မှန်းဆရခက်သည့်ရန်ကုန်ကားဈေးကွက်အခြေအနေနှင့်ကားဈေးနှုန်းများ


မှန်းဆရခက်သည့်လာမည့်နှစ်မော်တော်ယာဉ်တင်သွင်းခွင့်နှစ်ကန့်သတ်ချက်များကြောင့်တစ်ဦးချင်းကားတင်သွင်းမှုသူများမရှိသလောက်နည်းပါးနေပါသည်။

ကားဝယ်ယူသူအများစုမှာရန်ကုန်လိပ်စာပေါက်ကားကိုသာဝယ်ယူလိုကြ၍ယခင်နှစ်များကဲ့သို့ကားအသစ်များ မှာယူမတင်သွင်းတော့ပဲရန်ကုန်လိပ်စာထွက်ပြီးသားနံပါတ်ဟောင်းကားများကိုသာရှာဖွေဝယ်ယူနေကြသဖြင့် ကားတင်သွင်းမှုလျော့နည်းသွားကာနံပါတ်ထွက်ပြီးကားများ မှာယူမတင်သွင်းတော့ဘဲရန်ကုန်လိပ်စာထွက်ပြီးသားနံပါတ်ဟောင်းကားများကိုသာ ရှာဖွေဝယ်ယူနေကြသဖြင့် ကားတင်သွင်းမှုလျော့နည်းသွားကာနံပါတ်ထွက်ပြီးကားများမှာ တစ်ပတ်နှင့်တစ်ပတ်စျေးများတအိအိမြင့်တက်နေသည်။

မူဝါဒများမတည်ငြိမ်သေးသည့်အချိန်တွင် တစ်ပိုင်တစ်နိုင်ကားဝယ်/ရောင်းအများစုမှာအဟောင်းဘက်ကိုသာအာရုံစိုက်ပြီးလုပ်နေကြသကဲ့သို့လာမည့်နှစ်အတွက် မော်တော်ယာဉ်တင်သွင်းခွင့်များကိုလည်းဘယ်လိုသတ်မှတ်မည်ဆိုသည်ကိုမသိသေးသည့်အတွက် နံပါတ်ထွက်ပြီးကားများမှာတစ်ပတ်နှင့်တစ်ပတ်စျေးများတအိအိမြင့်တက်နေသည်။

မူဝါဒများမည်ငြိမ်သေးသည့်အချိန်တွင်တစ်ပိုင်တစ်နိုင်ကားဝယ်/ရောင်းအများစုမှာအရဲစွန့်၍ ကားမတင်သွင်းတော့ဘဲစျေးကွက်အတွင်းရှိနံပါတ်ထွက်ပြီးကားများကိုသာရှာဖွေပြီးအမြတ်နည်းနည်းဖြင့်် အရောင်းအဝယ်ပြုလုပ်လာကြသည်။

မန္တလေးကားစျေးကွက်ကယခုအပတ်တွင်အတက်အကျသိပ်မရှိတော့ဘဲအရောင်းအဝယ်လည်းပုံမှန်ပြန်ဖြစ်နေပါသည်။

ရောက်ရှိစျေးတွင်သာတန်းနေပြီးအထူးသဖြင့်နံပါတ်ထွက်ပြီးကားများနှင့်မီနီထရပ်လေးများကစျေးကွက်ကိုဦးဆောင်နေပါကြောင်းကားရောင်း/၀ယ်တစ်ဦးကပြောကြားသည်။

ရန်ကုန်လိုင်စင်ဖြင့်ကားတင်သွင်းမှုမရှိသဖြင့်လက်ရှိမန္တလေးကားစျေးကွက်အတွင်းရန်ကုန်လိုင်စင်ပွိုင့်သရီးကားဟောင်းလေးများမှာယခင်ထက်စျေးကွက်ဝေစုပိုမိုရရှိလာကာအရောင်းအဝယ်သွက်လျှက်ရှိကြောင်းသိရသည်။

ရန်ကုန်လိုင်စင်ဖြင့်ကားတင်သွင်းမှုပိတ်ထားခြင်း၊လာမည့် ၂၀၁၈ခုနှစ်တွင်ဘယ်မောင်းများသာ တင်သွင်းရတော့မည်ဟု သတင်းများထွက်ပေါ်လာသောကြောင့်ရောက်ရှိပြီးကား များမှာစျေးအတက်ဘက် သို့ဦးတည်နေပြီး အရောင်းအဝယ်ကောင်းရန်တာဟူလျက်ရှိသည်ဟုကားဝယ်/ရောင်းတစ်ဦးက ပြောကြားသည်။

ထို့ပြင်လက်ရှိတွင်ဘယ်မောင်းထိတွေ့မှုအားနည်းခြင်းများကြောင့်အချိန်ယူရမည်ဖြစ်ရာရောက်ရှိပြီး ဂျပန်ကားညာမောင်းလေးများသာစျေးကွက်ကိုဆက်လက်ဦးဆောင်သွားနိုင်မည်ဖြစ်ကြောင်း ကားဝယ်/ရောင်းများကခန့်မှန်းကြသည်။

စလစ်ဝယ်လိုအားများချိန်တွင်အပ်နှံခွင့်ရသည့်ကားဟောင်းများရှားပါးလာသဖြင့်ဝယ်ယူရခက်ခဲလာကြောင်း ကားဟောင်းဝယ်/ရောင်းများထံမှသိရသည်။

စလစ်ကပ်ကားများစျေးကွက်အေးနေသော်လည်းအရည်ကျိုအပ်ကားရှားပါးမှုကြောင့်စလစ်စျေးမှာကျပ် ၁၀၉ သိန်းဝန်းကျင်ပေါက်စျေးရှိနေသည်။

အပ်ကားရှားပါးလာမှုနှင့်အတူစလစ်စျေးများထပ်မံမြင့်တက်လာနိုင်ဖွယ်ရှိသည့်အနေအထားတို့ကြောင့်ယာဉ်  ပိုင်ရှင်များမှာရောင်းချခြင်းမပြုသဖြင့်အပ်ကားများပို၍ရှားလာခြင်းကြောင့်ဖြစ်ကြောင်းသိရသည်။

ကားစျေးနှုန်းများ

စဉ် အမျိုးအစား လိုင်စင် မော်ဒယ်နှစ် ကျပ်သိန်းပေါင်း
၁ Nissan Juke MDY 2011 310
၂ Honda Fit ယာယီ 2011 190
၃ Toyota Vitz ယာယီ 2012 190
၄ Toyota Wish ယာယီ 2003 350
၅ Honda Insight MDY 2011 210
၆ Toyota Probox BGO 2012 155
၇ Toyota Vanguard ယာယီ 2011 570
၈ Toyota Crown YGN 2003 240
၉ Suzuki Swift MDY 2012 168
၁၀ Toyota Hilux Vigo MDY 2012 300

 

Read 3261 times