၉၅၀ ပြည့်လွန်နှစ်များမှစ၍ အရွယ်အစားသေးငယ်သော ကားအမျိုးမျိုးကို ထုတ်လုပ်လာကြပါသည်။

ထိုကားလေးများထဲတွင် ကိုယ်လက်အင်္ဂါမသန်းစွမ်းမှု၊ သို့မဟုတ် ကျန်းမာရေးကြောင့် ဝှီးချဲ အသုံးပြုနေရသူများအတွက် ကားပေါ်ကို ဝှီးချဲနှင့်တက်ပြီး မောင်းနှင်နိုင်အောင် အထူးဖန်တီးဒီဇိုင်းထွင်ထားသော ကားများလည်း ပါဝင်ပါသည်။

ထိုကားများသည် ဝှီးချဲပေါ်မှ မောင်းနှင်နိုင်ပြီး ကားမောင်းသူထိုင်ခုံပါဝင်သော သမားရိုးကျကားများနှင့် ထူးခြားစွာ ကွဲပြားပါသည်။

ဝှီးချဲအသုံးပြုသူများအတွက် မော်တော်ကားများကို ထုတ်လုပ်သည့် ကားထုတ်လုပ်သူများထဲတွင် အင်္ဂလန်နိုင်ငံက AC Cars၊ အနောက်ဂျာမနီက Fend၊ အရှေ့ဂျာမနီက Simson DUO၊ ဆိုဗီယက်ပြည်ထောင်စုက SMZ နှင့် ချက်ကိုဆလိုဗက်ကီးယားနိုင်ငံက Velorex တို့ပါဝင်ပါသည်။

UK တွင် ၁၉၆၀ နှင့် ၁၉၇၀ ပြည့်လွန်နှစ်များ ဝန်းကျင်က ထုတ်လုပ်ဈေးကွက်တင်ခဲ့သည့် Invacar သည် ကိုယ်ကာယပိုင်းဆိုင်ရာ ချို့ယွင်းချက်ရှိသူများအတွက် အထူးဒီဇိုင်းထွင်ထားသည့် ဈေးချိုချိုနှင့် ပြုပြင်ထိန်းသိမ်းစရိတ် သက်သာသော ကားမိုဒယ်တစ်ခုဖြစ်ခဲ့ပါသည်။

ထိုကားများတွင် ဘီးသုံးဘီးသာရှိပြီး အတော်လေးပေါ့ပါးလှခြင်းကြော်င့ ယာဉ်ကြောရှုပ်ထွေးသည့် လမ်းများပေါ်တွင် လုံခြုံမှုအတွက် စိုးရိမ်ရသော ယာဉ်များအဖြစ် သတ်မှတ်ထားကြပါသည်။

ထိုကားလေးများကို ထုတ်လုပ်မှုရပ်ဆိုင်းခဲ့ပြီးနောက် ၂၇ နှစ်အကြာ ၂၀၀၃ ခုနှစ်တွင် လမ်းပေါ်မတွေ့ရသော်လည်း ကားတစ်ချို့ကတော့ လက်ရှိအချိန်အထိ ကျန်ရှိနေပါသေးသည်။

နောက်ဆုံးထုတ်လုပ်ခဲ့သည့် ကားများထဲမှ တစ်စီးဖြစ်သော ၁၉၇၆ ခုနှစ်ထုတ် ကားနမူနာတစ်စီးကို ဟမ်းရှိုင်းယားက အမျိုးသားကားပြတိုက် (National Motor Museum) တွင် ခင်းကျင်းပြသထားပါသည်။

လက်ရှိအချိန်အထိ ကမ္ဘာတွင် ဝှီးချဲအသုံးပြုသူများ မောင်းနှင်နိုင်မည့်ကားမိုဒယ်တော်တော်များကို ထုတ်လုပ်ဈေးကွက်တင်နေဆဲဖြစ်ပြီး အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ Riverside အခြေစိုက် Chairiot Mobility Inc., က ထုတ်လုပ်သည့် Chairiot solo ကားများကို မြောက်အမေရိကတွင် ထုတ်လုပ်ရောင်းချပါသည်။

ထိုကားများသည် နှေးကွေ်းသော ဘက်ထရီသုံးလျှပ်စစ်ကားငယ်များဖြစ်ပြီး ဝှီးချဲအသုံးပြုသူများအနေဖြင့် ဝှီးချဲကိုပါ ကားပေါ်တွန်းဝင်နိုင်အောင် အရွယ်အစားကြီးမားသော ကားနောက်တံခါးများ ပါဝင်ပါသည်။

နောက်ထပ်ကားတစ်စီးမှာ ဒတ်ချ် ကားထုတ်လုပ်ရေးလုပ်ငန်း Waaijenberg ကထုတ်လုပ်ခဲ့သည့် Inrij-Canta ဖြစ်ပါသည်။

ဟန်ဂေရီနိုင်ငံမှ အမေရိကန်ပြည်ထောင်စု၊ တက္ကဆက်ပြည်နယ်ကို ရွှေ့ပြောင်းလာသော Istvan Kissaroslaki ဆိုသူ ဒီဇိုင်းထွင်ဖန်တီးခဲသည့် Kenguru ကားက ပြည်တွင်းသုံးရန် ရည်ရွယ်ထားသော လျှပ်စစ်ကားငယ်ဖြစ်ပြီး ၂၀၁၇ ခုနှစ်အထိ ပြီးပြည့်စုံသော ထုတ်လုပ်မှုအဆင့်ကို မရောက်ရှိသေးပေ။

ချက်ကားကုမ္ပဏီ ZLKL က ဖန်တီးထုတ်လုပ်လိုက်သော Elbee ကားလေးမှာ မြေမရွေးသွားနိုင်ပြီး ဝှီးချဲအဝင်/အထွက်ပြုလုပ်ရန် ကားရှေ့တွင် တံခါးတပ်ဆင်ထားခြင်းကြော်င့ တခြားကားများနှင့်မတူဘဲ တစ်မူထူးခြားပါသည်။

ထို့အပြင် ဝှီးချဲအသုံးပြုသူများကးိုယ်တိုင်မောင်းနှင်အသုံးပြုရန် ထုတ်လုပ်ထားသော ကားအတော်များများသည် တစ်ယောက်သာ စီးနင်းနိုင်သော ကားများဖြစ်သော်လည်း Elbee မှာ ကားအနောက်ဘက်မှာ လူပိုတစ်ယောက် တင်ဆောင်နိုင်သော ထိုင်ခံတစ်လုံးပါဝင်ပါသည်။

 

Read 612 times