ကားကွန်ပျူတာဘောက်စ် ချို့ယွင်းရင် ဘာတွေဖြစ်မလဲ


ကွန်ပျူတာနဲ့ဆိုင်တဲ့ ချက်မီးလင်းတာနဲ့ ကွန်ပျူတာမှာ ပြဿနာတစ်စုံတစ်ရာရှိနေပြီဆိုတာ သိနိုင်တယ်။

ခုနောက်ပိုင်းတင်သွင်းလာတဲ့ အဆင့်မြင့်ကားတွေမှာ ကွန်ပျူတာနဲ့ ထိန်းချုပ်တဲ့စနစ်တွေပါဝင်လာရာမှာ ရုတ်တရက်ကားထိုးရပ်သွားတာဟာ ကား ကွန်ပျူတာဘောက်စ်ချို့ယွင်းလို့လည်း ဖြစ်နိုင်တာကြောင့် လေ့လာထားသင့်တဲ့ ကွန်ပျူတာဘောက်စ်ချို့ယွင်းရင် သိနိုင်တဲ့ အချက်တွေ ဖြစ်ပါတယ်။

ကွန်ပျူတာဘောက်စ် ဆိုတာ

အင်ဂျင်ကွန်ထရိုးယူနစ် (En-gine Control Unit- ECU)လို့ လူသိများတဲ့ ကွန်ပျူတာဘောက်စ် ဟာ Engine Control Module (ECM) ဒါမှမဟုတ် Powertrain Control Module (PCM) ဖြစ်တယ်။ အင်ဂျင်ထဲမှာရှိတဲ့ အာရုံခံကိရိယာ (sensors)အမျိုးမျိုးက ပေးပို့တဲ့ အချက်အလက်မှတ်တမ်းတွေကို သူ့ရဲ့မော်နီတာမှာ သတင်းပေးဖော်ပြနိုင်ပါတယ်။ ရရှိလာတဲ့အချက်အလက်ဒေတာတွေကို အခြေခံပြီး အင်ဂျင်ရဲ့လည်ပတ်နှုန်းကိုထိန်းချုပ်သလို ကားကိုလုံခြုံစိတ်ချစေဖို့အတွက် လုပ်ဆောင်ချက်အသစ်တွေ ပြုလုပ်နိုင်စေပါတယ်။ အင်ဂျင်က မီးခိုးထုတ်လွှတ်မှု အနည်းဆုံးဖြစ်အောင် လျှော့ချပေးနိုင်တယ်။

ကွန်ပျူတာဆီကို သတင်းအချက်အလက်တွေပေးပို့ နိုင်တဲ့ အာရုံခံကိရိယာအမျိုးမျိုးကတော့ အောက်ဆီ ဂျင်ဆင်ဆာ (oxygen sensor)၊ လေဖိအားဆင်ဆာ (air pressure sensor)၊ လေအပူချိန်တိုင်းဆင်ဆာ (air temperature sensor)၊ သရော်တယ်ဆင်ဆာ (throttle position sensor)နဲ့ ခေါက်သံဆင်ဆာ (knock sensor)တို့ ဖြစ်တယ်။

အဲသည်ဆင်ဆာတွေကပေးပို့တဲ့ အချက်အလက်တွေကို အသုံးပြုပြီး ကွန်ပျူတာက လောင်စာဆီ အင်ဂျက်တာ(fuel injectors)၊ မီးပွားပလတ်(spark plugs)လိုမျိုး အစိတ်အပိုင်းတွေကိုထိန်းချုပ်ပြီး အင်ဂျင်ရဲ့အကောင်းဆုံးစွမ်းရည်တွေကို ရရှိစေပါတယ်။ အဲသည်စနစ်တွေလည်ပတ်နိုင်ဖို့ ကတော့ လျှပ်စစ်စွမ်းအင်နဲ့ သံလိုက်စွမ်းအင်တွေကိုအသုံးချတာဖြစ်တယ်။ မောင်းနှင်စဉ်လုပ်ဆောင်ချက်အမှား အယွင်းတွေကိုလည်း ချက်မီး (check engine light) ကတစ်ဆင့် ယာဉ်မောင်းသူကို သိရှိစေပါတယ်။ ကားနည်းပညာရှင်က ကွန်ပျူတာကဖော်ပြတဲ့ diagnostic code ကတစ်ဆင့်ကားမှာဖြစ်တဲ့ ပြဿနာ တွေကို အတိအကျသိနိုင်ပါတယ်။

