တစ်ပတ်အတွင်းအရောင်းရဆုံးကားများနှင့်ကားဈေးကွက်အခြေအနေ


 

ားဈေးကွက်အခြေအနေသည်မူဝါဒထုတ်ပြန်မှုတို့အပေါ်မူတည်ပြီး အပြောင်းအလဲဖြစ်ပေါ်နေရာ ယခုတစ်ပတ်အတွင်းကုမ္ပဏီလိုင်စင်ဖြင့် တင်သွင်းသောလိုက်ထရပ်၊ ပစ်ကပ်များကိုတစ်လလျှင် တစ်စီးသာတင်သွင်းခွင့်ပြုမည်ဆိုသော်ကြောင့် အင်ဂျင်ပါဝါ ၆၆၀ စီစီကားလေးများ၏ ဈေးကွက်သည်ရုတ်တရက် အပြောင်းအလဲဖြစ်ပေါ်သွားခဲ့သည်။

ယခင်ကုမ္ပဏီပါမစ်ဖြင့်လုပ်ငန်းသုံးကားများဖြစ်သည့် လိုက်ထရပ်၊ ပစ်ကပ်များကိုပါမစ်တစ်ကြိမ်လျှောက်ပါက ၁၀ စီးခွင့်ပြုခဲ့ရာပါမစ်တစ်စောင်လျှင်တစ်စီးသာခွင့်ပြုခဲ့သည်။

ယခုအခါကုမ္ပဏီလိုင်စင်ဖြင့်လုပ်ငန်းသုံးယာဉ်တင်သွင်းမှုကိုလျှော့ချလိုသောကြောင့်တစ်လလျှင်ကားတစ်စီးသာ တင်သွင်းခွင့်ရမည်ဟုမူဝါဒကိုပြောင်းလဲချမှတ်လိုက်သည်။

ယင်းသို့ကုမ္ပဏီအမည်ပေါက်ဖြင့် ပစ်ကပ်တင်သွင်းမှုကိုထိန်းချုပ်လိုက်သောကြောင့်ကုမ္ပဏီအမည်ပေါက် ၆၆၀ စီစီမီနီထရပ်လေးများမှာရက်ပိုင်းအတွင်းကျပ်ခုနှစ်သိန်းမှ ၁၀ သိန်းဝန်းကျင်အထိဈေးမြင့်တက်သွားခဲ့သည်။

ပေါ်လစီအပေါ်မူတည်ပြီး ကားအရောင်းအဝယ်နှင့်ဈေးကွက်အခြေအနေတို့ပြောင်းလဲနေရာကုမ္ပဏီအမည် ပေါက်ပစ်ကပ်တင်သွင်းမှုကို ထိန်းချုပ်လိုက်သောကြောင့် အဝယ်အများစုမှာဈေးတက်တော့မည်အထင်ဖြင့် ယင်းကားလေးများကိုဝယ်ယူလာကြသောကြောင့် အင်ဂျင်ပါဝါ ၆၆၀ စီစီမီနီထရပ်များ၏ ဈေးကွက်သည် ပြန်လည်လှုပ်ခတ်လာခဲ့သည်။

လိုက်ထရပ်၊ပစ်ကပ်တင်သွင်းသည့်မူဝါဒအပြောင်းအလဲကြောင့်အင်ဂျင်ပါဝါ ၆၆၀ စီစီ မီနီထရပ်ပါမစ်ဈေးမှာကျပ်ငါးသိန်းကျော်မြင့်တက်သွားခဲ့သည်။

ယခုလပထမပတ်တွင် ၆၆၀ စီစီမီနီထရပ်ပါမစ်တစ်စောင်လျှင် ကျပ် ၁၈၀,၀၀၀ ဝန်းကျင်သာပေါက်ဈေးရှိခဲ့သော်လည်း မူဝါဒအပြောင်းအလဲဖြစ်ပေါ်ခဲ့ပြီး နောက်ပိုင်းတွင်ကျပ် ခုနှစ်သိန်းအထိဈေးမြင့်တက်သွားခဲ့သည်။

ဈေးကျလျှင်အဝယ်မရှိ၍ အရောင်းအဝယ်အေးပြီး ဈေးတက်မှအဝယ်လိုက်သည့်ကားဈေးကွက်သဘောအရ ယခုရက်ပိုင်းအတွင်း ၆၆၀ စီစီမီနီထရပ်များသိသိသာသာအဝယ်လိုက်နေကြောင်းသိရသည်။

စဉ် ကားအမျိုးအစား နံပါတ် မိုဒယ် ဈေးနှုန်း
၁။ Honda Fit BGO 2010 150
၂။ Toyota Probox BGO 2011 138
၃။ Toyota Vitz MDY 2011 147
၎။ Toyota MarkII YGN 2000 145
၅။ Honda Insight ယာယီ 2011 205
၆။ Toyota Alphard YGN 2003 340
၇။ Toyota Hilux Vigo MDY 2013 280
၈။ Toyota wish YGN 2007 273
၉။ Toyota Hilux Surf YGN 2004 420
၁၀။ Nissan March YGN 2008 100

 Source:Automobile Journal

Read 22209 times