အင်ဂျင် Slow မငြိမ်ရင် ပြုပြင်သင့်သောအရာများ


ကားအင်ဂျင် Slow မငြိမ်ရင် ပုံမှန်အားဖြင့် Car Plug, Oil Tank Filter, Carbon cleaning, Engine Mounting, etc စတဲ့ အချက်တွေ စစ်ဆေးပြုပြင်ကြပါတယ်။

စစ်ဆေးပြုပြင်တဲ့အခါမှာလည်း အထက်ပါ အချက်တွေစစ်ဆေးပြီး အဆင်သွားတဲ့ကားများရှိသလို အဆင်မပြေတဲ့ကားတွေလည်းရှိပါတယ်။ ကားအားလုံးလုပ်ရမည်မဆိုလိုပါ..ဖြုတ်စစ်ပြီးလိုအပ်သောကားများအတွက်သာြဖစ်ပါတယ်။

အ့ဒါကတော့ MAF Sensor,Throttle Body Cleaning ဖြစ်ပါတယ်။ ဒါကတော့ ကားအင်ဂျင်ပေါက်ကွဲရင် ဆီ နဲ့ လေအချိုးကျ ပေါက်ကွဲဖို့ လေတံခါးအတွက် လေစုပ်ယူဖို့ အာရုံခံပေးတဲ့အပိုင်းဖြစ်ပါတယ်။ ဒီအပိုင်းက ကားအင်ဂျင်ခန်းအတွင် လေပိုက်အကြီးဆုံး လေစစ်နဲ့တွဲထားတဲ့ ပိုင်းလိုက်ကြီး ပါ။ ဒီအပိုင်းကို ဖြုတ်ပြီရင် လေတံခါးအပေါက်တွေကို တွေ့ရပါလိမ့်မယ်။

ထိုလေတံခါးအပေါက်ထဲကို လက်နဲ့မထိုးမိဖို့ သတိပြုရပါမယ်။ ဆေးရမယ့်အရာတွေကတော့ Mass Air Flow နဲ့ Throttle Body (လေတံခါး)ကိုဆေးရပါမယ်။ ထိုလေတံခါးအပေါက်ထဲမှာရှိတဲ့ မဲမဲတူးတူးဂျီးတွေတွေ့ရင် သေချာပါပြီ ။ ဒီဂျီတွေကို ဆေးဖို့ အတွက် ဆေးရည်အမျိုးအစား Brand ပေါ်မူတည်ပြီး Design အမျိုးမျိုးနဲ့လာပါတယ်။

ဆေးရမယ့်ပုံစံကတော့ Throttle Body (လေတံခါး) ကို ဆေးဘူးတွေမှာပါ ကော်ပိုက်သေးသေးနဲ့ Spray အသုံးပြုပြီ ဆေးကြော်ရမှာြဖစ်ပါတယ်။ လက်နိုက်သန့်စင် ၊ လက်ထည့်သန့်စင်တာမျိုးမပြုလုပ်ရပါ။ Spray ဖြန်းပြီးရင် Throttle Body မှာ ကပ်ရှိနေတဲ့ ဂျီတွေက သူအလိုလိုကျဆင်းလာပါလိမ့်မယ်။

Cleaning Spray ဝယ်မရတဲ့ပြဿနာမျိုးကြုံတွေ့ပါ  ဓာတ်ဆီကို အဝတ်စပါးပါးတွင် စွတ်ပြီး ပြုလုပ်နိုင်ပါတယ်။ (သတိထားရန်။ ။ မကျွမ်းကျင်လျှင်အင်ဂျင် Check မီးလင်းတတ်ပါတယ်။)

ဆေးကြောပြီးနောက် သေချာစွာပြန်တပ်ပြီး စက်နှိုးကြည့်ပါ သိသိသာသာ Slow ငြိမ်သွားပါလိမ့်မယ်။

Read 6499 times