နည်းပညာတွေထိန်းချုပ်

အဆင့်မြင့်ကားအမျိုးအစားတွမှာပါဝင်တဲ့ နည်းပညာအသစ်တွေကိုလည်း ကွန်ပျူတာနဲ့ထိန်းချုပ်တာဖြစ် တယ်။ ဥပမာအော်တိုဂီယာစနစ်၊ Anti–lock Braking Sy-stem (ABS) စနစ်တွေမှာ ကွန်ပျူတာနဲ့ ထိန်းချုပ်တယ်။ အသက်ကယ်လေအိတ်စနစ်မှာတော့ သီးသန့်ကွန်ပျူတာပါရှိတယ်။ မိမိစိတ်ကြိုက် အမြန်နှုန်းအတိုင်း တစ်သမတ်တည်းအလိုအလျောက်မောင်းနှင်နိုင်တဲ့ Cruise Control System ကို လည်း ကွန်ပျူတာက ထိန်းချုပ်တာဖြစ်တယ်။

ချက်မီးလင်းတာ

ကားကွန်ပျူတာဘောက်စ်(ECM) ချို့ယွင်းရင်သိနိုင်တဲ့ ပထမအချက်က ချက်မီးလင်းနေတာပါ။ ပုံမှန်အနေအထားမှာတော့ ချက်မီးလင်းလာရင် ECM က ဆင်ဆာတွေနဲ့ ဆားကစ်ရဲ့ အကူအညီနဲ့ ထောက်လှမ်းပြီး ချို့ယွင်းချက်ရှိတဲ့ နေရာတွေကိုရှာဖွေပေးနိုင်ပါတယ်။ ECM ကိုယ်တိုင်က ချို့ယွင်းတာ ဆိုရင်တော့ အပြင်က ကွန်ပျူတာနဲ့ချိတ်ဆက်စစ်ဆေးတဲ့အခါ မှန်ကန်တဲ့ကုတ်နံပါတ်တွေ မဖော်ပြနိုင် တော့တာ ဒါမှမဟုတ် ဘယ်လိုဆုံးဖြတ်ချက်မှ မပေးနိုင်တော့တာ ဖြစ်တယ်။

အင်ဂျင်ထိုးရပ်သွားတာ

မောင်းနှင်နေရင်းနဲ့ အင်ဂျင်က ထိုးရပ်သွားတာ ဒါမှမဟုတ် မီးမကူးတာ (engine stalling or misfiring) ဟာ ကားကွန်ပျူတာဘောက်စ် ECM မှာ ချို့ယွင်းချက်ရှိတဲ့အတွက်ဖြစ်တတ်တဲ့ လက္ခဏာတစ်ခုဖြစ် တယ်။

 

အင်ဂျင်စွမ်းရည်ကျ

ရုတ်တရက် အင်ဂျင်စွမ်းဆောင်ရည်ကျဆင်းလာတာဟာလည်း ECM က ချို့ယွင်းချက်ရှိတာကြောင့် ဖြစ်တတ်ပါတယ်။ ဆီပေးစနစ်နဲ့ ဗားတိုင်မင်တွေမမှန်တော့ဘဲ ဆန့်ကျင်ဘက်အကျိုးသက်ရောက်မှုတွေ ရှိလာတာပါ။ လောင်စာဆီရဲ့စွမ်းဆောင်ရည်ကျဆင်းပြီး အင်ဂျင်စွမ်းအင်နဲ့ အမြန်နှုန်းတွေကျဆင်းလာ တာဖြစ်တယ်။

