Eco Mode ဆိုတာဘာလဲ


ဆီဖိုးသက်သာစေမည့်အခြေခံအကျဆုံးနည်းလမ်းနှစ်ခုမှာဆီစားသက်သာသည့် ကားကိုဝယ်သည်နှင့်ဆီစားသက်သာအောင်မောင်းပါသည်။

ကားများမှာဆီစားသက်သာသည်နဲ့အမျှပတ်ဝန်းကျင်လေထုညစ်ညမ်းစေမှုကိုလျော့နည်းစေပါသည်။

Eco Assist စနစ် (Ecological Drive Assist System) ကကားကိုဆီစားသက်သာအောင်ဘယ်လိုမောင်းရမည် ဆိုတာကိုတုန့်ပြန်ထောက်ပြပါသည်။

ကားဒိုင်ခွက်တွင်ထည့်သွင်းတပ်ဆင်ထားသည့်ဆီစားနှုန်းပြညွှန်းကိုဂရုစိုက်မောင်းနှင်ရင်းယာဉ်မောင်း၏မောင်းပုံကိုတိုးတက်လာစေပါသည်။

Honda ECO ASSIST System သည်ယာဉ်မောင်း၏မောင်းနှင်ပုံကဆီစားနှုန်းအပေါ်ဘယ်လိုအကျိုး သက်ရောက်မှုရှိတယ်ဆိုတာကိုစောင့်ကြည့်ဖေါ်ပြပေးပါသည်။

Honda Hybrid များ၏အရှိန်နှုန်းပြဒိုင်ကွက်မှာအရောင်နှင့်ဖေါ်ပြပါသည်။
(၁) ဆီစားသက်သာစေသည့်ကောင်းမွန်တဲ့ မောင်းနှင်မှုကို အစိမ်းရောင်

(၂) သာမန်မောင်းနှင်မှုကို စိမ်းပြာရောင် နဲ့

(၃) ဆီစားများစေတဲ့ ကြမ်းတမ်းတဲ့မောင်းနှင်မှုကိုအပြာရောင်နဲ့ ဖေါ်ပြပါသည်။

Honda Fit များမှာတော့ကီလိုမီတာပြ Lcdတွင်တုံးလေးများအတက်အကျနှင့်ဖေါ်ပြပါသည်။

Eco Assist စနစ်နှင့်ပူးတွဲပါဝင်လေ့ရှိသည့် ECON buttonမှာဆီစားသက်သာစေရန်အစိတ်အပိုင်းများ၏ လုပ်ဆောင်မှုများကို ပြုပြင်ပေးပါသည်။
Econ mode ကို On လိုက်ပါကA/C compressor အလုပ်လုပ်ခြင်းကိုလျော့ချလိုက်ပါသည်။

Auto AC မှာကားအတွင်းအပူချိန်ကိုထိန်းရန်အတွက်အတွင်းလေကိုသာပြန်လည်လှည့်ပတ်စေပြီး လေထုတ်အားကိုလည်းလျော့လိုက်ခြင်းဖြင့် အဲကွန်း၏စွမ်းအင်သုံးစွဲမှုကိုလျော့ချလိုက်ပါသည်။

Transmission, engine နှင့်အခြားအစိတ်အပိုင်းများမှစွမ်းအင်လေလွင့်မှုမဖြစ်အောင်ထိန်းချုပ်လိုက်ပါသည်။

Hybrid များတွင်စွမ်းအင်လေလွင့်မှုမဖြစ်စေရန်အလွတ်စက်လည်ခြင်းကိုရပ်တန့်တာ (Idle Stop), ဘရိတ်နင်းသည့်အခါပိုထွက်လာသည့်စွမ်းအင်နှင့်ဘက်ထရီကိုအားပိုဝင်စေခြင်းစသည့်လုပ်ဆောင်များ ဖြစ်စေပါသည်။

Econ mode မှာသာမန်အားဖြင့် sport နှင့်ပြောင်းပြန်လုပ်ဆောင်မှုဟုပြောလို့ရပါသည်။

စက်လည်နှုန်းနိမ့်နိမ့်နှင့်အရှိန်မြင့်မြင့်ရအောင် (higher gear at lower rpms) လုပ်ဆောင်ပါသည်။

Econ, Comfort and Sport mode ကိုတွဲမှတ်ပြီးခွဲခြားနားလည်ထားနိုင်ပါသည်။

ဆီစားသက်သာမှုကို turbocharg တပ်ထားသည့်အင်ဂျင်ကြီးကားများမှာသိသာသော်လည်းအင်ဂျင်သေး ကားများမှာတော့သိပ်သိသာမှာမဟုတ်ပါဘူး။

ခန့်မှန်းဆီတစ်ဂါလံကို 1-2 မိုင်မှ 3-4 မိုင်ထိပိုရလာနိုင်ပါသည်။

Econ mode ကို On လိုက်ပါကအရုန်းအထနည်းနည်းလေးမှာဖြစ်ပြီးအဲကွန်းအေးရန်အချိန်နည်းနည်း ပိုကြာပါမည်။

ဒါကြောင် သွက်သွက်လက်လက် ဝင်ထွက်ရမယ့်အခါနဲ့ ရာသီဥတု ပူပြင်းလွန်းချိန်မှာ သင့်သလို ပိတ်ထားသင့်တယ် ထင်ပါတယ်။
• ရာသီဥတု အရမ်းမပူတဲ့အချိန် အတက်အဆင်းပြေတဲ့လမ်းမှာ အရှိန်အပြောင်းအလဲ သိပ်မရှိပဲ မောင်းနှင်ရာမှာ ဆီစားသက်သာစေဖို့ သုံးဖို့အဆင်ပြေမယ်လို့ ထင်ပါတယ်။

Read 5863 times