တစ်ပတ်အတွင်း ရန်ကုန်ကားဈေးကွက်အခြေအနေသုံးသပ်ချက်နှင့် ကားဈေးနှုန်းများ


ဈေးကွက်တစ်ခုအပေါ်တွင် မျှတစွာရှိခဲ့သော်လည်း ယခုနှစ်တွင်မူ အင်ဂျင်ပါဝါ ၁၃၀၀ စီစီ ညာမောင်းကားတစ်စီး တင်သွင်းမည်ဆိုလျှင် ကျပ်သိန်း ၂၅၀ ဝန်းကျင် ကျသင့်မည်ဖြစ်သော်ကြောင့် နံပါတ်ထွက်ပြီးသား ကားများနှင့် ဈေးနှုန်းကွာဟချက် များသွားခဲ့သည်။

သို့ဖြစ်၍ ယခုနှစ် ကားသစ်တင်သွင်းမှုမှာ သိသိသာသာ လျော့နည်းသွားပြီး ကားဟောင်းဈေးကွက်မှာ ပို၍ အားကောင်းသွားခဲ့သည်။

၂၀၁၂ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိတစ်နှစ်လျှင် ကားအစီးရေ တစ်သိန်းကျော် တင်သွင်းမှုရှိခဲ့သော်လည်း ယခုနှစ်တွင်မူ မိုဒယ်ကန့်သတ်ချက် ကျဉ်းမြောင်းသွားခြင်းနှင့် တင်သွင်းစရာ ဖရီးပါမစ်ကား နည်းပါးသောကြောင့် ကားတင်သွင်းမှုမှာ သိသိသာသာ လျော့နည်းသွားကာ ယခုနှစ် ဇန်နဝါရီလမှ သြဂုတ်လကုန်အထိ အစီးရေ ၆၂၀၀ ကျော်သာပါမစ်လျှောက်မှု ရှိခဲ့ကြောင်း သိရသည်။

အင်ဂျင်ပါဝါ ၁၃၀၀ စီစီကားများထဲတွင် ရန်ကုန်လိုင်စင်ဖြင့် Honda Fit Shuttle နှင့် Honda Insight ကားများသာ တင်သွင်းခွင့်ဆိုင်ရာမူဝါဒအရ ဘယ်မောင်းကားများကိုသာ တင်သွင်းခွင့်ပေးဖွယ်ရှိနေရာ ယခုနှစ်မကုန်မီအထိ ရသည့် အခွင့်အရေးဖြင့် ညာမောင်းကားများကို တင်သွင်းကြမည်ဖြစ်၍ နှစ်ကုန်ခါနီးသည်နှင့်အမျှ စလစ်ဈေးမြင့်တက်လာဖွယ်ရှိကြောင်း ကားတင်သွင်းသူများက ခန့်မှန်းထားကြသည်။

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကလည်း လာမည့်ဘဏ္ဍာနှစ်မှစ၍ COE စနစ်ဖြင့် ကားတင်သွင်းမှုကို ထိန်းချုပ်မည်ဟု ပြောကြားခဲ့ရာ ရောက်ရှိပြီးသား ကားများကိုသာ အရောင်းအဝယ်ပြုလုပ်ရတော့မည် ဖြစ်ကြောင်း ကားဝယ်/ရောင်းများကဆိုသည်။

ယခုရက်ပိုင်းအတွင်း ကားတင်သွင်းမှု လျော့နည်းသွားခြင်းကြောင့် စလစ်ဈေးများ အနည်းငယ်ပြန်လည်ကျဆင်းသွားပြီး သက်တမ်းနှစ် နှစ်ဆယ် လူစီးစလစ်သည် ကျပ်သိန်း ၁၁၀ ဝန်းကျင်တွင် ဈေးတန်းငြိမ်နေသည်။

၂၀၁၇ ခုနှစ်အတွင်းထုတ်ပေးသော တင်သွင်းခွင့်ပါမစ်များကို ယခုနှစ်ကုန်အထိသာ ပါမစ်သက်တမ်းတိုးပေးမည်ဟု သတင်းများထွက်ပေါ် နေသည့်အတွက်လည်း ကားသစ်တင်သွင်းရန် ချိန်ဆနေရကြောင်း သိရသည်။

အောက်တိုဘာလအတွင်း YBS အို/ဟောင်းဘတ်စ်များကို ၁၉၉၈ မိုဒယ်အထိ တိုးမြှင့်အပ်နှံခွင့်ပေးမည် ဖြစ်ရာ တင်ပြထားသော ယာဉ်အစီးရေ သုံးရာကျော်ရှိသည့်အတွက် စလစ်ဈေး အပြောင်းအလဲ ဖြစ်ပေါ်လာနိုင်ကြောင်း ကားဝယ်/ရောင်းများက သုံးသပ်ထားကြသည်။

စဉ် ကားအမျိုးအစား နံပါတ် မိုဒယ် ဈေးနှုန်း
၁ Honda Fit ယာယီ 2011 215
၂ Toyota Vitz ယာယီ 2012 192
၃ Mazda Demio ယာယီ 2011 180
၎ Toyota Belta ယာယီ 2011 205
၅ Nissan Juke MDY 2011 315
၆ Toyota Axio ယာယီ 2013 272
၇ Mitsubishi RVR MDY 2010 375
၈ Toyota Hilux Vigo BGO 2012 330
၉ Toyota Vanguard ယာယီ 2011 575
၁၀ Toyota Kluger MDY 2006 425

 

Read 2962 times