တစ်ပတ်အတွင်း ရန်ကုန်ကားဈေးကွက် အခြေအနေသုံးသပ်ချက်နှင့် ကားဈေးနှုန်းများ


တစ်ပတ်အတွင်း ရန်ကုန်ကားစျေးကွက် အခြေအနေသုံးသပ်ချက်နှင့် ကားစျေးနှုန်းများ(Zawgyi-Unicode)

လာမည့်နှစ်အတွက် မော်တော်ယာဉ်တင်သွင်းခွင့်ဆိုင်ရာ မိုဒယ်သတ်မှတ်ချက်များတွင် ဘယ်မောင်းကားတစ်မျိုးတည်းကိုသာ တင်သွင်းခွင့်ပေးရန် သေချာနေပြီး ဖရီးပါမစ်ကားများကို ၂၀၁၆ မိုဒယ်မှ ၂၀၁၈ မိုဒယ်၊ စလစ်ကပ်ကားများကို ၂၀၁၄ မိုဒယ်မှ ၂၀၁၅ မိုဒယ်၊ လုပ်ငန်းသုံးကားများကို ၂၀၁၄ မိုဒယ်မှ ၂၀၁၈ မိုဒယ်၊ Brand New ကားများကို ၂၀၁၇ မိုဒယ်မှ ၂၀၁၈ မိုဒယ် စသည်ဖြင့် တင်သွင်းခွင့်ပေးရန် သေချာသလောက်ရှိနေသည့်အတွက် ကားစျေးကွက်အခြေအနေမှာ အပြောင်းအလဲများ ဖြစ်ပေါ်လာနိုင်သည်။

လာမည့်နှစ်တွင် ကားစျေးကွက်မှာ စျေးအတက်ဘက်သို့ ဦးတည်သွားရန်မှာလည်း သေချာသလောက်ရှိသည့်အတွက် မူဝါဒထွက်ပေါ်လာပြီးပါက စျေးများ မြင့်တက်ဖွယ်ရှိသောကြောင့် အရောင်းအဝယ်ထိန်းပြီး စျေးကစားနေကြကြောင်း သိရသည်။

ဒီရက်ပိုင်းတွင် စလစ်ကပ်ကားများကို မှာယူတင်သွင်းသည့်သူများ များပြားလာသကဲ့သို့ ဖရီးပါမစ်ကားများကိုလည်း ပါမစ်များကြိုလျှောက်နေကြပါသည်။

စတိနံပါတ်နှင့် အမည်ပေါက်ကားများကတော့ နောက်နှစ်လ၊ သုံးလလောက်ဆိုလျှင် အတော်လေး အရောင်းအဝယ် ကောင်းလာနိုင်သည်။

လာမည့်နှစ်တွင် ဘယ်မောင်းကားများကိုသာ ပေးသွင်းရန် သေချာနေသည် ဆိုသော်လည်း တရားဝင်မထွက်သေးသောကြောင့် ဘာမှလုပ်လို့မရနိုင်ပါ။

တစ်နှစ်လုံးလုံးစောင့်လာပြီးမှ ထွက်ပေါ်လာမည့် မူဝါဒကိုသာ ဆက်စောင့်ရမည်။

ဖရီးပါမစ်ကားများမှာ လေလံစျေးတက်သည့် အချိန်တွင် ရောင်းစျေးနှင့် ပြန်ဝယ်လို့မရနိုင်သည့်အတွက် ထိန်းပြီး ရောင်းနေကြပါသည်။

နောက်ပိုင်းတွင် ကားပွဲစားတန်းများတွင်လည်း ကားသစ်များ တင်သွင်းတော့မည် မဟုတ်တော့သောကြောင့် ကားဟောင်းစျေးကွက် သီးသန့်ဖြစ်သွားမည်ဟု သိရသည်။

မိုဒယ်သတ်မှတ််ချက်များ တရားဝင် မထုတ်ပြန်သေးသောကြောင့် အရောင်းအဝယ်များအေးနေကာ ၀ယ်ရောင်း အချင်းချင်း လက်ပြောင်းလက်လွွှဲပုံစံမျိုးဖြင့် အရောင်းအဝယ် ပြုလုပ်နေကြသည်း။

နယ်ဝယ်လက်များလည်း အဆင်းနည်းသွားပြီး အရောင်းအဝယ်ပြုလုပ်ရန်အတွက် နယ်ဝယ်/ရောင်းအချို့သာဆင်းကြောင်း သိရသည်။

လာမည့်နှစ်တွင် ဘယ်မောင်းကားများကိုသာ ဦးစားပေးတင်သွင်းခွင့်ရဖွယ်ရှိသည့်အတွက် ကားစျေးများ ထပ်မံမြင့်တက်ဦးမည် ဆိုသည့် အထင်ဖြင့် ကားပိုင်ရှင်များမှာ ကားများကို ထုတ်ရောင်းရန် တွေဝေနေ၍ ရောင်းကားများ သိသိသာသာနညး်ပါးသွားသည်။

ကားစျေးများမြင့်တက်နေမှုကြောင့် ယာဉ်ရောင်းဝယ်စခန်းများတွင် နံပါတ်ထွက်ပြီးသားကားများကိုသာ အရောင်းအဝယ် ပြုလုပ်နေရသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် အက္ခရာ တက္ကစီများကို နံပါတ်အနက်သို့ ပြောင်းလဲရန် စီစဉ်နေပြီး ယင်းသို့အကောင်အထည်ဖော်လုပ်ဆောင်ပါက စျေးကွက်အတွင်းသို့ ရန်ကုန်လိုင်စင်ကားဟောင်းများ ၀င်လာနိုင်သည့်အတွက် စျေးကွက်အပြောင်းအလဲလည်း ဖြစ်သွားနိုင်ကြောင်း ကားတင်သွင်းသူများက ဆိုသည်။

ယင်းသို့ အက္ခရာတက္ကစီကားများကို နံပါတ်အနက်သို့ပြန်ပြောင်းရမည်ဟု သတင်းများထွက်ပေါ်ခဲ့သည့့်အတွက် ကားစျေးကွက်အတွင်းတွင် ရာသက်ပန်တက္ကစီများကို ရွေးချယ်ဝယ်ယူလာခဲ့ပြီး တက္ကစီစလစ်များလည်း စျေးမြင့်တက်သွားဖွယ်ရှိကြောင်း သိရသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ယခုနှစ်အတွက် ကားပါမစ်လျှောက်ထားခြင်းကို ဒီဇင်ဘာလ ဒုတိယပတ် နောက်ဆုံးထား သတ်မှတ်လိုက်ပြီးနောက် ကျန်ရှိတော့သည့် ရက်ပိုင်းအတွင်း ပါမစ်လျှောက်ထားမှု များလာမည်ဖြစ်သောကြောင့် စလစ်စျေး မြင့်တက်သွားဖွယ်ရှိကြောင်း သိရသည်။

စဉ်       ကားအမျိုးအစား နံပါတ်   မိုဒယ်   ကျပ် သိန်းပေါင်း
၁ Honda Fit ယာယီ 2012 245
၂ Honda Insight MDY 2010 220
၃ Toyota Vanguard ယာယီ 2011 590
၄ Toyota Vitz ယာယီ 2012 195
၅ Toyota Kluger YGN 2005 385
၆ Suzuki Swift ယာယီ 2011 180
၇ Nissan Juke MDY 2011 325
၈ Toyota Wish YGN 2004 280
၉ Toyota Hilux Vigo MDY 2012 320
၁၀ Mazda Demio ယာယီ 2011 185

 


 

Read 2336 times