တစ်ပတ်အတွင်း ရာသက်ပန်တက္ကစီဈေးများ မြင့်တက်လာခြင်း


ကျန်နံပါတ်အနီကားများမှလွဲ၍ ရာသက်ပန် နံပါတ်အနီအငှားယာဉ်ကားများမှ တစ်ပတ်အတွင်းစျေးနှုန်းမြင့်တတ်လာခဲ့ပါသည်။

ရန်ကုန်မြို့တွင် ရာသက်ပန်နံပါတ်အနီပြုလုပ်ထားသည့် အငှားယာဉ်ကားများမှလွဲ၍ ကျန်နံပါတ်အနီများကို အနက်ပြန်ပြောင်းရမည်ဆိုသည့် သတင်းကြောင့် ရာသက်ပန်နံပါတ်အနီကားများ တစ်ပတ်အတွင်း တစ်စီးလျှင် ၁၀သိန်းကျော်မြင့်တတ်လာခြင်းဖြစ်သည်။

ယခင်ရာသက်ပန် နံပါတ်အနီ ၂၀၀၇မော်ဒယ် ပရိုဘောက်တစ်စီးလျှင် ပုံမှန်ပေါက်စျေး ယခင် ၁၇၅သိန်းရှိရာမှ ၁၈၅သိန်းအထိ စျေးမြင့်တတ်သွားခဲ့သည်။

ပရိုဘောက်နည်းတူ ရာသက်ပန်နံပါတ်ဖြစ်သော ကယ်ဒီးနာ၊ အေဒီဗန် ၊ ဖီဒါ အစရှိသော ကားအမျိုးအစားအချို့သည်လည်း စက်တင်ဘာလ တတိယအပတ်အတွင်း စျေးနှုန်းများ အသီးသီးမြင့်တတ်လာခဲ့သည်။

အထူးသဖြင့် CNGသုံး အက္ခရာအပူး ရာသက်ပန်အနီကားများမှာ အဝယ်လိုက်နေပြီး စျေးနှုန်းများလည်း မြင့်တတ်လျက်ရှိသည်။

ရာသက်ပန်မဟုတ်သော နံပါတ်အနီကားများမှာမူ ယခုအပတ်အတွင်း အဝယ်ကျဆင်းသွားပြီး စျေးမှာလည်း အနည်းငယ်ကျဆင်းသွားကြောင်း သိရပါသည်။

 

Read 4589 times