ဧကရာဇ်မင်း ယာဉ်တန်းနှင့် ဆရာဝန်ကား ဆုံမိသောအခါ 


ဧကရာဇ်မင်း ယာဉ်တန်းနှင့် ဆရာဝန်ကား ဆုံမိသောအခါ 

၂၀၁၉ ဇွန်လမှာ ဂျပန်ပြည့်ရှင် အင်ပါယာ Naruhito က အလုပ်ကိစ္စဖြင့် တိုကျိုမြို့ အပြင်ဘက်သို့ သွားရောက်ပါတယ်။
သူနှင့်အတူ မိဖုရား Masako လည်း လိုက်ပါလာပါတယ်။
နန်းတက်ပြီးနောက် တိုကျိုမြို့ပြင်သို့ ပထမဆုံးအကြိမ် ထွက်ဖြစ်တာ ဖြစ်ပါတယ်။

ဧကရာဇ်မင်း  နာရူဟီတိုရဲ့ ယာဉ်တန်းက နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ သစ်ပင်စိုက်ပျိုးပွဲတော်သို့ တက်ရောက်ရန် Aichi ရှိ နာဂိုယာမြို့သို့ ဦးတည်မောင်းနှင်ပါတယ်။
သစ်ပင်စိုက်ပျိုးပွဲတော်က ဧကရာဇ်မင်းမြတ် နာရူဟီတို တက်ရောက်ရမယ့်  အဓိကအမျိုးသားပွဲ‌ေတာ်ကြီး (၄) မျိုးအနက်မှ တစ်ခုဖြစ်ပါတယ်။ သစ်တောထိန်းသိမ်းရေး၊ အားကစား၊ ယဉ်ကျေးမှု၊ သမုဒ္ဒရာ ထိန်းသိမ်းစောင့်ရှောက်ရေး ဆိုတဲ့ကိစ္စရပ် အမျိုးသားရေး ၄ မျိုးအနက် သစ်တောထိန်းသိမ်းရေးနှင့် သက်ဆိုင်တဲ့ ပွဲတော် ဖြစ်ပါတယ်။

လမ်းခရီးမှာ ဧကရာဇ်မင်းရဲ့ ယာဉ်တန်း‌ေရာနေတဲ့ လမ်းဆုံနေရာသို့ လာနေဆဲဖြစ်တဲ့ ဆရာဝန်ကားကို ယာဉ်တန်းက ရပ်စောင့်ပြီး ရှောင်ပေးခဲ့တဲ့ အဖြစ်အပျက်က တခဏသာကြာမြင့်‌ပြီး မှတ်တမ်းဗီဒီယိုကို အွန်လိုင်းမှာ တင်လိုက်တဲ့အခါ တမဟုတ်ချင်း ပျံ့နှံ့သွားပြီး ကြည်ရှုသူ များပြားခဲ့ပါတယ်။ မျှဝေမှုများလည်း များပြားခဲ့ပါတယ်။ 

ဆရာဝန်ပါတဲ့ medical car က Lexus IS အဖြူ‌‌ေရာင် ဖြစ်ပါတယ်။ ရဲနှင့် ဧကရာဇ်နှင့် အတူပါလာသူ (အမည်းရောင်ဝတ်ထားသူ)တို့က အချက်ပြပြီး လမ်းရှင်းပေးကြပါတယ်။ လမ်းဆုံမှာ ကားတွေ ရပ်ကြဖို့ လက်ရိပ်ပြသပါတယ်။ ဆရာဝန်ကား ဖြတ်သွားပြီးမှ ရပ်စောင့်ပေးနေတဲ့ ဧကရာဇ္မင်းရဲ့ Toyota Century ကားအမည်းရောင် အပါအဝင် ယာဉ်တန်းမှ  ကားများလမ်းဆုံကို ဖြတ်သန်းပါတယ်။ 

မူရင်း ဗီဒီယို ကြည့်ရန်လင့်

https://www.youtube.com/watch?v=xAL1DulBwrk

medical car ကို "ဆရာဝန်ကား" လို့ခေါ်ဝေါ်ကြပါတယ်။  ဆရာဝန်သုံးဖို့အတွက် သီးသန့်ထားတဲ့ အိမ်စီးကား ဖြစ်နေတာကို ‌အကြောင်းပြုပြီး "ဆရာဝန်ကား" လို့ ခေါ်ကြတာ ဖြစ်ပါတယ်။ 
 ဆေးဘက်ဆိုင်ရာဝန်ထမ်းကို အရေးပေါ်လိုအပ်နေတဲ့ဆီသို့ ပို့ဆောင်ပေးဖို့ သုံးတဲ့ကား ဖြစ်ပါတယ်။ ဆရာဝန်ကားပေါ်မှာ လူနာ မပါပေမဲ့ အရေးပေါ်လူနာဆီသို့ သွားတာဖြစ်လို့ လူနာတင်ကားနည်းတူ လမ်းဖယ်ပေးကြတာ ဖြစ်ပါတယ်။
 
 ဒီဗီဒီယိုက လူနာတင်ကား လာနေလို့ ယာဉ်တန်းက ရပ်စောင့်ပေးတာ ဖြစ်ပါတယ်။

 

တစ်ဆက်တည်းမှာပဲ ဂျပန်ဝန်ကြီးတွေ ကားလမ်း အသုံးပြုပုံကို တင်ပြအပ်ပါတယ်။

ဝန်ကြီး  ယာဉ်တန်းက ပြည်ပမှ နိုင်ငံတော်ဧည့်သည်နှင့်အတူ သွားတာ မဟုတ်ခဲ့ရင် ယာဉ်ထိန်းရဲက တခြားကားတွေ ရပ်ခိုင်းထားပြီး ဝန်ကြီးယာဉ်တန်းကို လမ်းရှင်းပေးခြင်း မပြုကြပါဘူး။ ယာဉ်တန်းမှာ ဝန်ကြီးတစ်ဦးမက ပါနေရင်လည်း တခြားကားတွေကို ရပ်ခိုင်းခြင်း မပြုပါဘူး။ ဝန်ကြီးများရဲ့ ယာဉ်တန်းက ဦးစားပေးစာရင်းထဲ မပါပါဘူး။

ယာဉ်တန်းမှာ ပါတဲ့ကားပေါ်မှာ ပါလာသူက ပြတင်းပေါက်မှ ကိုယ်တစ်ခြမ်း အပြင်ထုတ် ခရာမှုတ် လက်ရိပ်ပြ လမ်းတောင်းရပါတယ်။ 

 

ယာဉ်ကြောကျပ်နေပါပြီတဲ့။ ဝန်ကြီးချုပ် ယဉ်တန်းလည်း အလားတူ တစ်လိမ့်တစ်လိမ့် မောင်းရပါတယ်။ ဂျပန်ဝန်ကြီးချုပ် ကီရှီဒါ ယာဉ်တန်း မှတ်တမ်းဗီဒီယို ကို အောက်ဖော်ပြပါလင့်မှာ ကြည့်ရှုနိုင်ပါတယ်။

https://youtu.be/Bw9bhhtIh2k


 

Read 10957 times