တစ်ပတ်အတွင်းကားဈေးကွက်အခြေအနေသုံးသပ်ချက်နှင့်ကားဈေးနှုန်းများ


 

တစ်ပတ်အတွင်းကားဈေးနှုန်းများမတည်ငြိမ်သကဲ့သို့ဈေးကွက်အခြေအနေတွင်လည်း ကောင်းလိုက်၊ မကောင်းလိုက်ဖြစ်နေသည်။

ဈေးကွက်အခြေအနေအရတစ်ပတ်လောက်အရောင်းအဝယ်ကောင်းပြီးလျှင်နောက်တစ်ပတ်တွင် ပြန်အေးသွားတတ်သည်။

ဇူလိုင်လဆန်းပိုင်းကအင်ဂျင်ပါဝါ ၁၃၀၀ စီစီကားများအရောင်းအဝယ်ကောင်းခဲ့သည့်အတွက်လေလံဆွဲ ဝယ်ယူမှုများခဲ့သော်လည်းစလစ်ဈေးကျပ်သိန်း ၁၁၀ ကျော်မြင့်တက်သွားပြီးနောက်ပိုင်းတွင် ၁၃၀၀ စီစီကားများတင်သွင်းရန်မကိုက်ညီတော့သကဲ့သို့တင်သွင်းထားသည့်ရန်ကုန်လိပ်စာပေါက်ကားများမှာလည်း ဈေးမြင့်တက်သွားသဖြင့် အရောင်းအဝယ်ကပြန်လည်အေးစက်သွးခဲ့သည်။

စလစ်ဈေးမြင့်တက်သွားသည့်အရှိန်ဖြင့်နံပါတ်ထွက်ပြီးသားရန်ကုန်လိပ်စာပေါက်အင်ဂျင်ပါဝါ ၁၃၀၀ စီစီကားများလည်း ကျွဲကူးရေပါဆိုသကဲ့သို့ဈေးများလိုက်ပါမြင့်တက်သွားခဲ့သည်။

၁၃၀၀ စီစီကားများကိုဖရီးပါမစ်ဖြင့်တင်သွင်းမည်ဆိုပါက Mini One, Peugeot 2008,Volkswagen Cross Polo, Volkswagon Golf စသည့်ဥရောပကားများပါရွေးချယ်စရာရှိပြီး ယင်းကားများတင်သွင်းမည်ဆိုပါက ကျပ်သိန်း ၃၅၀ ဝန်းကျင်ကျသင့်မည်ဖြစ်ကာရန်ကုန်လိုင်စင်မရဘဲနယ်လိုင်စင်သာရရှိသောကြောင့် တင်သွင်းမှုမရှိသလောက်နည်းနေသည်။

စလစ်ဈေးကျပ်သိန်းတစ်ရာဝန်းကျင်ရှိခဲ့စဉ်ကဈေးကွက်အကြိုက် ၁၃၀၀ စီစီကားများဖြစ်သည့် Toyota Ractis, Honda Fit GK3, Honda Fit Shuttle, Honda Insight, Toyota Axio စသည့်ကားများကိုတင်သွင်းခဲ့သော်လည်းယခုတစ်ပတ်အတွင်းစလစ်ဈေးကျပ် ၁၁၄ သိန်းအထိမြင့်တက်သွားသောကြောင့် ယင်းကားများတင်သွင်းမည်ဆိုပါကကျပ်သိန်း ၂၅၀ ဝန်းကျင်ကျသင့်မည်ဖြစ်သည်။

၁၃၀၀ စီစီညာမောင်းကားများတင်သွင်းပြီးပြန်လည်ရောင်းချရာတွင်လည်းအပြင်ဝယ်လက်ထက် ဝယ်/ရောင်းအချင်းချင်းသာအမြတ်နည်းနည်းဖြင့်ပြန်ပြီးအရောင်းအဝယ်ပြုလုပ်နေကြောင်းသိရသည်။

ဈေးကွက်ထဲတွင် ၁၃၀၀ စီစီကားများပစ္စည်းပြတ်သွားပြီးနောက်ပိုင်းကားအရောင်းစင်တာက တင်သွင်းထားသည့်ကားလေးများအရောင်းအဝယ်ပိုဖြစ်သွားပါသည်။

ပြီးခဲ့သည့်နှစ်မကုန်ခင်တွင်ကားအရောင်းစင်တာများက ၁၃၀၀ စီစီကားများကိုတစ်မျိုးချင်းစီအစီးနှစ်ဆယ်ကျော် တင်သွင်းထားကြပြီး ဈေးကွက်အကြိုက်ဖြစ်သည့် Honda Insight, Honda Fit GK3, Honda Fit Shuttle, Toyota Axio များပဲအရောင်းအဝယ်ဖြစ်သည့်အတွက် Probox,Vitz, Belta ဆိုလျှင် ရောင်းရန်ကားများအများကြီးရှိပါသေးသည်။

ယင်းလက်ကျန်ကားများကိုပါမစ်ဈေးနှင့်တွက်ကြည့်ပါကမကိုက်တော့ပါဘူး။

ဥပမာ Belta နှင့် GK3 ကဂျပန်တွင်ဝယ်သည့်ဈေးချင်းတူသော်လည်းယခုအချိန်တွင် Belta ကိုသိန်း ၂၁၀ ဝန်းကျင်မနည်းရောင်းရပြီး GK3 ကသိန်း ၂၄၀ ဝန်းကျင်နှင့်အရောင်းအဝယ်ဖြစ်နေပါသည်။

 

စဉ် အမျိုးအစား လိုင်စင် မော်ဒယ်နှစ် သိန်းပေါင်း
၁ Honda Fit ယာယီ 2012 215
၂ Toyota Wish YGN 2004 302
၃ Toyota Kluger YGN 2004 360
၄ Toyota Vitz ယာယီ 2011 195
၅ Suzuki Swift ယာယီ 2011 180
၆ Honda Civic YGN 2005 230
၇ Toyota Hilux Vigo MDY 2010 280
၈ Nissan Juke MDY 2011 305
၉ Mitsubishi RVR MDY 2010 360
၁၀ Honda Insight MDY 2010 195

 

Read 4789 times