တစ်ပတ်အတွင်းကားဈေးကွက်အခြေအနေနှင့်ကားဈေးနှုန်းများ


 

လာမည့်နှစ်မှစ၍ဘယ်မောင်းကားတစ်မျိုးတည်းကိုသာတင်သွင်းရမည်ဟုသတင်းများထွက်ပေါ်လာပြီးနောက် ပိုင်းတွင်စလစ်ကပ်ကားတင်သွင်းမှုများလာသကဲ့သို့ရန်ကုန်လိုင်စင်ဖြင့်အင်ဂျင်ပါဝါ ၁၃၀၀ စီစီကားများလည်းတင်သွင်းမှုရှိလာခဲ့သည်။

ယခုလအတွင်းကားဈေးနှုန်းများတည်ငြိမ်နေခြင်းကြောင့်လည်းအရောင်းအဝယ်ပြန်လည်လည်ပတ်လာကြောင်း သိရသည်။

ယာဉ်ရောင်းဝယ်ရေးစခန်းများတွင်နယ်လိုင်စင်စတိနံပါတ်ကားများအဝယ်လိုက်နေသကဲ့သို့ ကားအရောင်းစင်တာများတွင်လည်းConsignment လက်ကျန် ၁၃၀၀ စီစီကားများအရောင်းအဝယ် ဖြစ်နေကြောင်းသိရသည်။

ယခုလအတွင်းကားဈေးများမာနေသော်လည်းအရောင်းအဝယ်ပုံမှန်ဖြစ်နေပြီး မိုးတွင်းကာလဖြစ်သောကြောင့် 4WD ကားများအရောင်းအဝယ်ဖြစ်ကြောင်းသိရသည်။

အင်ဂျင်ပါဝါ ၁၃၀၀ စီစီကားများထဲတွင်စတိနံပါတ် Toyota Axio, Honda fit shuttle, Honda Fit GG3 ကားများအရောင်းအဝယ်ဖြစ်နေသကဲ့သို့ ရန်ကုန်လိပ်စာပေါက်နံပါတ်ထွက်ပြီးသားကားများထဲတွင်လည်း Honda Fit, Toyota Belta, Toyota Probox များအရောင်းအဝယ်ဖြစ်နေသည်။

တက္ကစီကားများထဲတွင် Toyota fielder နှင့် Toyota Probox ကားများအရောင်းအဝယ်ဖြစ်နေကြောင်းသိရသည်။

ကားအရောင်းစင်တာများမှတင်သွင်းထားသည့် ၂၀၀၆ မိုဒယ်အောက် Consignment ကားများကိုစလစ်အစားထိုး ကျပ်သိန်း ၃၀/၆၀ဖြင့်ဝယ်ယူခွင့်ပါမစ်လျှောက်ရန်အတွက် ကညနမှငွေသွင်းခြင်းကို လက်ခံဆောင်ရွက်နေပြီဖြစ်သော်လည်းမှတ်ပုံတင်ပြုလုပ်မည့်အစီးရေနည်းသောကြောင့် နယ်လိုင်စင်ကားများကို ပါမစ်လျှောက်ခွင့်ပေးရန်ကားအရောင်းစင်တာများထံစာရင်းကောက်ယူရာတွင် လက်ကျန်ကားအစီး ၁၀၃၀ ရှိသော်လည်းမှတ်ပုံတင်ပြုလုပ်နိုင်ချေရှိသည့် ကားအရေအတွက်မှာအစီးနှစ်ရာ ဝန်းကျင်သာရှိကြောင်းကားတင်သွင်းသူများကခန့်မှန်းထားကြသည်။

စဉ် ကားအမျိုးအစား နံပါတ် မိုဒယ် ဈေးနှုန်း
၁ Toyota Axio YGN 2013 260
၂ Toyota Crown YGN 2003 235
၃ Honda Civic YGN 2009 210
၎ Honda Fit ယာယီ 2011 200
၅ Mazda Demio ယာယီ 2011 170
၆ Toyota Probox BGO 2013 155
၇ Suzuki Carry Truck MDY 2006 105
၈ Honda Insight MDY 2010 198
၉ Toyota Vitz ယာယီ 2012 185
၁၀ Toyota Alphard ယာယီ 2003 340
Read 4785 times