ဓာတ်ဆီ၊ ဒီဇယ်၊ ဟိုင်းဘရစ်ဘယ်ကားဝယ်ရင်ကောင်းမလဲ


ဓာတ်ဆီကားနှင့်ဒီဇယ်ကားဆိုသည်မှာဓာတ်ဆီ၊ ဒီဇယ်အားလုံးမှာရေနံစိမ်းကိုကြိုချက်ရပြီးမှရရှိခြင်းဖြစ်ပါသည်။

သို့သော်ဓာတ်ဆီမှာပို၍ကြိုချက်ရသောကြောင့်ဓာတ်ဆီမှာပို၍သန့်ပါသည်။

သန့်သည့်ဒီဇယ်များလည်းရှိပြီး ဓာတ်ဆီမှာပိုပြီးမီးလောင်လွယ်ပါသည်။

ဒီတိုင်းထားလျှင်တောင်မှမီးတောက်တတ်သောကြောင့်သင်္ဘောပေါ်တွင်အသုံးမပြုပါ။

ဒီဇယ်သည်သာမာန်အချိန်အပူချိန်တွင်မီးထမလောင်နိုင်သည့်အတွက်သင်္ဘောတွင်လည်းအဆင်ပြေသည့် ဆီတစ်မျိုးဖြစ်ပါသည်။

သို့သော်သူ့အားနည်းချက်မှာဆာလဖာကဲ့သို့အညစ်အကြေးများခြင်းဖြစ်ပါသည်။

ထို့ပြင်ဓာတ်ဆီကိုပြိုင်ကားတွင်အများဆုံးသုံးလေ့ရှိပြီးဒီဇယ်နှင့်မောင်းသည့်ပြိုင်ကားများလည်းရှိနေသော်လည်း ဓာတ်ဆီအင်ဂျင်သုံးပြိုင်ကားလောက်မစွမ်းဆောင်နိုင်ပေ။

သို့သော်ဓာတ်ဆီအင်ဂျင်သုံးကားမှာပို၍အန္တရာယ်များပါသည်။

ကားအက်ဆီးဒန့်ဖြစ်သည့်အချိန်တွင်ဓာတ်ဆီကားမှာပိုမီးလောင်လွယ်တတ်ပြီးဒီဇယ်ကားမှာပျက်သည့်အခါပြင်ရခက်ခဲတတ်ပါသည်။

ဓာတ်ဆီအင်ဂျင်မှာပျက်ရန်ခက်ခဲပြီး ပြင်ရန်မှာလည်းဒီဇယ်အင်ဂျင်လောက်မခက်ခဲပါဘူး။

ထို့ကြောင့်ပြိုင်ကားစီးချင်တယ်သို့မဟုတ်ခပ်မြန်မြန်ကားများမောင်းချင်ပြီးပျက်ပါကပြင်ရန်အချိန်မပေးနိုင်သူများအတွက် ဓာတ်ဆီကားကိုရွေးချယ်သင့်ပါသည်။

သာမာန်အရှိန်လောက်သာမောင်းပြီးအင်ဂျင်ပျက်ပါကဝပ်ရှော့ကောင်းကောင်းအပ်နိုင်ပါကဒီဇယ်အင်ဂျင်ကားကို ရွေးသင့်ပါသည်။

CNGဂတ်စ်အိုးပြောင်းရန်စိတ်ကူးရှိပါက ဓာတ်ဆီတစ်မျိုးတည်းရှာဝယ်ရမည်ဖြစ်ပြီး ဓာတ်ဆီအင်ဂျင်ကိုသာ CNG ဓာတ်ငွေ့လောင်စာအင်ဂျင်ပြောင်းလို့ရပါသည်။

ကာပရိုက်တာမပါသည့်ဒီဇယ်အင်ဂျင်တွင်မရနိုင်ပါ။

Hybrid အင်ဂျင်သုံးကားမှာ ၂၀၀၀၀ ခုနှစ်နောက်ပိုင်းပေါ်ပြီး မြန်မာပြည်တွင်ခေတ်စားတာတစ်နှစ်ဝန်းကျင် သာရှိပါမည်။

ဆီစားသက်သာသည့်အတွက်အနာဂတ်ကမ္ဘာ့နိုင်ငံများကလည်းကားတော်တော်များများကိုဟိုင်းဘရစ်ဘက်ကို ပြောင်းနေကြပါသည်။

လောင်စာဆီ(ဓာတ်ဆီ သို့မဟုတ် ဒီဇယ်ဆီ)သုံးအင်ဂျင်ကိုလျှပ်စစ်ဘက်ထရီနှင့်အားထပ်ဖြည့်ခြင်းဖြစ်ပါသည်။

ပုံသေသတ်မှတ်မရနိုင်ပဲအချို့မှလျှပ်စစ်ဓာတ်အားသုံးဘက်ထရီကိုလောင်စာဆီကပြန်လည်အားဖြည့်ခြင်းမျိုး လည်းရှိနိုင်ပါသည်။

ဟိုင်းဘရစ်နည်းပညာတွင်အနည်းဆုံးသုံးမျိုးလောက်ထပ်ကွဲနေပါသည်။

မြန်မာပြည်တွင်Honda insight နှင့် Civic တို့မှာနာမည်ကြီးဟိုင်းဘရစ်များဖြစ်ပါသည်။

အလုပ်လုပ်ပုံအရုန်းအထများတွင်ဂီယာအကြီးများမှာဘက်ထရီမှကူးရုံးပေးခြင်းဖြစ်ပါသည်။

ထို့ကြောင့်မြို့တွင်းမောင်းပါကဆီစားသက်သာပြီး Highway အတွက်မှာသာမာန်အင်ဂျင်ဖြင့်သာ အလုပ်လုပ်သည့်အတွက်ထူးခြားမှုမရှိနိုင်ပါ။

အင်ဂျင်ကိုနားစေပြီးဘက်ထရီသီးသန့်ဖြင့်တောင်မောင်းစေနိုင်သည့်ဟိုင်းဘရစ်နည်းပညာသုံးကားများလည်း ရှိပြီး Toyota ကားများတွင်အများဆုံးတွေ့ရပါသည်။

ဟိုင်းဘရစ်မှာအလှစီးဖြစ်ပြီး ခပ်ကြမ်းကြမ်း၊ ခပ်မြန်မြန်စီးချင်သူများအတွက်မသင့်လျော်ပေ။

ယင်းကားတွင်အင်ဂျင်ပါဝါနည်းပြီး မော်တာနှင့်ပေါင်းမှသာအင်ဂျင်အားကြီးခြင်းမျိုးဖြစ်ပါသည်။

သို့သော်ဆီစားတော့အလွန်သက်သာပြီး ဘက်ထရီကောင်းမကောင်းကိုသာစဉ်းစားစရာရှိနေပါသည်။

နောက်ပိုင်းဟိုင်းဘရစ်အင်ဂျင်သုံးပြိုင်ကားလည်းကြိုးစားထုတ်လုပ်နေပြီဖြစ်ပါသည်။

Source:icar.com

Read 4298 times