8.2.2019 မှ 14.2.2019 အတွင်း ယာဉ်ရောင်းဝယ်ရေး စခန်းများမှ ကားဈေးကွက်အခြေအနေကို ဖော်ပြအပ်ပါတယ်။
ဈေးကွက်အကြိုက် ဂျပန်ညာမောင်းကားများ ဈေးထပ်တက်သော်လည်း ထူးထူးခြားခြား အရောင်းအဝယ် ဖြစ်နေပါတယ်။ ယခုနှစ်အတွက် ကြေညာထားသော ကားတင်သွင်းခွင့်မူဝါဒအရ ပြည်ပမှ ကားတင်သွင်းရန် ခက်ခဲသွားချိန်မှာ ကားအရောင်းအဝယ် ဈေးကွက်မှာလည်း ဈေးကွက်အကြိုက် ဂျပန်ညာမောင်းကားများကို ဈေးတင်ရောင်းချလာကြပါတယ်။
အိမ်စီးကားများမှာ ကားအမျိုးအစားအပေါ်မူတည်ပြီး ကျပ် ၁၀ သိန်းမှ သိန်း ၂၀ ကြား တပ်တက်သွားသလို လုပ်ငန်းသုံးကားများမှာလည်း ကားအမျိုးအစားနဲ့ တင်အားပေါ်မူတည်ကာ ဈေးတက်သွားခြင်းဖြင့် အရောင်းအဝယ် ပြန်လည်လှုပ်ခတ်လာပါတယ်။
ဂျပန်ညာမောင်းကားများမှာ အတက်ဘက်သို့ ဦးတည်နေသည့်အတွက် ရန်ကုန်လိုင်စင်ရရှိခြင်း၊ မရှိခြင်း၊ အရစ်ကျစနစ်ဖြင့် ဝယ်ယူ၍ရခြင်း၊ မရခြင်း နဲ့ ဈေးနှုန်းကွာဟခြင်း ရှိ၊ မရှိအပေါ်တွင် ရွေးချယ်ဝယ်ယူလာကြပြီး အားသာချက် အနည်းငယ်ရှိတဲ့ ပြည်တွင်းထုတ် SKD ကားများမှာ ဈေးကွက်ကို ဦးဆောင်နေပါတယ်။
ကညနမှ နံပါတ်ထုတ်ပေးမှု စာရင်းများအရ 4Q/6743 နဲ့ HH/3997 သို့ရောက်ရှိနေပြီ ဖြစ်ပါတယ်။