တစ်ပတ်တာ ရန်ကုန်ကားဈေးကွက် အခြေအနေ တင်ပြအပ်ပါတယ်။
မတ်လ နောက်ဆုံးပတ်တွင် နယ်အဝယ်တချို့ ပြန်ဆင်းလာ၍ ကားအရောင်းအဝယ် ပြန်ပြီးလှုတ်လာသော်လည်း စလစ်ဈေးများ မြင့်တက်နေသည့်အတွက် စတိနံပါတ်ကားများထက် နံပါတ်ထွက်ပြီးသား ကားများသာ အရောင်းအဝယ် ဖြစ်နေပါတယ်။
ကျပ်သိန်း နှစ်ရာ ဝန်ကျင်ငး ၁၃ဝဝ စီစီကားများ အဝယ်လိုက်နေသော်လည်း ပြည်ပမှ တင်သွင်းသော Brand New ကားများ နှင့် ပြည်တွင်းထုတ် SKD ကားများမှ အရောင်းအဝယ် အေးနေပါတယ်။
YVQC စနစ်ထွက်ပေါ်မလာသေးသကဲ့သို့ အပ်ကားရှားပါးနေခြင်းကြောင့် စလစ်ဈေးများမြင့်တက်နေရာ စတိနံပါတ်ကားများမှ အရောင်းအဝယ် သိသိသာသာ အေးနေပါတယ်။
ဈေးကွက်အကြိုက် ဂျပန်ကားဟောင်းများ အရောင်းအဝယ်ဖြစ်ပြီး ရန်ကုန်လိုင်စင် နံပါတ်ထွက်ပြီးသား Honda Fit ၊ Toyota Probox ၊ Toyota Suceed ၊ Toyora Vitz ၊ Toyota Belta ၊ Toyota Fieder ၊ Toyota Wish ၊ Tpypta Kluger တို့ အရောင်းအဝယ် ဖြစ်နေပါတယ်။
ကညန မှ နံပါတ် ထုတ်ပေးမှု စာရင်းများအရ 5Q/3485 နှင့် HH/4005 သို့ ရောက်ရှိ နေပြီး ဖြစ်ပါတယ်။