တစ်ပတ်အတွင်း ရန်ကုန်ကားဈေးကွက်အခြေအနေသုံးသပ်ချက်နှင့် ကားဈေးနှုန်းများ


စျေးကွက်အတွင်း ရန်ကုန်လိုင်စင်ဖြင့် အသစ်တင်သွင်းထားသည့် ၁၃၀၀ စီစီ ရောင်းကားများနည်းသွားသကဲ့သို့ ကားအရောင်းစင်တာများတွင် ရှိသော Honda Fit GK3,Honda Fit Shuttle စသည့် ကားများကိုလည်း ကျပ်သိန်းသုံးရာဝန်းကျင်အထိ ခေါ်ရောင်းနေကြသဖြင့် ပြည်တွင်းတွင် CKD, SKD စနစ်ဖြင့် ထုတ်လုပ်သော ရန်ကုန်လိုင်စင်အမည်ပေါက် Suzuki Ciaz, Suzuki Ertiga နှင့် Nissan Sunny တို့သည် ပစ္စည်းပြတ်သည်အထိ ၀ယ်လိုအားမြင့်တက်နေကြောင်းသိရသည်။

၂၀၁၈ ခုနှစ်အတွက် မော်တော်ယာဉ်တင်သွင်းခွင့်ဆိုင်ရာ မိုဒယ်သတ်မှတ်ချက်များထုတ်ပြန်ပြီးနောက်ပိုင်းတွင် မိုင်ကုန်မြင့်တက်သွားသော ကားစျေးများမှာလည်း တက်စျေးဖြင့် အရောငး်အဝယ် အဖြစ်နညး်သောကြောင့် စျေးကွက်ပြန်လည်ငြိမ်သက်သွားခဲ့သည်။

စျေးကွက်အတွင်း တက်စျေးများဖြင့် အရောငး်အဝယ်အဖြစ်နည်းသကဲ့သို့ တစ်ဦးချင်းကားတင်သွင်းခွင့်ပါမစ် လျှောက်ထားမှုကိုလည်း ဒီဇင်ဘာ ၁၅ ရက်အထိခွင့်ပြုပေးလိုက်သဖြင့် ပါမစ်လျှောက်ရန်ကိုသာ အာရုံစိုက်မှု များလာခဲ့သည်။

တစ်ဦးချင်းဖရီးပါမစ် နယ်လိုင်စင်ဖြင့်လည်း ၆၆၀ စီစီမီနီထရပ်များကို ပါမစ်လျှောက်လာကြသကဲ့သို့ တိုက်ကြေစလစ်ကပ်၍လည်း ၁၃၀၀ စီစီ Honda Fit GK3, Honda Fit Shuttle, Toyota Axio တို့ကို ရန်ကုန်လိုင်စင်ဖြင့် ပါမစ်လျှောက်လာကြသည်။

ပြီးခဲ့သည့် အောက်တိုဘာလတုနး်က အရောင်းအဝယ်ကောင်းခဲ့သော်လည်း ခုရက်ပိုင်းတွင် ပြန်ငြိမ်သွားသည်။

နယ်လိုင်စင်နှင့် သွင်းထားသည့် Honda Fit GE6, Toyota Belta တို့ဆိုရင်လည်း ကျပ်သိန်း ၁၈၀ ၀န်းကျင်တွင် စျေးငြိမ်သွားသည်။

နယ်အဝယ် အဆင်းနညး်သွားသကဲ့သို့ အရောင်းအဝယ်လည်း ငြိမ်သွားသောကြောင့် စလစ်စျေးလည်း ပြန်ဆင်းသွားသည်။

ဒီနှစ်မူဝါဒနှင့် တစ်ဦးချင်းပါမစ်လျှောက်တာကို ဒီဇင်ဘာ ၁၅ ရက်အထိ ခွင့်ပြုလိုက်သည့်အတွက် အလောတကြီးမဝယ်ကြတော့ပဲ ပါမစ်လျှောက်ပြီး ကိုယ်တိုင်သွင်းမည့်သူများ ရှိလာကြသည်။

ဒီရက်ပိုင်းတွင် တစ်ဦးချင်းဖရီးပါမစ်နှင့် ၆၆၀ စီစီ မီနီထရပ်များကိုလည်း ပါမစ်လျှောက်ခြင်းများလာပါသည်။

ကားစျေးထပ်တက်ဖို့ အခြေအနေနည်းသွားသည်ဆိုသော်လည်း လာမည့်နှစ်ကစပြီး ညာမောင်းကား ပေးမသွင်းတော့သည့်အတွက် ကျဖို့အနေအထားလညး် သိပ်မရှိပါဘူး။

စတိနံပါတ်ကားများထက်စာလျှင် ရန်ကုန်လိုင်စင်နံပါတ်ထွက်ပြီးသား ကားလေးများကတော့ ပုံမှန်အရောင်းအဝယ်ရှိပါသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက လုပ်ငန်းသုံးကားများကို ဘယ်မောင််း၊ ညာမောင်းမခွဲခြားပဲ ၂၀၀၈ မိုဒယ်အထိလျှော့ချတင်သွင်းခွင့်ပေးသည်။

ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက စက်မှုဇုန် လိုက်ထရပ်များအပ်နှံပြီး လူစီးစလစ်ထုတ်ပေးမည်ဟု ကောလဟာလသတင်းများ ထွက်ပေါ်နေသော်လည်း နှစ်မကုန်ခင်အထိ မူဝါဒပြောင်းလဲရန် မရှိသောကြောင့် စျေးကွက်အခြေအနေလည်း အပြောင်းအလဲရှိမည် မဟုတ်ပေ။

