1.3.2019 မှ 7.3.2019 အတွင်း ယာဉ်ရောင်းဝယ်ရေးစခန်းများမှ အရောင်းရဆုံးကားများကို ဖော်ပြပေးလိုက်ပါတယ်။
ယခုလအတွင်း ကျပ်သိန်း နှစ်ရာဝန်းကျင် ၁၃၀၀ စီစီ ကားများ အဝယ်လိုက်နေသော်လည်း ပြည်ပမှ တင်သွင်းသော Brand New ကားများနှင့် ပြည်တွင်းထုတ် SKD ကားများမှာ အရောင်းအဝယ် အေးနေပါတယ်။
ပြည်တွင်း၌ SKD စနစ်ဖြင့် တပ်ဆင်ထုတ်လုပ်သည့် ကားများမှာ ဒေါ်လာဈေး ပြန်ကျသွားသော်လည်း ဈေးပြန်မချပေးသောကြောင့် အရောင်းအဝယ်အေးနေသလို ပြည်ပမှ တင်သွင်းသည့် Brand New ကားများလည်း ရန်ကုန်လိုင်စင်ခွင့်မပြုပေးသဖြင့် အရောင်းအဝယ် အေးနေပါတယ်။ ဈေးကွက်အကြိုက် ဂျပန်ညာမောင်းကားဟောင်းများသာ အရောင်အဝယ်ဖြစ်နေပြီး ရန်ကုန်လိုင်စင် ရန်ကုန်လိုင်စင်ထွက်ပြီးကားများမှာ အဝယ်ပိုများနေပါတယ်။ အမြင့်ကားဈေးကွက်တွင် Toyota Vanguard ၊ Toyota Kluger ၊ Toyota Harrier ၊ Toyota Land Cruiser တို့မှာ တစ်စီးစ ၊ နှစ်စီးစသာ အရောင်းအဝယ်ဖြစ်ပြီး စတိအက္ခရာထက် နံပါတ်ထွက်ပြီးသား ကားများကိုသာ ရွေးချယ်ဝယ်ယူနေပါတယ်။
ကညနမှ နံပါတ်ထုတ်ပေးမှု 4Q/9420 နှင့် HH/3999 သို့ရောက်ရှိနေပြီဖြစ်ကြောင်းသိရပါတယ်။
Source;Automobile Journal