တစ်ပတ်တာ ရန်ကုန်ကားဈေးကွက် အခြေအနေ


တက္ကသိုလ်ဝင် စာမေးပွဲများ ဖြေဆိုပြီးဖြစ်၍ ခရီးသွားလာသူများနေပြီး နယ်အဝယ်လည်း အဆင်းနည်းသွားသောကြောင့် ကားဈေးကွက်က အနည်းငယ် ငြိမ်သက်သွားပါတယ်။ ရန်ကုန်လိုင်စင် ၁၃ဝဝ စီစီ ရောင်းကားရှားနေချိန်တွင် ဈေးကွက်အကြိုက်ဖြစ်သည့် Honada fit ၊ Fit Shuttle ၊ Toyota Fit K3 တို့မှာ တက်ဈေးဖြင့်အရောင်း အဝယ်ဖြစ်နေပါတယ်။ YVQC စနစ် ထွက်ပေါ်မလာသေးခြင်း နှင့် အပ်ကားရှားပါးနေခြင်းကြောင့်လည်း စလစ်ဈေးများ အတက်ဘက်သို့ ဦးတည်သွားပြီး Consignment လက်ကျန်ကားများနှင့် ကားသစ်ဈေးကွက်မှာ ဆက်ပြီး အေးစက်နေပါတယ်။ 

မတ်လ ပထမပတ်က ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် နှင့် ဥရောပကုန်သည်ကြီးများအသင်းတို့ တွေ့ဆုံခဲ့စဉ် ဝန်ကြီးချုပ်က YVQC စနစ်ဖြင့် ရန်ကုန်လိုင်စင် ပြန်လည်ခွင့်ပြုရန် စီစဉ်နေပြီး ပြည်တွင်းထုတ်ကားများကို ဦးစားပေးကာ နှုန်းထားများကိုလည်း မှုကြမ်းပါအတိုင်း ခွင့်ပြုပေးနိုင်ရန် ဆောင်ရွက်နေတယ်လို့ ပြောကြားခဲ့ပါတယ်။

သို့သော် မတ်လ တတိယအပတ်အထိတိုင် YVQC စနစ် ထွက်ပေါ်လာခြင်း မရှိ၍ ရန်ကုန်လိုင်စင်ရယူမည် Brand New ကားသစ်များအတွက် စလစ်လိုအပ်ချက်ရှိနေရာ စလစ်ဈေးများမှာ အတက်ဘက်ကို ဦးတည်သွားခဲ့ပါတယ်။

ကညန မှ နံပါတ် ထုတ်ပေးမှု စာရင်းများအရ 5Q/4003 သို့ ရောက်ရှိနေပြီ ဖြစ်ပါတယ်။

Read 838 times