ကားထဲကို ဆီမှားထည့်မိလျှင် ပြုလုပ်ရမည့်အချက်များ


လူအများစုသည်မိမိကားတွင်မည်သည့်စက်သုံးဆီအသုံးပြုသည်ကိုမေ့လျော့နေပြီးဓာတ်ဆီ၊ဒီဇယ်မှားယွင်းထည့်မိခြင်းမျိုးဖြစ်တတ်ပါသည်။

ဆီမှားထည့်သည့်အခါတွင်အင်ဂျင်အမျိုးအစားပေါ်မူတည်ပြီးပျက်စီးမှုအနေအထားကွာခြားတတ်သော ကြောင့် ကားထဲဆီမှားထည့်မိပါက ဖြစ်တတ်သည်များကို ဖော်ပြပေးလိုက်ပါသည်။ ဆီမှားထည့်မိပြီဟုသိလိုက်သည်နှင့်တြ့ပိုင်နက်စက်နှိုးဖို့ စိတ်မကူးပါနှင့်။

စက်နှိုးခဲ့ပါကအင်ဂျင်ကိုထိခိုက်ပျက်စီးမှုများစေမည်ဖြစ်သည့်အတွက်ပြင်ဆင်မှုစရိတ်စကများအများကြီး တက်လာမည်ဖြစ်သည်။ ကားတန်းမောင်းမိပါကရောက်သည့်နေရာတွင်လွတ်လွတ်ကင်းကင်းချက်ချင်းရပ်လိုက်ပြီးကားသော့တန်း ဖြုတ်ထားလိုက်ပါ။ ဆီမှားထည့်မိပြီဆိုပါကရုတ်တရက်အရှိန်နှုန်းလျော့ကျသွားခြင်း၊အင်ဂျင်မီးဖောက်တာခြင်း၊အိတ်ဇောမှမီးခိုးအရမ်းထွက်လာခြင်းတို့ ဖြစ်လာတတ်ပါသည်။

ဓာတ်ဆီတိုင်ကီထဲကို ဒီဇယ်ထည့်ရန်ခက်ခဲပါသည်။ ဒီဇယ်ပန့်ခေါင်းမှာဓာတ်ဆီတိုင်ကီနဲ့အံဝင်ခွင်ကျမဖြစ်သည့်အတွက်ဆီမှားထည့်တော့မည်ဆိုပါကသတိပြုမိနိုင်ပါသည်။ ဒီဇင်အင်ဂျင်ကားထဲကိုဓာတ်ဆီမှားထည့်မိပါကဓာတ်ဆီအင်ဂျင်ကိုဒီဇယ်မှားထည့်မိသည်ထက် ပျက်စီးမှုပိုများပါသည်။

ဆီမှားထည့်သည့်ပြဿနာကြုံရပြီဆိုပါကတတ်ကျွမ်းနားလည်သူ၏အကူအညီယူပြီးအမြန်ဆုံးပြင်ဆင်ရန်လိုအပ်ပါသည်။ မိမိစိတ်ထင်ရာလုပ်မိပါက ကား၏တခြားအစိတ်အပိုင်းများပါ ပျက်စီးကုန်ပြီး ပြင်မဆုံးနိုင်ဖြစ်တတ်ပါသည်။

Read 4139 times