ကားဈေးကွက်အခြေအနေသုံးသပ်ချက်နှင့်တစ်ပတ်အတွင်းကားဈေးနှုန်းများ


 

မူဝါဒများ မတည်ငြိမ်သေးသရွေ့၊ မော်တော်ယာဉ်တင်သွင်းခြင်းနှင့် သက်ဆိုင်သည့် ဌာနဆိုင်ရာများက တိကျသည့်မူဝါဒများ မထုတ်ပြန်သေးသရွေ့ ကားဈေးကွက်အခြေအနေမှာ တည်ငြိမ်မှုမရှိဘဲ အတက်၊ အကျ ဖြစ်ပေါ်နေဦးမည်ဖြစ်သည်။

မူဝါဒတစ်ခုအပေါ်မှာ အခြေခံပြီး အပြောင်းအလဲပြုလုပ်နေရသည့် ကားဈေးကွက် အနေအထားမှာ ပေါ်လစီတွေ မငြိမ်သရွေ့ ရောင်းသူကလည်း မရောင်းရဲ၊ ဝယ်သူကလည်း မဝယ်ရဲသည့် အခြေအနေမျိုးဖြစ်နေသည်။

မူဝါဒများ မတည်ငြိမ်သေးသည့်အချိန်တွင်တစ်ပိုင်တစ်နိုင် ကားဝယ်/ရောင်း အများစုမှာ စွန့်စား၍ ကားမတင်သွင်းကြတော့ဘဲ ဈေးကွက်အတွင်းရှိ နံပါတ်ထွက်ပြီး ကားများကိုသာ ရှာဖွေပြီး အမြတ်နည်းနည်းနှင့် အရောင်းအဝယ်ပြုလုပ်နေရသည်။

နယ်ကားများမှာမူ ဝယ်လိုအား တဖြည်းဖြည်း နည်းသွားသောကြောင့် ဈေးတန်းတစ်ခုတွင် ရပ်တန့်နေပြီး ရန်ကုန်လိပ်စာပေါက်နံပါတ်ထွက်ပြီး ကားများသာ ဈေးကွက်ကို ဆက်လက်ဦးဆောင်နေကြောင်း ကားတင်သွင်းသူများကဆိုသည်။

ယာဉ်ရောင်းဝယ်ရေးစခန်းများတွင် မျှော်မှန်းထားသလောက် မဟုတ်သော်လည်း ပုံမှန်အရောင်းအဝယ်ဖြစ် ကြောင်း သိရသည်။

ကားသစ်များ အရောင်းအဝယ်အဖြစ် နည်းနေချိန်တွင် နံပါတ်နိမ့် ကားဟောင်းလေးများမှာ ဈေးကွက်အတွင်း ပိုမိုအရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။

ကားတင်သွင်းခွင့်မူဝါဒများ အပြောင်းအလဲရှိနိုင်သောကြောင့် ကားဈေးတက်ရိပ်ပြနေချိန်တွင် ကျပ်သိန်းနှစ်ရာအောက် နံပါတ်နိမ့်ကားဟောင်းလေးများနှင့် လုပ်ငန်းသုံး တက္ကစီများ အရောင်းအဝယ်ဖြစ်နေသည်။

စလစ်ဈေးကွက်အတွင်းသို့ ဘတ်စ်စလစ်များ ဝင်ရောက်လာသော်လည်း စလစ်အရေအတွက်နှင့် အပ်ကားအရေအတွက် မမျှသောကြောင့် စလစ်ဈေးမှာ ကျပ်သိန်းတစ်ရာဝန်းကျင်တွင် ရပ်တန့်နေသည်။

ထို့ပြင် အငှားယာဉ်များအပ်နှံရာတွင် ယခင်က လုပ်ငန်းလိုင်စင် နှစ် ကန့်သတ်ချက်မရှိဘဲ အပ်နှံခွင့်ပေးခဲ့ရာမှ ယခုအခါ “ဂ” လိုင်စင်ရယူပြီးချိန်မှစ၍ လုပ်ငန်းလိုင်စင် ၂ နှစ်ပြည့်ပြီးမှသာ ယာဉ်အို၊ ယာဉ်ဟောင်း အပ်နှံခွင့်ပေးမည်ဟု ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ကြေညာခဲ့သည်။

ထိုသို့ အငှားယာဉ်အပ်နှံမှုအပေါ် နှစ်ကန့်သတ်လိုက်ခြင်းနှင့် အပ်ကားရှားပါးနေခြင်းတို့ကြောင့် တက္ကစီစလစ်ဈေးမှာ တဖြည်းဖြည်းမြင့်တက်သွားပြီး ယခုရက်ပိုင်းအတွင်း ကျပ်သိန်း ၁၁၀ အထိ ပေါက်ဈေးရှိသွားခဲ့သည်။

စဉ် ကားအမျိုးအစား မိုဒယ် ဈေးနှုန်း
၁ Honda Fit 2012 170
၂ Toyota Vitz 2011 155
၃ Honda Civic 2005 230
၎ Toyota Mark X 2006 370
၅ Honda Insight 2012 210
၆ Toyota Vanguard 2008 500
၇ Toyota Probox Taxi 2009 145
၈ Toyota Ractis 2011 178
၉ Toyota RAV4 2008 350
၁၀ Daihatsu Hijet 2007 105

 

Read 3599 times