ပုံမှန်အတိုင်းလာမည့်နှစ်ဇန်နဝါရီလ ၁ ရက်မှစ၍ သက်တမ်းနှစ်နှစ်ဆယ်ပြည့်သည့့် ၁၉၉၈ မိုဒယ်ကားများကိုသာ အပ်နှံခွင့်ပေးမည်ဖြစ်သောကြောင့် မူဝါဒအပြောင်းအလဲနှင့် အပ်ကားသစ်များ ၀င်ရောက်လာမည်ဖြစ်ရာ နှစ်အစတွင် စလစ်စျေးများ ပြန်လည်ကျဆင်းသွားမည်ဖြစ်သည်။

ရန်ကုန်မြို့အတွင်း အသုံးပြုနေသည့် နယ်လိုင်စင်ကားများကို မြို့ဝင်ကြေး ပြန်လည်ကောက်ခံမည်ဟု သတင်းများ ထွက်ပေါ်နေ၍လည်း နယ်ကားများမှာအရောင်းအဝယ်အေးသွားခဲ့သည်။

စျေးကွက်အတွင်းတွင် တက်စျေးအတိုင်းခေါ်ရောင်းပါက အရောင်းအဝယ်မဖြစ်ပဲ ပုံမှန်စျေးထက် အနညး်ငယ်ချရောင်းမှသာ အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။

နံပါတ်ထွက်ပြီးသား ရန်ကုန်လိုင်စင်ကားများကိုလည်း အပြင်ဝယ်လက်ထက် ၀ယ်/ရောင်းအချင်းချင်းသာ ပြန်ဝယ်ကြသဖြင့် စျေးကွက်အီသွားကြောင်း သိရသည်။

ကားစျေးများ တက်နေသည့်အတွက် အရောင်းအဝယ်ကထင်သလောက်မကောင်းဘူးဖြစ်နေပါသည်။

မူဝါဒပြောင်းလဲမှုကြောင့် ကားစျေးများမြင့်တက်သွားခဲ့သော်လည်း အဝယ်များက တက်စျေးအတိုင်း မပေးချင်ကြဘူး။

လွန်ခဲ့သည့်နှစ်လလောက်ကပေါက်စျေးကိုပဲ ပေးကြသည့်အတွက် အရောင်းအဝယ်မဖြစ်ဘူး။

အဝယ်အများစုကစျေးတက်တာကို မသိရင် ကိုယ်လိုချင်တဲ့စျေးပဲ ပေးကြသည်၊ ၀ယ်/ရောင်းများဘက်ကကြည်လျှင်လည်း ကားစျေးများက တက်နေသည့်အတွက် လျှော့ရောင်းလို့လည်း မရဘူး။

ကိုယ်လိုချင်သည့်စျေးရမှရောင်းမည်ဆိုလျှင်လည်း အဝယ်က လှည့်ပြန်သွားရော၊ လျှော့ရောင်းမည်ဆိုလျှင်လည်း နောက်ဝယ်မည့်ကားက ရောင်းသည့်စျေးနှင့် မရတော့ဘူး။

ထို့ကြောင့် ကားစျေးကွက်အခြေအနေက အဆင်ပြေသလိုချိန်ဆပြီး ရောင်းနေရပါသည်။

စလစ်ကပ်ကားများထဲတွင် Toyota Wish,Toyota Alphard တို့က ပုံမှန်အရောင်းအဝယ်ဖြစ်ပါသည်။

ရန်ကုန်လိုင်စင် ၁၃၀၀ စီစီကားများကတော့ တက်စျေးအတိုင်း စျေးချပြီး မရောင်းချင်ကြသည့်အတွက် အရောင်းအဝယ်အဖြစ်နည်းပါသည် ဟုကားဝယ်/ရောင်းတစ်ဦးကပြောသည်။

နိ်ုဝင်ဘာလ ပထမပတ်အထိ ၁၉၉၈ မိုဒယ်နှင့်အောက် YBS ဘတ်စ်များ အပ်နှံခွင့်မပေးသောကြောင့် စလစ်စျေးမှာ ကျပ် ၁၃၅ သိနး်ဝန်းကျင်တွင် စျေးမာနေသည်။

အပ်ကားရှားပါးနေသည့်အတွက်လည်း စျေးကျစရာအနေအထားမရှိဘဲ လာမည့်နှစ်အစတွင် ကျပ်သိန်း သုံးဆယ်မှ လေးဆယ်အကြား ကျဆင်းသွားဖွယ်ရှိနေသည်။

နို၀င်ဘာလအတွင်း ဘတ်စလစ်များ ၀င်ရောက်လာမည်ဆိုပါက စလစ်စျေးများ ကျပ်ငါးသိန်းမှ ၁၀ သိန်းအထိကျဆင်းသွားဖွယ်ရှိကြောင်းလည်း ကားတင်သွင်းသူများက ခန့်မှန်းထားကြောင်း သိရသည်။

ကားစျေးနှုန်းများ

စဉ်      ကားအမျိုးအစား နံပါတ်  မိုဒယ်  စျေးနှုန်း

စဉ် ကားအမျိုးအစား နံပါတ် မိုဒယ် စျေးနှုန်း
၁ Honda Fit ယာယီ 2012 238
၂ Toyota Wish ယာယီ 2009 405
၃ Toyota Alphard YGN 2003 370
၄ Toyota Belta ယာယီ 2011 215
၅ Toyota Hilux Vigo MDY 2012 340
၆ Toyota Crown YGN 2004 410
၇ Sizuki Swift MDY 2012 183
၈ Mazda Demio ယာယီ 2011 190
၉ Nissan Juke MDY 2011 330
၁၀ Toyota Kluger MDY 2006 420

 

Read 1686 times