ကားစက်နှိုးလို့မရတာ

ECM က ချို့ယွင်းတဲ့အတွက် နောက်ထပ်သိရှိနိုင်တာက ကားစက်နှိုးလို့မရတာ ဒါမှမဟုတ်ခက်ခက်ခဲခဲ ကားစက်နှိုးရတာတွေဖြစ်တယ်။ အဲဒါဟာ အင်ဂျင်စတင်လည်ပတ်ဖို့အတွက် ECM က ထိန်းချုပ် မပေးနိုင်တ ဖြစ်တယ်။ အဲသည်အချက်လေးချက်နဲ့ ကားရဲ့ကွန်ပျူတာဘောက်စ် ECM က ချို့ယွင်းတာကို သိရှိနိုင်ပြီး ကျွမ်းကျင်တဲ့ကားနည်းပညာရှင်နဲ့ စစ်ဆေးပြုပြင်ရမှာဖြစ်တယ်။ လိုအပ်ရင် ECM အသစ်နဲ့ လဲလှယ်ရမှာဖြစ်ပါတယ်။

ကိုယ်တိုင်စစ်ဆေးနိုင်

ကွန်ပျူတာနဲ့ဆိုင်တဲ့ ချက်မီးလင်းတာနဲ့ကွန်ပျူတာမှာ ပြဿနာတစ်စုံတစ်ရာရှိနေပြီဆိုတာသိနိုင်တယ်။ ကျွမ်းကျင်သူတွေနဲ့ ဝေးကွာနေတဲ့ အရေးပေါ်အခြေအနေမျိုးမှာ ယာဉ်မောင်းသူအနေနဲ့ အခြေခံ စစ်ဆေးပြုပြင်နိုင်တာလေးတွေတော့ ရှိပါတယ်။ပထမဆုံးဖြစ်နိုင်တာက ကားရဲ့ဂတ်စ်ကတ်နေရာလွဲချော်နေတတ်တာပါ။ ဂတ်စ်ကတ်ကို ပုံမှန်အနေအ ထားဖြစ်အောင် ကြိုးစားရပါမယ်။ ဒုတိယဖြစ်နိုင်တာကတော့ ကွန်ပျူတာဘောက်စ်နဲ့ ဆက်သွယ်တဲ့ ဘက်ထရီကြိုးတစ် ခုခုလွတ်နေတတ်တာပါ။ ဘက်ထရီရဲ့အဖိုငုတ်နဲ့ အမငုတ်နှစ်ဖက်လုံးဆက်သွယ်မှု အတိအကျ ရပြီဆိုရင် ချက်မီးငြိမ်းသွားပြီး ကွန်ပျူတာက ပုံမှန်အလုပ်လုပ်နေတယ်လို့ သိနိုင်ပါတယ်။

တကယ်လို့ ချက်မီးပြန်လင်းနေသေးရင် ဆက်လက်စစ်ဆေးရပါမယ်။ နောက်တစ်ဆင့်အနေနဲ့ အင်ရျင်ဖျု့စ်ဘောက်စ် (engine fuse box) ကို ဖွင့်ပြီး စစ်ဆေးရမှာပါ။ ဖျူ့စ်ပြန်တောက်နေရင်တော့ ပြတ်တောက်တဲ့နေရာမှာ ဖျူ့စ်ပြန်ထည့်ရမှာဖြစ်တယ်။ ဖျု့စ်ထည့်သွင်းတပ်ဆင်ရာမှာတော့ နေရာတိကျဖိုပတော့ လိုပါတယ်။

စစ်ဆေးပြုပြင်တာတွေ ပြုလုပ်ပြီးတာနဲ့ ကားကိုစက်ပြန်နှိုးပါမယ်။ ကွန်ပျူတာဘောက်စ် ECU ကို ပုံမှန် အလုပ်လုပ်နိုင်ဖို့ ၁၀ မိနစ်ခန့်စောင့်ဖို့ လိုအပ်ပါတယ်။ ၁၀ မိနစ်ကျော်တာနဲ့ ကားစက်ရပ်လိုက်ရပါမယ်။ နောက်တစ်ကြိမ် စက်ပြန်နှိုးပြီးတာနဲ့ စတင်မောင်းနှင်နိုင်ပြီး ECU ကလည်းသတင်းအချက်အလက်အသစ် တွေရယူပြီး ပုံမှန်အလုပ်လုပ်လာမှာဖြစ်ပါတယ်။

Read 305 times