တစ်ပတ်အတွင်း ရန်ကုန်ကားဈေးကွက်အခြေအနေနှင့် ကားဈေးနှုန်းများ


ဒေါ်လာစျေးများ ဆက်လက်မြင့်တက်နေပြီး ဂျပန်လေလံစျေးများလည်း မြင့်တက်နေ၍ ပြည်တွင်းကားစျေးကွက်တွင် တက်စျေးနှင့် ရောင်းနေရသည့်အတွက် အရောင်းအဝယ်အေးသွားကြောင်း သိရသည်။

ကားတင်သွင်းသူများအနေဖြင့်လည်း အရောင်းအဝယ်ဖြစ်ရေးထက် နောက်ကားတစ်စီးပြန်ဝယ်လျှင် တက်စျေးနှင့် မိသွားသည့်အခြေအနေကို ချင့်ချိန်နေကြသည်။

ကားစျေးကွက်အတွင်း အရောင်းအဝယ်အေးစက်နေသော်လည်း ဒေါ်လာစျေးနှင့် ဂျပန်လေလံစျေးမှာ ကျဆင်းသွားခြင်းမရှိဘဲ ဆက်လက်မြင့်တက်နေသည့်အတွက် ကားအသစ်တင်သွင်းမည်ဆိုပါက ရန်ကုန်အရောက် ကားတန်ဖိုးများမှာ ယခင်စျေးများထက် ပိုများသွားခဲ့သည်။

ကားစျေးများ မြင့်တက်သွားသည့်အတွက် စတိနံပါတ်ကားများမှာ အရောင်းအဝယ်အေးနေပြီး နံပါတ်ထွက်ပြီးသား ကားများသာ အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။

ကားစျေးကွက်အခြေအနေက တက်စျေးအတိုင်း လိုက်တက်ပြီး ရောင်းနေရလို့ ၀ယ်ယူမည့်သူမရှိဘူးဖြစ်နေပြီး စျေးကိုရသလောက်ခေါ်ပြီး တင်းခံထားကြသည်။

သို့သော် အခြေအနေပေါ်မူတည်ပြီးတော့လည်း အမြတ်နည်းနည်းဖြင့် အရောင်းအဝယ်ဖြစ်စေရန် လုပ်ရခြင်းများလည်းရှိသည်။

သိန်း ၁၅၀ နှင့် သိန်းနှစ်ရာကြားကာများမှာပုံမှန်အရောင်းအဝယ်ဖြစ်သည်။

စျေးများမြင့်တက်နေသည့်အချိန်တွင်  တက်စျေးအတိုင်းလိုက်ပြီး  ရောင်းပါကအရောင်းအဝယ်ဖြစ်တာ နညး်သည်။

ကားလာဝယ်သူများကလည်း အရင်စျေးများအတိုင်းပဲ ပေးချင်ကြသည်။

ယာဉ်ရောင်းဝယ်ရေးစခန်းများတွင်လည်း ဒီရက်ပိုင်းအဝယ်မလာသလောက်ပဲ၊ တကယ်ကားလိုအပ်သည့်သူများလက်ထဲတွင်လည်း ကားများက ပြည့်သလောက်ဖြစ်နေပြီ။

၀ယ်လိုအားမရှိသည့်အချိန်တွင် ကားစျေးက တက်စျေးနှင့် ငြိမ်နေသည့်အတွက် အရောင်းအဝယ်လုပ်ရခက်ပါသည်။

အဝယ်လာသော်လည်း မဖြစ်နိုင်သည့်စျေးကိုပေးပြီး ပြန်သွားကြသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ လူပုဂ္ဂိုလ်တစ်ဦးချင်းတင်သွင်းသည့် စလစ်ကပ်ကားများကို ပုံမှန်သက်တမ်းသုံးလအပြင် ပထမအကြိမ် နှစ်လနှင့် ဒုတိယအကြိမ်တစ်လ သက်တမ်းတိုးခွင်ပေးမည် ဖြစ်သောကြောင့်အချိန်တစ်ခုရသွားပြီး စလစ်ဝယ်လိုအားလည်း အနည်းငယ်ကျဆင်းသွားခဲ့သည်။

