ပါဝါစတီယာရင်စနစ်ချို့ယွင်းလျှင် လုပ်ဆောင်သင့်သည့်အချက်များ


ကားမောင်းနှင်းသည့်အခါတွင် မိမိကား၏ စတီယာရင်ချို့ယွင်းနေပါက လုပ်ဆောင်ရမည့် အချက်(၇) ချက်ကို တင်ပြပေးလိုက်ပါသည်။

 

၁။လှည့်လိုက်တိုင်းနားစွင့်ထားပါ

ယာဉ်မောင်းသူက စတီယာရင်ကို လှည့်လိုက်သည့် အချိန်တွင် စူးရှရှည်လျားသော ပြည်သံ၊ ညည်းတွားသံမျိုးနှင့် စီခနဲကျယ်ကျယ်လောင်လောင် အသံမြည်လာပါက ကား၏ စတီယာရင်စနစ်တွင် ပြသနာရှိနေပြီဖြစ်သည်။ ထိုသို့ဖြစ်ခြင်းမှာ စနစ်အတွင်းတွင်ရှိသော ပန့်(pump)က အရည်အပေါ် သက်ရောက်တဲ့ဖိအားကျဆင်းနေခြင်းဖြစ်သည်။

 

၂။အလွတ်လှည့်ကြည့်ပါ

စတီယာရင်ဘီးကို အလွတ်လှည့်ကြည့်ရင်း သတိထားကြည့်ရမည်ဖြစ်ပြီး ပုံမှန်ဆိုလျှင် စတီယာရင်ကို အားမစိုက်ဘဲ အနည်းငယ်လှည့်သည်နှင့် ကားကိုလိုချင်သည့်ဘက်ကို ကွေ့ပတ်ပြီးလှည့်နိုင်ပါသည်။ စတီယာရင်ကို လိုသည်ထက်ပိုပြီး အားစိုက်လှည့်နေရပါက ကား၏ ပါဝါစတီယာရင်ချွတ်ယွင်းနေပြီဖြစ်သည်။

 

၃။ယိုစိမ့်နေတာရှိလား

ပါဝါဆီယိုစိမ့်ခြင်းရှိမရှိ အမြဲစစ်ဆေးသင့်ပါသည်။ ကားကိုအချိန်အတော်ကြာရပ်ထားပြီးတိုင်း ယာဉ်၏ အောက်ဘက်တွင် အရည်ယိုစိမ့်တာမျိုးရှိမရှိ စစ်ဆေးရမည်ဖြစ်သည်။ ယိုစိမ့်သည့် အစက်အပေါက်မှာ ပန်းရောင်သို့မဟုတ် အနီရောင်ဖြစ်နေပါက ပါဝါစတီယာရင်စနစ်အတွင်းတွင် ပါဝါဆီယိုစိမ့်ခြင်းဖြစ်သည်။ ထိုသို့ဖြစ်မဖြစ် အလွယ်တကူသိရှိလိုပါက အဲ့သည့်နေရာတွင် စက္ကူဖြူ သို့မဟုတ် အဖြူရောင်ကတ်ထူပြားတစ်ချပ်ကို ထားရှိရပါမည်။ အဖြူရောင်ကတ်ထူပြားမှ ကျလာသည့်အရည်၏ အရောင်ကိုအလွယ်တကူသိရှိစေမည်ဖြစ်သည်။

 

၄။သတိပေးပါ

မိမိကား၏ ပါဝါစတီယာရင်စနစ်ချွတ်ယွင်းနေပါကအခြားယာဉ်မောင်းသူကို သတိပေးရပါမည်။ မြန်နှုန်းမြင့်မောင်းနှင်သည့်အခါ မိမိကား၏ ပါဝါစတီယာရင်ချွတ်ယွင်းနေပါက ပထမဆုံးဖြစ်လာသောကြောက်စိတ်ကြောင့် ဆုံးဖြတ်ချက်မှားယွင်းပြီး ယာဉ်အန္တရာယ်နှင့် ကြုံတွေ့နိုင်ပါသည်။ ဖြစ်ပေါ်နေသည့် ကြောက်စိတ်အစား အခြားယာဉ်မောင်းသူများ သိရှိနိုင်စေရန် ဟွန်းသံနှင့် အချက်ပြသတိပေး ရမည်ဖြစ်သည်။  ထို့မှသာ မိမိကားတွင် ပြဿနာတစ်ခုခုဖြစ်နေပြီကို သိရှိနိုင်မည်ဖြစ်သည်။

 

၅။လမ်းဘေးကို ရွေ့လျားစေပါ

ကားကိုလမ်းဘေးသို့ရွေ့လျားစေရပါမည်။ ပါဝါမပါဘဲ မောင်းနှင်းရခြင်းဖြစ်၍ အထူးဂရုပြုဆောင်ရွက်ရမည်ဖြစ်သည်။ စတီယာရင်ကို အားစိုက်ပြီး လမ်းဘေးကို ရောက်အောင်အတက်နိုင်ဆုံးကြိုးစားရပါမည်။ 

 

၆။အမြန်နှုန်းဖြည်းဖြည်းချင်းလျှော့ချ

ကား၏ အမြန်နှုန်းကို ဖြည်းဖြည်းချင်းလျှော့ချပြီး တည်တည်ငြိမ်ငြိမ်ဖြင့် ရပ်တန့်နိုင်ရန်ကြိုးစားရမည်ဖြစ်သည်။ ဘရိတ်ကိုဆောင့်နင်းခြင်းမျိုးကို ရှောင်ရှားရပါမည်။ သို့မှသာကား၏ ဦးတည်ရာကို ဆန့်ကျင်ဘက်အရပ်ဆီသို့ရောက်သွားနိုင်ပြီး ဘီးချော်ထွက်ခြင်းမျိုးဖြစ်နိုင်ကာ မလိုလားအပ်သည့် ယာဉ်အန္တရာယ်ဖြစ်နိုင်သည့် အတွက် အထူးသတိပြုသင့်ပါသည်။

 

မောင်းနှင်နေစဉ်တွင် ပါဝါစတီယာရင်အလုပ်မလုပ်တော့ပါက ကားမှာ ပါဝါဘရိတ်ရှိပါက ထိုဘရိတ်အသုံးပြုသည့်အခါတွင် မာခေါက်ခေါက်ဖြစ်နေတတ်ပါသည်။ အနည်းငယ်သာဖိအားထည့်ပြီး ခြေနင်းကို ဖိအားပေးရပ်တန့်ရန်ကြိုးစားရပါမည်။ ဂီယာကို အနိမ့်ဆုံးထားပြီး ဂီယာနှင့် ဘရိတ်ကို ညီညွတ်အောင်အသုံးပြုပြီး ကားကို ဖြည်းညှင်းစွာရပ်တန့်စေရပါမည်။

 

၇။ရပ်တန့်ပြီး စက်ပြန်နှိုးပါ

ကားကို တည်ငြိမ်အောင်ရပ်တန့်ပြီး စက်ပြန်နှိုးနိုင်ပါသည်။ ပုံမှန်အတိုင်းမောင်းနှင်းပြီး ကားလမ်းနှင့် ဝေးရာကို ကားကိုရွေ့ခြင်း(သို့မဟုတ်)အနီးဆုံးကားဝပ်လျှော့သို့ဖြည်းဖြည်းချင်းမောင်းနှင်နိုင်ပါသည်။

Read 2396 times