ဟု ဆိုနိုင်သော်လည်း စလစ်ဈေးမှာ ပိတ်ရက်တွင်လည်း ဆက်လက်မြင့်တက်နေဆဲပင် ဖြစ်သည်ကို တွေ့မြင်ရမည်ဖြစ်ပါသည်။
ဈေးကွက်အတွင်း ကားမျိုးစုံအမြင့်ဈေးတွင် ရှိနေကြပြီး အရောင်းအဝယ်ဖြစ်နေသည့် ကားများမှာ အင်ဂျင်ပါဝါ ၁၃၀၀မှ ၂၅၀၀စီစီ ကြား လူစီးကားများပင်ဖြစ်ပါသည်။
လာမည့်နှစ်မူဝါဒအသစ်မှာလည်း အောက်တိုဘာလဆန်းသည်အထိ ထွက်ရှိမလာခြင်းကြောင့် နယ်ဝယ်လက်များ ယခုအပတ်တွင်း ရန်ကုန်ဈေးကွက်သို့ ပိုမိုရောက်ရှိလာနိုင်သည်ဟု ကားဈေးကွက်ကျွမ်းကျင်သူတစ်ချို့က ခန့်မှန်းကြောင်းသိရသည်။
မိုးလေကင်းလွတ်သည့် ယခုလသည် အရောင်းဝယ်အားကောင်းတတ်သည့် သဘောရှိသည့်အပြင် နှစ်ကုန်ခါနီးကာလဖြစ်သည့်အတွက် မူဝါဒအပြောင်းအလဲမဖြစ်မီ ဝယ်လက်များပြားလာနိုင်သည့် အခြေအနေရရှိနိုင်သည်ဟု ခန့်မှန်းကြသကဲ့သို့ အချို့ကလည်း မူဝါဒ သဘောထားများ မြန်မြန်ဆန်ဆန်ထွက်ပေါ်လာရန် မျှော်လင့်နေကြပြီး ထိုမှသာ ကားဈေးများ တည်ငြိမ်မှုရှိမည်ဟု ခန်းမှန်းကြောင်းသိရသည်။
နှစ်မကုန်မီ တစ်လခွဲသတ်မှတ်ချိန်အတွင်း ထပ်မံ၍ မော်တော်ကားတင်သွင်းခွင့်ရရန် ကြိုးပမ်းကြသူများသောကြောင့်လည်း စလစ်ဈေးမှာ ငွေကျပ်သိန်း၁၂၃သိန်း ဝန်းကျင်တွင် ဈေးမာစွာရပ်တည်လျက်ရှိကြောင်းသိရသည်။
သက်တမ်းနှစ်ဆယ်စလစ်အပ်ကားများ ရှားပါးလာခြင်းကြောင့် အချို့ယာဉ်အိုယာဉ်ဟောင်း ကားပိုင်ရှင်များ စတင်ရောင်းချလာသည်ကိုလည်း တွေ့ရပါသည်။
ထို့ပြင် ဈေးကွက်အတွင်းတွင် ဂျပန်ညာမောင်းကားများ ရှားပါးလားခြင်းကြောင့် အများစုမှာ အသစ်တင်သွင်းမှုကို ဦးစားပြန်ပေးလာခြင်းဖြင့် စလစ်ဈေးမှာ လာမည့်သတင်းပတ်အတွင်းတွင်လည်း ဆက်လက်မြင့်တင်ဦးမည့် လက္ခဏာများကို မြင်တွေ့ရမည်ဖြစ်သည်။
လက်ရှိတွင် သက်တမ်းနှစ် ၂၀အမည်ပေါက်စလစ်မှာ ငွေကျပ် ၁၂၃ သိန်းအထိ ဈေးရှိနေပြီး တိုက်ကြေအမည်ပေါက်စလစ်မှာ ငွေကျပ် ၁၁၇ သိန်း၊ စက်မှုဇုန်စလစ်ဈေးမှာ ကျပ်သိန်း ၁၂၀ နှင့် ယာဉ်အိုယာဉ်ဟောင်း စလစ်ဈေးနှုန်းမှာ ၁၂၀ သိန်းဝန်းကျင်ရှိနေသည်။
ဈေးနှုန်းမြင့်တက်သော်လည်း စလစ်မှာရှားပါးနေပြီး ဝယ်ယူလိုသူများပြားသဖြင့် ရှာဖွေစုဆောင်းနေကြရသည့် ဝယ်ရောင်းသမားများက အောက်တိုဘာလကုန်အထိ စလစ်လိုအပ်ချက် ရှိနေဦးမည်ဟု ခန့်မှန်းကြသဖြင့် ယာဉ်အိုယာဉ်ဟောင်းပိုင်ရှင်များ ရောင်းချရန် စဉ်းစားသင့်သည့် ကာလဟု သုံးသပ်ရသည်။
လာမည့်နှစ်တွင် မူဝါဒများအရ ညာမောင်းတင်သွင်းခွင့် ကန့်သတ်နိုင်မည်ဖြစ်ခြင်းကြောင့် ညာမောင်းကားများကို လက်ကျန်ကိုင်ထားချင်သူများပြားနေပြီး ဈေးကွက်တွင်းရောက်ရှိမလာတော့ဘဲ သိမ်းဆည်းကြသူများများပြားသဖြင့် ဝယ်ယူသူများအနေဖြင့် ကားဝယ်သင့်သည့် ကာလမဟုတ်ဟု သုံးသပ်သူများကိုလည်း မြင်တွေ့ရသည်။
အောက်တိုဘာလဆန်းအတွင်း ကနဦးရောက်ရှိနံပါတ်များမှာ မော်တော်ယာဉ် IP-203L, စက်မှုဇုန်မှာ 8M-8738 နှင့် တက္ကစီမှာ HH-2501 တို့ဖြစ်ကြောင်း ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနက သိရှိရသည်။
တစ်ပတ်အတွင်း အရောင်းအဝယ်ဖြစ်ခဲ့သည့် ကားအမျိုးအစားများ
ယာဉ်အမျိုးအစား | မိုဒယ် | လိုင်စင် | အင်ဂျင်ပါ၀ါ | ကျပ်သိန်းပေါင်း |
Alphard | 2003 | YGN | 3000cc | 380 |
Surf | 2006 | YGN | 2700cc | 650 |
Crown | 2004 | YGN | 2500cc | 358 |
Wish | 2004 | YGN | 1800cc | 250 |
Probox | 2010 | YGN | 1300cc | 155 |
Honda Fit GK3 | 2014 | YGN | 1300cc | 260 |
Honda Insight | 2012 | YGN | 1300cc | 225 |
Honda Fit | 2012 | နယ္ | 1300cc | 215 |
Mark II | 2003 | YGN | 2500cc | 220 |
Hijet | 2008 | MDY | 660cc | 118 |