တစ်ပတ်အတွင်းရန်ကုန်ကားဈေးကွက်အခြေအနေသုံးသပ်ချက်နှင့် ကားဈေးနှုန်းများ


လုပ်ငန်းသုံးထရပ်များနှင့် ဘတ်စ်များသာပါဝင်၍ လူစီးကားများမှာ ဈေးအတက်၊ အကျမရှိဘဲ ပုံမှန်ပေါက်ဈေးဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရသည်။

နယ်လိုင်စင်ဖြင့် တင်သွင်းထားသည့် အင်ဂျင်ပါဝါ ၁၃၀၀ စီစီကားများမှာ ဈေးကွက်ထဲမရှိ သလောက်နည်းသွားပြီး စလစ်ဈေးကျစဉ်က ရန်ကုန်လိုင်စင်ဖြင့် တင်သွင်းထားသည့် ကားများသာ အရောင်းအဝယ်ဖြစ်နေသည်။

ရန်ကုန်လိုင်စင် ၁၃၀၀ စီစီ နံပါတ်အဟောင်းကားများနှင့်အတူ စလစ်ကပ်ကားများဖြစ်သည့် Vanguard, Wish ,Kluger, CR-V ကားများအဝယ်လိုက်နေကြောင်း သိရသည်။

ယာဉ်ရောင်းဝယ်ရေးစခန်းများတွင်လည်း နယ်အဝယ်များ ပြန်ဆင်းလာသည့်အတွက် စလစ်ကပ်ကားများသာမက ဖရီးပါမစ်ကားများပါ အရောင်းအဝယ်ဖြစ်လာကြောင်း သိရသည်။

 အထက်မြန်မာပြည်ဘက်မှ နယ်အဝယ်များ အဆင်းများနေပြီး လုပ်ငန်းသုံးကားများနှင့် အိမ်စီးကားများပါ အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။

နံပါတ်ထွက်ပြီးသား ကားများထဲတွင် ၁၃၀၀ စီစီ၊ ၁၅၀၀ စီစီ ကားများဖြစ်သည့် Honda Fit, Belta, Ractis, Honda Fit Shuttle, GK3 ကားလေးများ အရောင်းအဝယ်ဖြစ်နေသည်။

စလစ်ကပ်ကားများထဲတွင် စတိနံပါတ်ကားများ အရောင်းအဝယ်အေးနေသော်လည်း နံပါတ်ထွက်ပြီးသား ကားများထဲမှ Alphard, Wish, Kluger စသည့်ကားများ အဝယ်လိုက်နေကြောင်း သိရသည်။

ကားတင်သွင်းမှုများ လျော့နည်းသွားပြီးနောက် ကျပ် ၁၁၄ သိန်းအထိ မြင့်တက်သွားခဲ့သော စလစ်ဈေးသည် ကျပ်သိန်း ၁၀၀ ဝန်းကျင် အထိ ပြန်လည် ကျဆင်းသွားကြောင်း သိရသည်။

ရန်ကုန်လိပ်စာပေါက် ၁၃၀၀ စီစီကားများအဝယ်လိုက်နေခြင်းကြောင့် တိုက်ကြေစလစ်များ အဝယ်လိုက်နေပြီး ယခုရက်ပိုင်းအတွင်း ကျပ် ၁၀၃ သိန်းဝန်းကျင်ပေါက်ဈေးရှိကာ တက္ကစီစလစ်မှာ အပ်ကားရှားပါးမှုကြောင့် ကျပ် ၁၁၄ သိန်းဝန်းကျင်အထိ ဈေးမြင့်တက်လာခဲ့ကြောင်း သိရသည်။

စဉ် ကားအမျိုးအစား နံပါတ် မိုဒယ် ဈေးနှုန်း
၁ Honda Fit ယာယီ 2012 205
၂ Toyota Wish ယာယီ 2009 390
၃ Toyota Alphard YGN 2003 375
၎ Toyota Belta ယာယီ 2011 200
၅ Toyota Hilux Vigo MDY 2012 340
၆ Toyota Crown YGN 2004 400
၇ Suzuki Swift MDY 2012 175
၈ Mazda Demio ယာယီ 2011 180
၉ Nissan Juke MDY 2011 310
၁၀ Toyota Kluger MDY 2006 425

 

Read 3385 times