မူဝါဒသစ်ထွက်ပေါ်ပြီး တစ်ပတ်အတွင်း စလစ်စျေးကျပ်သိန်း ၁၄၀ ကျော်အထိ မြင့်တက်သွားခဲ့သော်လည်း ၀ယ်လိုအားနညး်သွားခြင်းကြောင့် ကျပ် ၁၃၅ သိန်းကျောက်ကို ပြန်လည်ကျဆင်းသွားခဲ့သည်။

ကားစျေးကွက်အခြေအနေသည် စလစ်စျေးအပေါ်မူတည်နေရာ စလစ်စျေးများ ပုံမှန်အတိုင်းသာရှိနေပါက ကားစျေးများသည် အတိုင်းအတာတစ်ခုတွင် ငြိမ်သက်သွားနို်င်ကြောင်း သိရသည်။

စျေးကွက်အတွင်း တက်စျေးအတိုင်းခေါ်ရောင်းပါက အရောင်းအဝယ်မဖြစ်ဘဲ ပုံမှန်စျေးကို အနညး်ငယ်ချရောင်းမှသာ အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။

နံပါတ်ထွက်ပြီးသား ရန်ကုန်လိုင်စင်ကားများကိုလည်း အပြင်ဝယ်လက်ထက် ၀ယ်/ရောင်းအချင်းချင်းသာ ပြန်ဝယ်ကြသဖြင့် စျေးကွက် အီသွားကြောင်းသိရသည်။

အပြင်ဝယ်လက်များကလည်း တက်စျေးအတိုင်းမပေးဘဲ ယခင်ပေါက်စျေးဖြင့်သာ စျေးဆစ်ပြီးဝယ်ယူကြသဖြင့် စျေးတန်းစုံစမ်းရုံသာဖြစ်ပြီး လက်တွေ့တွင် အရောင်းအဝယ်မဖြစ်ကြောင်း သိရသည်။

ယခုနှစ်အတွက် ပါမစ်နောက်ဆုံးထားလျှောက်ရမည့်ရက်များကို ကြေညာလိုက်ခြင်းနှင့် ယခင်နှစ်များကဲ့သို့ တစ်ဦးချင်းစလစ်ကပ်တင်သွင်းမည့်ကားများကို ပါပစ်သက်တမ်းတိုးခွင့်ပေးမည်ဖြစ်သောကြောင့် စလစ်စျေးများ အနည်းငယ်ပြန်လည်ကျဆင်းသွားခဲ့သည်။

ယခုတစ်ပတ်အတွင်း သက်တမ်းနှစ်နှစ်ဆယ်စလစ်သည် ကျပ် ၁၃၅ သိန်းဝန်းကျင်နှင့် တိုက်ကြေစလစ်သည် ကျပ် ၁၂၅ သိန်းဝန်းကျင် ပေါက်စျေးရှိကြောင်း ကားစျေးကွက်အတွင်းမှ သိရသည်။

ကားစျေးနှုန်းများ

စဉ် ကားအမျိုးအစား နံပါတ် မိုဒယ် စျေးနှုန်း
၁ Honda Fit ယာယီ 2011 220
၂ Toyota Wish YGN 2011 355
၃ Suzuki Swift MDY 2011 173
၄ Toyota Alphard YGN 2003 340
၅ Toyota Probox BGO 2012 185
၆ Toyota Vanguard YGN 2011 560
၇ Honda Insight MDY 2012 230
၈ Toyota Harrier YGN 2004 463
၉ Toyota Hilux Vigo MDY 2012 330
၁၀ Toyota Vitz ယာယီ 2012 195

 

 

Read 7148 times